စစ်တွေ – စက်တင်ဘာ(၁၇)
နိုင်ငံအတွင်း စစ်ရေး၊နိုင်ငံရေးအဖက်ဖက်မှာ ကျဆုံးနေပြီး အရူးမီး ဝိုင်းဖြစ်နေတဲ့ စစ်ကောင်စီတပ်ဟာ နိုင်ငံနယ်စပ်တစ်လျှောက် စစ်အင်အားတိုးချဲ့ပြီး ဂျက်တိုက် လေယာဉ်တွေ၊လက်နက်ကြီးတွေသုံးပြီး မဆင်မခြင်ရမ်းသမ်းပစ်ခတ်တာတွေလုပ်ဆောင်နေ တယ်လို့ ရက္ခိုင့်တပ်တော် (AA) ကထုတ်ပြန်လိုက်ပါတယ်။
အဲ့ဒီလိုစစ်ကောင်စီရဲ့ မဆင်မခြင်ရမ်းသမ်းပစ်ခတ်နေမှုတွေကြောင့် မြန်မာနိုင်ငံက ပြည်သူတွေ အထူးသဖြင့် နယ်စပ်ဒေသတွေမှာ နေထိုင်သူတွေဟာ ဒုက္ခရောက်နေကြရတယ်လို့ဆိုထားတာပါ။
ပြီးခဲ့တဲ့ နှစ်တွေကလည်း စစ်ကောင်စီတပ်ဟာ ရက္ခိုင့်-ဘင်္ဂလား နယ်စပ်ဒေသမှာ ဆိုးဝါးတဲ့ လူ့အခွင့်အရေးချိုးဖောက်မှုတွေ လူသားမျိုးနွယ်အပေါ်ကျူးလွန်တဲ့ စစ်ရာဇဝတ်မှုတွေကို ကျူးလွန်ခဲ့တာတွေရှိတယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
စစ်ကောင်စီက ဒုက္ခရောက်နေတဲ့ မူဆလင်လူမျိုးတွေကို ပစ်မှတ်ထားတိုက်ခိုက်တာ တွေလုပ်ဆောင်နေပြီး သူတို့ရဲ့လုပ်ဆောင်ချက်တွေကိုလည်း တခြားသူတွေကို လွှဲချကာ ဝါဒဖြန့်တာတွေလုပ်ဆောင်နေတယ်လို့ သိရပါတယ်။
စစ်ကောင်စီရဲ့ အရပ်ဖက်ပစ်မှတ်တွေကို လက်နက်ကြီးတွေနဲ့ မဆင်မခြင်ရမ်းသမ်းပစ်ခတ်နေတဲ့ လုပ်ရပ်တွေကို ပြင်းထန်စွာ ကန့်ကွက်ရှုတ်ချကာ လူမဆန်စွာ ရက်ရက်စက်စက်ပစ်ခတ်တိုက် ခိုက်မှုကြောင့် ထိခိုက်သေဆုံးခဲ့ရသူတွေအတွက်စိတ်မကောင်းဖြစ်ရတယ်လို့ ရက္ခိုင့်တပ်တော် ရဲ့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။
ပြီးခဲ့တဲ့ စက်တင်ဘာလ(၁၆) ရက်နေ့က စစ်ကောင်စီတပ်က ပစ်ခတ်လိုက်တဲ့ လက်နက်ကြီး ကျည်ဟာ ဘင်္ဂလားဒေရှ့်နိုင်ငံ ဘင်ဒရိုဘင်ခရိုင် ခေါင်းတုံးဒေသမှာ ကျရောက်ပေါက်ကွဲ ခဲ့ပြီး အသက်(၁၇) နှစ်အရွယ် MD Iqbal ဆိုတဲ့ လူငယ်တစ်ဦးသေဆုံးကာ နောက်ထပ်(၅) ဦးမှာ ပြင်းပြင်းထန်ထန်ဒဏ်ရာရရှိခဲ့တဲ့အတွက် စစ်ကောင်းဖြစ်ရတယ်လို့ ပြောဆိုထားပါတယ်။
ဒါ့အပြင်စက်တင်ဘာလ(၁၆) ရက်နေ့ နေ့လည်ပိုင်းကလည်း စစ်ကောင်စီက ဒီပဲယင်းမြို့နယ် လက်ယက်ကုန်းကျေးရွာမူလတန်းကျောင်းကို ရဟတ်ယာဉ်တွေနဲ့ ပစ်ခတ်ခဲ့တဲ့အတွက် မူလတန်း ကျောင်းသား(၆)ဦးသေဆုံးကာ ကလေးငယ်(၂၀) နီးပါးထိခိုက်ဒဏ်ရာရရှိထားခဲ့ပါတယ်။
သတင်း – သံလွင်တိုင်းမ်