အမှန်/အမှား
စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနှင့် ပတ်သက်ပြီး လူမှုကွန်ယက် ပေါ်မှာပျံ့နှံ့နေတဲ့ သတင်းတု သတင်းအမှားတွေကို အမှန်အမှား အစီအစဉ်ကနေ စီစစ်ပေးသွားမှာ ဖြစ်ပါတယ်။
ဒီကနေ့မှာတော့ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေတဲ့ ” KNDFတွေ ပြည်သူတွေအိမ်ထဲ ဗုံးပစ်တယ်” ဆိုတဲ့ သတင်းကို စီစစ်ပေးသွားမှာ ဖြစ်ပါတယ်။
ဒီအကြောင်းအရာကို စစ်တပ်ထောက်ခံသူတွေက စက်တင်ဘာလ ( ၁၅ )ရက်နေ့မှာ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပါတယ်။
စစ်တပ်အား ထောက်ခံတဲ့အကြောင်းအရာတွေကို အများအားဖြင့် ဖြန့်ဝေလေ့ရှိတဲ့ တပ်ကြပ်ကြီးဖိုးစည် အမည်ရ စစ်ကောင်စီအကောင့်တုတွေ စုဖွဲ့ထားတဲ့ တယ်လီဂရမ််ချန်နယ်တွေကနေ ဖြန့်ဝေခဲ့ကြတာ ဖြစ်ပါတယ်။
“KNDFကခွေးသားတွေ ပြည်သူတွေအိမ်ထဲ ဗုံးပစ်တာ ကြည့်ကြ” ဆိုတဲ့ ခေါင်းစဥ်နှင့်အတူ KNDF လူငယ်တစ်ဦး လက်ပစ်ဗုံးပစ်နေတဲ့ Videoကို ဖြန့်ဝေခဲ့ကြတာ ဖြစ်ပါတယ်။
စစ်တပ်ထောက်ခံသူတွေရဲ့ အကောင့်တုတွေကို အောက်ပါလင့်တွေမှာ ကြည့်ရှုနိုင်ပါတယ်။
ပိုစ့်ပါအကြောင်းအရာနှင့်ပတ်သက်ပြီး သံလွင်တိုင်းမ်မှ စစ်ဆေးကြည့်ရာမှာတော့ သတင်းအမှားတခုသာ ဖြစ်တာကို စီစစ်တွေ့ရှိရပါတယ်။
စစ်ကောင်စီအကောင့်တုတွေဖြန့်ဝေနေတဲ့ ရုပ်သံဟာ karenni nationalities defense force -kndf b-03က စက်တင်ဘာ၁၂ရက်နေ့မှာ ထုတ်ပြန်ထားတဲ့ ရုပ်သံတခုသာဖြစ်ပါတယ်။
ရုပ်သံထဲက အဆောက်အဦးဟာ စစ်တပ်လော်ဘီတွေရေးထားသလို ပြည်သူတွေရဲ့နေအိမ်မဟုတ်ဘဲ စစ်ကောင်စီတပ်သားတွေ တပ်စွဲထားတဲ့ အဆောက်အဦးသာ ဖြစ်ပါတယ်။
အဆိုပါ စစ်ကောင်စီတပ်သားတွေ တပ်စွဲထားတဲ့ အဆောက်အဦးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်လူငယ်က လက်ဗစ်ဗုံးနဲ့ ဝင်ရောက်ပစ်ခတ်ခဲ့တာ ဖြစ်ပါတယ်။
အဆိုပါ ရုပ်သံမှတ်တမ်းနှင့် ပတ်သက်ပြီး ယုံကြည်စိတ်ချရတဲ့ သတင်းဌာနတွေရဲ့ ဖော်ပြချက် အပြည့်အစုံကို အောက်ပါလင့်မှာ ဖတ်ရှုနိုင်ပါတယ်။
https://bit.ly/3LlY4OHhttps://bit.ly/3xy12d9https://bit.ly/3xuwysA
ဒီအချက်တွေကြောင့် လူမှုကွန်ယက်ပေါ်မှာ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေကြတဲ့ ” KNDFတွေ ပြည်သူတွေအိမ်ထဲ ဗုံးပစ်တယ်”ဆိုတဲ့ သတင်းဟာ ဖြစ်စဥ်အမှန် ဖုံးကွယ်ထားတဲ့ စစ်တပ်ထောက်ခံသူတွေရဲ့ ဝါဒဖြန့်သတင်းတစ်ခုသာဖြစ်ကြောင်း သံလွင်တိုင်းမ် ပရိတ်သတ်တွေအတွက် စီစစ်ပေးလိုက် ရပါတယ်။
သံလွင်တိုင်းမ်