ကော့ကရိတ်၊ စက်တင်ဘာ ၂၁

ကရင်ပြည်နယ်၊ ကော့ကရိတ်မြို့နယ်၊ ကြိတ်ကျေးရွာမှာ ရှိတဲ့ စစ်ကောင်စီခြေကုပ်စခန်းကို KNLA တပ်ရင်း (၁၈)နဲ့ ဒေါနစစ်ကြောင်း-SOG ပူးပေါင်းတပ်ဖွဲ့က တိုက်ခိုက်သိမ်းပိုက်လိုက်တယ်လို့ ကရင်အမျိုးသားအစည်းအရုံး KNU ဗဟိုက ထုတ်ပြန်ပါတယ်။

အဲဒီစစ်ကောင်စီစခန်းကို စက်တင်ဘာ ၂၀ ရက်နေ့ မွန်းလွဲ ၂ နာရီ ၂ မိနစ်အချိန်မှာ စတင်တိုက်ခိုက်ခဲ့ပြီး မွန်းလွဲ ၂ နာရီ ၁၉ မိနစ်မှာ စစ်ကောစီ ခမရ(၅၅၇) ခြေကုပ် ကြိတ်စခန်းတစ်ခုလုံးကို သိမ်းပိုက်နိုင်ခဲ့တယ်လို့ ထုတ်ပြန်ချက်မှာ ဖော်ပြပါရှိပါတယ်။

စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီတပ်ဟာ ၇ ဦး သေဆုံပြီး ဒဏ်ရာရသူ ၂ ဦးကိုလည်း ဖမ်းဆီးရမိခဲ့တယ်လို့ KNU က ဆိုထားပါတယ်။

ကြိတ်စခန်းသိမ်းတိုက်ပွဲမှာ စစ်ကောင်စီထံကနေ MA ကျည်ဘောက်- 17၊ 9MM-44၊ 16 ကျည်ဘောက်- 4၊ sinper ကျဉ်ဘောက်-3၊ 60MM-12၊ 73MM-11၊ အီနာဂါ-1၊ 40MM-10၊ BA109 လက်ပစ်ဗုံး- 2၊ 73ယမ်းတောင့် -5၊ စက်လက်ကျည်-229၊ AKကျည်ဘောက်ဝိုင်း- 1၊ စကားပြောစက်- 2၊ ဖုန်း-3၊ ကပစ 5.56- 2223၊ စိန်ပြောင်းချိန်သီး- 1၊ MA5 ကျည်- 2 တို့ သိမ်းဆည်းရမိခဲ့တာပါ။ဒါ့အပြင် RPG- 2၊ BA 100 စိန်ပြောင်း-1၊ ငါးကြင်းမြီးစက်လက်- 1၊ ပြောင်းပို-1၊ AK-1၊ MAS sinper- 1၊ MA4.MAK ပူးတွဲ-1၊ MA1-2၊ MA3-2၊ MA5-2၊ MG3-1 လက်နက်တွေကိုလည်း သိမ်းဆည်းနိုင်ခဲ့တာပါ။

စစ်ကောင်စီကြိတ်စခန်းကို ပြီးခဲ့တဲ့ သြဂုတ် (၈)ရက်နေ့ကစပြီး ပိတ်ဆို့ရိက္ခာဖြတ်ပြီးနောက် တိုက်ခိုက်သိမ်းပိုက်လိုက်တာ ဖြစ်တယ်လို့ KNU က ထုတ်ပြန်ထားပါတယ်။

သတင်း- သံလွင်တိုင်းမ်

ဓာတ်ပုံ – KNU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.