ကင်ဆာဆေး ဝယ်ယူဖို့ လက်လှမ်းမမှီတော့လို့ ကင်ဆာဝေဒနာရှင်တွေ အသက်အန္တရာယ် ပိုမို ရင်ဆိုင်လာရ
ရန်ကုန်၊ စက်တင်ဘာ (၁၈) မြန်မာနိုင်ငံမှာ စစ်တပ် အာဏာသိမ်းတဲ့ တစ်နှစ်ခွဲကျော်ကာလအတွင်း ကင်ဆာဆေးဈေးနှုန်း အဆမတန် မြင့်တက်လာမှုနဲ့အတူ ဆေးဝယ်ယူဖို့ လက်လှမ်းမမှီတော့တာကြောင့် ကင်ဆာဝေဒနာရှင်တွေ အသက်အန္တရာယ် ပိုမို ထိခိုက်လာတဲ့ အခြေအနေနဲ့ ရင်ဆိုင်နေရတယ်လို့ ဆေးဝါးပညာရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ကင်ဆာဆေးသွင်းဖို့အတွက် အရင်က သက်ဆိုင်ရာဆေးရုံကြီးတွေမှာ စာရင်းသွင်းပြီးအလှည့်ကျ စောင့်ဆိုင်းကာ ဈေးနှုန်းသက်သက်သာသာနဲ့ ဆေးသွင်းလို့ရခဲ့ပေမယ့် အခုအခါမှာတော့ ဆေးရုံကြီးမှာလည်း…