မော်လမြိုင် – စက်တင်ဘာ(၂၁)

အကြမ်းဖက်စစ်ကောင်စီကို မြစ်ဖြုတ်ဖို့အားလုံးဝိုင်းဝန်းကြိုးစားပေးဖို့လိုပြီး မတူကွဲပြားမှုတွေ များ တဲ့ မြန်မာနိုင်ငံမှာ အားလုံးတူဖို့မဖြစ်နိုင်ပေမယ့် ဆိုးဝါးလွန်းတဲ့ အကြမ်းဖက်အာဏာရူးတွေကို အမြစ်ဖြတ်ရမယ့် ကိစ္စက အားလုံးတူညီတဲ့ အချက်ဖြစ်တယ်လို့ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း က ပြောပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရ (၆၈) ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးမှာ ဝန်ကြီးချုပ်မန်းဝင်း ခိုင်သန်းက အခုလို ပြောဆိုခဲ့တာပါ။

“ဆိုးဝါးလွန်းတဲ့ အကြမ်းဖက် အာဏာရူးတွေကို အမြစ်ဖြတ်ရ မယ်ဆိုတဲ့ ကိစ္စကတော့ ကျွန်တော်တို့ အားလုံးရဲ့ တူညီတဲ့အချက်တစ်ခု ဖြစ်နေတယ်ဆိုတာကို ခေါင်း ဆောင်တွေနဲ့ တိုင်ပင်ညှိနှိုင်း ဆွေး နွေး ကြတဲ့အခါတိုင်း ဒီသဘောတရားကို နားလည်ခံစားမိကြပါတယ်” လို့ အမျိုးသားညီညွတ်ရေး အစိုးရ ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်းက ပြောပါတယ်။

ဒါ့အပြင် NUG မှာ တာဝန်ထမ်ဆောင်နေတဲ့ ဝန်ကြီးတွေအနေနဲ့ လုပ်ဆောင်သင့်တဲ့ အရာတွေကို အလျင်အမြန်အကောင်အထည်ဆောင်ရွက်ပေးကြဖို့ တိုက်တွန်းထားပြီး တော်လှန်ရေးကာလဟာ အချိန်ခဏအတွင်း အများကြီးအပြောင်းအလဲဖြစ်သွားနိုင်တယ်လို့ သူက ပြောပါသေးတယ်။

ကြားကာလဒေသန္တရ ပြည်သူ့အုပ်ချုပ်ရေးဖော်ဆောင်မှု ဗဟိုကော်မတီက ပြုလုပ်တဲ့ အစည်းအဝေး တွေက အရေးကြီးပြီး အတိုင်ပင်ခံကောင်စီတွေနဲ့တွေ့တာ၊လွှတ်တော်ကိုယ်စားပြုကော်မတီတွေနဲ့ တွေ့တာ၊ မြေပြင်တိုက်ရိုက်တွေ့ဆုံရတဲ့ “က”သုံးလုံ အစည်းအဝေးတွေပြုလုပ်တာတွေမှာ ဝန်ကြီးဌာန တွေရဲ့ ဝန်ကြီးဒုဝန်ကြီးတွေ တက်ရောက်ပေးဖို့လိုတယ်လို့ အစည်းအဝေးမှာ ဝန်ကြီးချုပ်က တိုက်တွန်း ခဲ့ပါတယ်။

အစည်းအဝေးမှာ ကာကွယ်ရေးဝန်ကြီးဌာနက ပြည်သူ့ရင်ခွင်ခိုလှုံမှုကော်မတီနဲ့ ပတ်သက်ပြီး ကာကွယ်ရေးဝန်ကြီးဌာနက အရှိန်မြင့်ဆောင်ရွက်မယ့် ကိစ္စတွေ တင်ပြတာ၊အမျိုးသမီး လူငယ်နဲ့ ကလေးသူငယ်ဝန်ကြီးဌာနကCEDAW အမျိုးသမီးတွေအပေါ် နည်းမျိုးစုံနဲ့ ခွဲခြားဆက်ဆံမှုပပျောက် ရေးဆိုင်ရာ နိုင်ငံတကာသဘောတူစာချုပ်အကြောင်းတွေဆွေးနွေးခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.