ရန်ကုန် – စက်တင်ဘာ(၂၁)

ဒီနေ့ စက်တင်ဘာလ(၂၁) ရက်နေ့ နေ့လည်ပိုင်းက ရန်ကုန်တော်လှန်လူငယ်တွေကဦးဆောင်ပြီး အာဏာရှင်တွေ သက်ဆိုးရှည်နေသ၍ဘယ်တော့မှမငြိမ်းချမ်းဘူး ဆိုတဲ့ ခေါင်းစဉ်နဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေးဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။

ကမ္ဘာ့ငြိမ်းချမ်းရေးနေ့မှာ စစ်တပ်က အကြမ်းဖက်နည်းမျိုးစုံနဲ့ နေ့စဉ်အကြမ်းဖက်မှုတွေ ကျူးလွန် နေတဲ့အတွက် မြန်မာပြည်မှာ မငြိမ်ချမ်းနေတာကို ကမ္ဘာ့နိုင်ငံအရပ်ရပ်ကို သိစေလိုတာဖြစ်ပြီး မြန်မာပြည်သူလူထုတစ်ရပါလုံးအနေနဲ့ ငြိမ်းချမ်းမှုစစ်စစ်ရယူဖို့အတွက် အာဏာရှင်စနစ်ကို အမြစ်ဖြတ်မှရမယ်ဆိုတာ အသိပေးတာဖြစ်တယ်လို့ ဆိုထားပါတယ်။

ရန်ကုန်မှာ အခြေပြုလှုပ်ရှားနေတဲ့ တော်လှန်လူငယ်တွေဟာ အာဏာရှင်ကို အသွေးအသားထဲက ရွံမုန်းနေတဲ့အတွက် နေ့စဉ်တော်လှန်တိုက်ပွဲဝင်နေကြတာဖြစ်တယ်လို့ ဖော်ပြထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – Yangon Revolution Force – YRF

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.