ပြင်ဦးလွင် – စက်တင်ဘာ(၁၈)

ပြင်ဦးလွင်မြို့မှာ ကလေးငယ်တစ်ဦးအပါအဝင် (၅) လောင်းပြိုင်လူသတ်မှု ဒီနေ့ စက်တင်ဘာလ (၁၈) ရက်နေ့မှာ ဖြစ်ပွားခဲ့တယ်လို့ ဒေသလူမှုကူညီရေးအသင်းတာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ် ကိုပြောပါတယ်။

ဖြစ်စဉ်မှာ ပြင်ဦးလွင်အနီးစခန်းနားစည်ကားရွာက ကြက်ခြံမှာဖြစ်ခဲ့တာဖြစ်ပြီး အမျိုးသား (၂)ဦး၊ အမျိုးသမီး(၂) ဦးနဲ့ ကလေးငယ်တစ်ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။

“ကျွန်တော်တို့ဆီကို နေ့လည်(၁၂) နာရီမှာ ဆက်သွယ်လာလို့ သွားသယ်တာပါ ကလေးကတော့ လမ်းမှာပဲဆုံးသွားပါတယ်” လို့ ပြင်ဦးလွင်တုသိတာ လူမှုကူညီရေးအသင်းတာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

လက်ရှိအချိန်မှာတော့ စစ်ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့က ဖြစ်စဉ်နဲ့ ပတ်သက်ပြီး စုံစမ်း စစ်ဆေးတာတွေလုပ်ဆောင်နေပြီး သံလွင်တိုင်းမ်က ဆက်သွယ်မေးမြန်းခဲ့ပေမယ့် ပြန်လည် ဖြေဆိုတာတော့ မရှိခဲ့ပါဘူး။

ဒေသခံတွေကတော့ ဒီဖြစ်စဉ်မှာ မူးယစ်ဆေးဝါးသုံးစွဲကာ သူ့မိသားစုကို ပြန်လည်သတ်ဖြတ်ခဲ့ တယ်ဆိုပြီး ပြောဆိုမှုတွေရှိနေပေမယ့် သီးခြားအတည်ပြုလို့တော့ မရခဲ့ပါဘူး။

ပြင်ဦးလွင်မြို့ စည်ကားရွာမှာဖြစ်ခဲ့တဲ့ လူသတ်မှုကို တုသိတာအသင်းနဲ့ သန္တိသုခ လူမှုကူညီရေး အသင်းတို့က ပူးပေါင်းပြီးကူညီဆောင်ရွက်ပေးခဲ့တယ်လို့ သိရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – သုတိတာ လူမှုကူညီရေးအသင်း

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.