မော်လမြိုင်၊ စက်တင်ဘာ ၂၁

ပရီးမီးယားလိဂ်ကလပ်အသင်း အာဆင်နယ်အသင်းရဲ့ အဓိက ကစားသမား ၃ ဦး ဖြစ်တဲ့ တိုက်စစ်မှူး ဂျေဇူး၊ မာတီနယ်လီနဲ့ နောက်ခံလူ ဂါဘရီယယ်တို့ဟာ ဘရာဇီးလ် လက်ရွေးစင်လူစာရင်းမှာ ရွေးချယ်မခံရဘဲ ချန်လှပ်ခံခဲ့ရတာပါ။

ဘရာဇီးလ်ဘောလုံသမားတွေ ဖြစ်တဲ့ ဂျေဇူး၊ မာတီနယ်လီနဲ့ ဂါဘရီယယ်တို့ဟာ အခုရာသီမှာ အာဆင်နယ်အသင်းနဲ့အတူ ခြေစွမ်းပြကစားနေပေမယ့်လည်း လက်ရွေးစင် လူစာရင်းမှာတော့ ချန်လှပ်ခံခဲ့ရတာ ဖြစ်ပါတယ်။

တိုက်စစ်မှူး ဂျေဇူးကတော့ လက်ရွေးစင်အသင်းမှာ ရွေးချယ်မခံရတဲ့အတွက် အကောင်ဆုံး ထပ်မံ ကြိုးစားသွားမှာ ဖြစ်ကြောင်းနဲ့ နည်းပြအဖွဲ့ရဲ့ ဆုံးဖြတ်ချက်အပေါ် လေးစားတယ်လို့ ဆိုပါတယ်။

ဘရာဇီးလ်နည်းပြ တိထီကတော့ လာမယ့်အပတ်အတွင်း ကစားမယ့် နိုင်ငံတကာခြေစမ်းပွဲအတွက် မန်ယူ၊ လီဗာပူးလ်၊ မန်စီးတီး၊ PSG နဲ့ ဘာစီလိုနာက ကစားသမားအများစုကို ရွေးချယ်ထားတာ ဖြစ်ပါတယ်။

ဘရာဇီးလ်အသင်းဟာ လာမယ့် စက်တင်ဘာ ၂၄ ရက်နေ့နဲ့ ၂၈ ရက်နေ့တို့မှာ နိုင်ငံတကာခြေစမ်းပွဲအဖြစ် ဂါနာ အပါအဝင် တူနီရှားတို့နဲ့ ကစားသွားဖို့ ရှိနေတာပါ။

တိုက်စစ်မှူး ဂျေဇူးဟာ ဘရာဇီးလ်အသင်းအတွက် ၅၆ ပွဲကစားပေးထားပြီး သွင်းဂိုး ၁၉ ဂိုးထိ သွင်းယူပေးထားသလို တိုက်စစ်ကစားသမား မာတီနယ်လီက ၃ ပွဲ ကစားပေးထားပါတယ်။

သတင်း-သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.