ဘန်ကောက် – စက်တင်ဘာ(၂၁) 

ထိုင်းစစ်တပ်ရဲ့ အာဏာသိမ်းမှုများစွာထဲက အာဏာသိမ်းခံရပြီး (၁၆) နှစ်ကြာခဲ့ပြီ ဆိုပေမယ့် နောက်ကျောကို ဓားနဲ့အထိုးခံရသလိုပဲလို့ သက်ဆင်ရှင်နာဝပ်ထရာက သူ့ရဲ့ ခံစားချက်တွေနဲ့ ပတ်သက်ပြီး ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။ 

ပြီးခဲ့တဲ့ ၂၀၀၆ ခုနှစ် စက်တင်ဘာလ(၁၉) ရက်နေ့က ဝန်ကြီးချုပ်သက်ဆင် နယူးယောက်မြို့ မှာ ကုလသမဂ္ဂအထွေထွေညီလာခံကို တက်ရောက်နေချိန် စစ်တပ်အကြီးအကဲ ဗိုလ်ချုပ်ကြီး ဆွန်သီ ဘူယရတ်ဂလင်က ဦးဆောင်ပြီး အာဏာသိမ်းမှုကို လုပ်ဆောင်ခဲ့တာဖြစ်ပါတယ်။ 

“အာဏာသိမ်းမှုကို ငါ့နောက်ကွယ်မှာ ပုံဖော်ထားခဲ့ကြတာ၊ စစ်သားတွေက နောက်ကျောကို ဓားနဲ့ထိုးခဲ့တယ်” လို့ သူ့ရဲ့ ဖေ့စ်ဘုတ်လူမှုကွန်ရက်စာမျက်နှာမှာ တနင်္လာနေ့က ပြောခဲ့ပါတယ်။ 

သက်ဆင်ကို အကျင့်ပျက်ခြစားမှု၊အာဏာအလွဲသုံးစားလုပ်မှု စွဲချက်တွေနဲ့ ပတ်သက်ပြီး ရာထူးက ဖယ်ရှားပေးဖို့ တောင်းဆိုတဲ့ ရှပ်ဝါရောင်ဆန္ဒပြသူတွေရဲ့ အုံကြွမှုတွေနဲ့ ရင်ဆိုင်နေ ရချိန်မှာ အာဏာသိမ်းမှုဖြစ်ပွားခဲ့တာဖြစ်ပါတယ်။ 

အာဏာမသိမ်းခင်ကလည်း စစ်တပ်အကြီးအကဲတွေက အာဏာသိမ်းဖို့ ကြံရွယ်နေတယ်ဆိုတဲ့ ကောလဟာလတွေ ပျံ့နှံ့ခဲ့ပါသေးတယ်။ 

သက်ဆင်ဟာ အာဏာသိမ်းမှုမတိုင်ခင် လတွေမှာ ဗိုလ်ချုပ်ကြီးဆွန်သီအပါအဝင် လက်နက်ကိုင် တပ်ဖွဲ့ခေါင်းဆောင်တွေကို အစိုးရအိမ်တော်မှာ နေ့လည်စာ တည်ခင်းဧည့်ခံခဲ့သေးတယ်လို့ သိရပါတယ်။ 

“စစ်သားတွေက နိုင်ငံရေးမှာ ဝင်စွက်ဖက်မှာမဟုတ်သလို အာဏာသိမ်းမှာလည်း မဟုတ်ဘူး ဆိုတာကို အာမခံနိုင်ပါတယ်။ ကျွန်တော်တို့ ရပ်တည်ချက်က ကြားနေတယ်ဆိုတာကို ရှင်းရှင်း လင်းလင်း ပြောချင်ပါတယ်” လို့  ဗိုလ်ချုပ်ကြီး ဆွန်သီက နေ့လယ်စာစားပွဲအပြီး သတင်း ထောက်တွေကို ပြောခဲ့တာပါ။ 

ဗိုလ်ချုပ်ကြီး ဆွန်သီက အာဏာသိမ်းမှုကို ပြန််လည်အမှတ်ရခဲ့ပြီး လမ်းမတွေပေါ်မှာ စစ်သား တွေကို ပြည်သူတွေက ပန်းတွေနဲ့ ကြိုဆိုခဲ့တဲ့အတွက် အောင်မြင်မှုရှိခဲ့တယ်လို့ ပြောပေမယ့် သက်ဆင်ကတော့ အဲ့ဒီလုပ်ရပ်ဟာ ဖြုန်းတီးတာဖြစ်တယ်လို့ ဆိုခဲ့ပြီး အကျိုးဆက်အနေနဲ့ တိုင်းပြည်ဟာ ဆယ်စုနှစ်နှစ်ခုနီးပါးအတွက် အခွင့်အလမ်းတွေဆုံးရှုံးခဲ့ရတယ်လို့ တုံ့ပြန်ထား ပါတယ်။ 

ဖြုတ်ချခံရပြီးနောက် ဝန်ကြီးချုပ်သက်ဆင်ဟာ ဒူဘိုင်းမှာ အချိန်အတော်ကြာ နေထိုင်ခဲ့ပြီး “ငါ့မြေးတွေနဲ့ အချိန်ဖြုန်းဖို့နဲ့ ငါ့ရဲ့ ခန္ဓာနဲ့ ဦးနှောက်က ခွင့်ပြုထားသရွေ့ ငါ့ရဲ့ အသိပညာနဲ့ အတွေ့အကြုံတွေကို ထိုင်းလူ့အဖွဲ့အစည်းကို ဝေမျှဖို့ မကြာခင် ပြန်ဖြစ်နိုင်လိမ့်မယ်” လို့ သူက ပြောခဲ့ပါတယ်။ 

ဖြူထိုင်းပါတီက လာမယ့် ရွေးကောက်ပွဲမှာ အပြတ်အသတ်အနိုင်ရရှိဖို့ မဲဆန္ဒရှင်တွေကို ဆွဲဆောင်ဖို့အတွက် သက်ဆင်ရဲ့ ရေပန်းစားမှုကို အသုံးပြုကာ မဲဆွယ်စည်းရုံးနေပြီး ဗိုလ်ချုပ်ကြီး ပရာယွတ်ချန်အိုချာနဲ့ ပါလန်းပရာချာရတ်ပါတီတို့ကို ဖြုတ်ချနိုင်ဖို့ မျှော်လင့် နေတယ်လို့ သိရပါတယ်။ 

အစိုးရနဲ့ ဖြူထိုင်းပါတီ ဒုတိယပြောရေးဆိုခွင့်ရှိသူက လာမယ့် ရွေးကောက်ပွဲတွေမှာ သက်ဆင် အနေနဲ့ အာဏာပြန်ရဖို့ ဆက်လက်ကြိုးပမ်းနေမယ်ဆိုရင် ဖြူထိုင်းပါတီအနေနဲ့ ဖျက်သိမ်းခံရဖို့ နီးကပ်လာပြီလို့ ခြိမ်းခြောက်ပြောဆိုထားပါတယ်။ 

သက်ဆင်ဟာ ပါတီအပေါ် ဩဇာလွှမ်းမိုးဖို့ ကြိုးပမ်းနေတာဖြစ်ပြီးအဲ့ဒါဟာ နိုင်ငံရေးပါတီ အက်ဥပဒေ ကိုချိုးဖောက်တာ ဖြစ်တယ်လို့ သူမက ပြောဆိုခဲ့ပါတယ်။ 

Ref: Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.