နယူးယော့ခ်၊ စက်တင်ဘာ (၂၁) 

အာဆီယံရဲ့ ဘုံသဘောတူညီချက် ၅ ရပ်ကို မြန်မာနိုင်ငံအနေနဲ့ လက်ရှိအချိန်အထိ အောင်မြင်အောင် ဆောင်ရွက်နိုင်ခြင်း မရှိ သေးတဲ့ အတွက် အာဆီယံအနေနဲ့ ပိုမို ကောင်းမွန်တဲ့ တစ်ခုခုဖြင့် အစားထိုးနိုင်ရန် နိုဝင်ဘာလအတွင်း ကျင်းပမယ့် အာဆီယံ နိုင်ငံခြားရေး ဝန်ကြီးများ အစည်းအဝေးမှာ ဆုံးဖြတ်ရမယ်လို့ မလေးရှားနိုင်ငံခြားရေး ဝန်ကြီးက ပြောပါတယ်။

ပြီးခဲ့တဲ့နှစ် ဖေဖော်ဝါရီလအတွင်းမှာ စစ်တပ်ဟာ ရွေးကောက်ခံ အစိုးရကို ဖြုတ်ချခဲ့ပြီး ဒေါ်အောင်ဆန်းစုကြည့်နဲ့ အခြားသော  ခေါင်းဆောင် တွေကို ဖမ်းဆီးထိန်းသိမ်းထားပြီး ဆန္ဒပြပွဲတွေကို သွေးထွက်သံယိုဖြစ်တဲ့ အထိ ဖြိုခွင်းခဲ့တာတွေကြောင့် မြန်မာ နိုင်ငံဟာ အကျပ်အတည်းထဲမှာ ကျရောက်နေဆဲ ဖြစ်နေတာပါ။

“ယခုနှစ် နိုဝင်ဘာလမှာ ကျင်းပမယ့် အာဆီယံ ထိပ်သီးအစည်းအဝေးကြားမှာ ဘုံသ‌ဘောတူညီချက် ၅ ရပ်ဟာ သင့်လျှော် မှုရှိ၊မရှိ ပြန်သုံးသပ်ပြီးတော့  ပိုမိုကောင်းမွန်တဲ့ တစ်ခုခုနဲ့ အစားထိုးသင့်တယ်ဆိုတာကို အလေးအနက် သုံးသပ်ရပါမယ်။ နိုဝင်ဘာလမှာ တွေ့ကြရင်ဖြင့် ဒီမေးခွန်းကို မေးရမှာဖြစ်ပြီး အဲဒီ့အချိန်အတွင်းမှာ အဖြေရှိနေဖို့လည်း လိုပါတယ်တယ်” လို့ မလေးရှား နိုင်ငံခြားရေး အက်ဘ်ဒူလာ က ပြောကြားခဲ့ပါတယ်။

အဖွဲ့ဝင် ၁၅ ဦးပါဝင်တဲ့ လုံခြုံရေးကောင်စီအနေဖြင့်လည်း မြန်မာပြည်သူတွေအတွက် အရှုံးမပေးဘူးလို့ မျှော်လင့်ပါကြောင်း မလေးဝန်ကြီးချုပ်က ကုလညီလာခံနဲ့ ဆက်စပ်ကျင်းပသော အစည်းအဝေးများအပြီးတွင် သတင်းထောက်များကို ပြောကြားခဲ့ပါတယ်။

မြန်မာနိုင်ငံအတွင်းရှိ အကြမ်းဖက်မှုအားလုံးကို ရပ်တန့်ပေးရန် တောင်းဆိုမယ့် ဗြိတိန်မှ ရေးဆွဲထားသော ဆုံးဖြတ်ချက်ကို ကုလလုံခြုံရေးကောင်စီဘက်က  စဉ်းစားနေပြီး လက်နက်လွှဲပြောင်းမှုကို ချက်ချင်းရပ်တန့်ဖို့နှင့် အခြားသောပိတ်ဆို့အရေး ယူမှုများလည်း ပါဝင်ဖို့ ရှိနေပါတယ်။

ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသားများ အားလုံးကို လွှတ်ပေးရန်၊ အာဆီယံ ငြိမ်းချမ်းရေး အစီအစဉ်ကို အကောင်အထည်ဖော်ရန်၊ ဒီမိုကရေစီ အသွင်ကူးပြောင်းမှုကို ခွင့်ပြုရန် မြန်မာ စစ်အစိုးရကိုလည်း တောင်းဆိုထားတာပါ။

ဒါပေမယ့်  တရုတ်နဲ့ ရုရှားတို့ကတော့ မြန်မာနိုင်ငံကို ပြင်းထန်တဲ့ အရေးယူမှုတွေကနေ အကာအကွယ်ပေးနိုင်တယ်လို့ သံတမန်တွေက  ပြောကြားထားပေမယ့်လည်း မြန်မာနိုင်ငံနဲ့ ပတ်သက်ပြီး လုံခြုံရေးကောင်စီဟာ နှစ်ခြမ်းကွဲနေသလို ဗြိတိန်ရဲ့ ဆုံးဖြတ်ချက်မူကြမ်းအတွက် စေ့စပ်ညှိနှိုင်းမှုတွေကလည်း အချိန်အနည်းငယ်ကြာဖွယ်ရှိနေတာပဲ ဖြစ်ပါတယ်။

Ref:CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.