ကွာလာလမ်ပူ ၊ စက်တင်ဘာ (၂၀) 

မလေးရှားနိုင်ငံ မြောက်ပိုင်း ပီရက်ပြည်နယ်၊ ကီရီယန်ခရိုင်ဒေသန္တရအတွင်းမှာရှိတဲ့ စီးပွားဖြစ်မွေးမြူနေတဲ့ ဝက်ခြံတွေမှာ အာဖရိ က ဝက်တုပ်ကွေး ရောဂါကူးစက်ပျံ့နှံံ့နေတယ်လို့ မလေးရှားတိရစ္ဆာန်မွေးမြူရေးနှင့် ကုသရေး ဦးစီးဌာနက ပြောပါတယ်။

ဝက်တုပ်ကွေးရောဂါ ကူးစက်နေမှု အကြောင်းကို စက်တင်ဘာလ ၁၇ ရက်နေ့နဲ့ ၁၈ရက်နေ့အတွင်းမှာ ပြောကြားခဲ့တာ ဖြစ်ပြီး ဒီသတင်းကို ဒေသအခြေစိုက် ဘာနားမာသတင်း အေဂျင်စီကလည်း ယမန်နေ့က အစီရင်ခံထားတာပါ။

မလေးရှားတိ၊ကု သုတေသန အင်စတီကျုက PCR နည်းလမ်းနဲ့ စစ်ဆေးရာမှတဆင့် ဝက်တုပ်ကွေးရောဂါဖြစ်ပွားနေတဲ့ အကြောင်း ကို အတည်ပြုထားနိုင်ခဲ့တာလည်း ဖြစ်ပါတယ်။ 

ဘာနားမားရဲ့ သတင်းအစီရင်ခံချက်အရ  ဝက်မွေးမြူရေးခြံနှစ်ခုမှာရှိတဲ့  ဝက်ကောင်ရေ တစ်ချို့ကို ချက်ချင်းသုတ်သင်ထားခဲ့ပြီး အဲဒီခြံတွေက ဝက်တွေကို ပို့ဆောင်သယ်ယူသွားတဲ့ ယာဉ်တွေကိုလည်း  ခြေရာခံလိုက်နေကြောင်း တိကုဦးစီးဌာနမှ ပြောကြား ထားတယ်လို့ သိရပါတယ်။

ကူးစက်ရောဂါစတင်တွေ့ရှိတဲ့ မွေးမြူရေးခြံတွေကို ချိတ်ပိတ်ထားသလို ဝက်တွေကို သယ်ယူတာနဲ့ သယ်ဆောင်တဲ့ ယာဉ် တွေကို  ကန့်သတ်ထားပြီး စောင့်ကြည့်တာတွေ လုပ်နေကြောင်း၊ ဆေးဘက်ဆိုင်ရာ စုံစမ်းစစ်ဆေးမှုများပြုလုပ်ခြင်းနဲ့ မွေးမြူရေးခြံတွေတည်ရှိတဲ့ ပတ်ဝန်ကျင်းအတွင်း (ကူးစက်ရောဂါနှင့်ဆက်စပ်သော) ဓါတ်ခွဲနမူနာများစုဆောင်းခြင်းကို ဆောင်ရွက်လျှက်ရှိတယ်လို့လည်း ပြောကြားထားပါတယ်။

“ပီရက်ပြည်နယ် တိကုဝန်ဆောင်မှုဦးစီးဌာန၊ ကီရီယန်ခရိုင်အဆင့်  တိကုဌာနတွေက  ခရိုင်ရုံးရဲ့ ပူးပေါင်းပါဝင်မှုနှင့်အတူ လုပ်ငန်းစဉ်များကို အသက်သွင်းလုပ်ဆောင်ထားနိုင်ပြီ”လို့ ထုတ်ပြန်ချက်မှာ ပါရှိပါတယ်။ 

သက်ဆိုင်ရာ အာဏာပိုင်တွေရဲ့ ပြောကြားချက်အရ အာဖရိကဝက်တုတ်ကွေးရောဂါ ပျံ့နှံ့ကူးစက်မှု ကို ထိန်းချုပ်ထားနိုင်ပြီး ကူးစက်ရောဂါဟာ ကီရီယန်ခရိုင်အတွင်းမှာ ဖြစ်ပွားခဲ့တာလို့ ဆိုပါတယ်။

ထုတ်ပြန်ချက်တွေအရ မလေးရှားနိုင်ငံ မြောက်ပိုင်းမှာ အခုလက်ရှိတွေ့ရှိရတဲ့  ဝက်တုတ်ကွေးရောဂါဟာ လူအများကို ကူးစက်နိုင်တဲ့ အမျိုးအစားမဟုတ်ဘူးလို့လည်း သိရပါတယ်။

Ref:The Straits Times

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.