September 21, 2022

မြဝတီ-ဝေါ်လေတိုက်ပွဲမှာ စစ်ကောင်စီတပ်သား ၅ ဦး စနိုက်ဘာ ထိမှန် သေဆုံး

မြဝတီ၊ စက်တင်ဘာ ၂၁ ကရင့်အမျိုးသားအစည်းအရုံး KNU တပ်မဟာ (၆) နယ်မြေ၊ မြဝတီ-ဝေါ်လေလမ်းပိုင်း၊ တောင်နီကျေးရွာ အနီးမှာ စက်တင်ဘာ ၂၁ ရက်နေ့ နေ့လယ်ပိုင်းက ဖြစ်ပွားခဲ့တဲ့ နှစ်ဖက်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်သား ၅ ဦး စနိုက်ဘာ ထိမှန်သေဆုံးခဲ့တယ်လို့ ကော်ဘရာစစ်ကြောင်းက ထုတ်ပြန်ပါတယ်။‌ အဲဒီတိုက်ပွဲဟာ ကော်ဘရာ စစ်ကြောင်း လုံခြုံရေး ယူထားတဲ့ တောင်ကုန်းတစ်ခုကို…

မတူကွဲပြားတဲ့ နိုင်ငံမှာအာဏာရှင်အမြစ်ဖြတ်ရမယ်ဆိုတဲ့ အချက်ကအားလုံးတူညီနေ ပြီဖြစ်တယ်လို့ NUG ပြော

မော်လမြိုင် – စက်တင်ဘာ(၂၁) အကြမ်းဖက်စစ်ကောင်စီကို မြစ်ဖြုတ်ဖို့အားလုံးဝိုင်းဝန်းကြိုးစားပေးဖို့လိုပြီး မတူကွဲပြားမှုတွေ များ တဲ့ မြန်မာနိုင်ငံမှာ အားလုံးတူဖို့မဖြစ်နိုင်ပေမယ့် ဆိုးဝါးလွန်းတဲ့ အကြမ်းဖက်အာဏာရူးတွေကို အမြစ်ဖြတ်ရမယ့် ကိစ္စက အားလုံးတူညီတဲ့ အချက်ဖြစ်တယ်လို့ NUG ဝန်ကြီးချုပ် မန်းဝင်းခိုင်သန်း က ပြောပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ (၆၈) ကြိမ်မြောက် အစိုးရအဖွဲ့အစည်းအဝေးမှာ ဝန်ကြီးချုပ်မန်းဝင်း ခိုင်သန်းက အခုလို ပြောဆိုခဲ့တာပါ။ “ဆိုးဝါးလွန်းတဲ့…