ဝါရှင်တန် – စက်တင်ဘာ(၁၇)

တရုတ်သမ္မတနဲ့ ရုရှားသမ္မတတို့ ဥဇဘက်ကစ္စတန်နိုင်ငံမှာ စက်တင်ဘာလ(၁၅) ရက်နေ့က တွေ့ဆုံပြီးနောက် တရုတ်နဲ့ ရုရှားတို့ရဲ့ ဆက်ဆံရေးနဲ့ ပတ်သက်ပြီး စိုးရိမ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက ပြောပါတယ်။ 

သူတို့နှစ်ဦးရဲ့ ဆက်ဆံရေးဟာ ဟိုးအရင်တည်းက ကောင်းမွန်တဲ့အခြေအနေဖြစ်ပြီး အခုတွေ့ ဆုံမှုဟာ ယူကရိန်းစစ်ပွဲစတင်တည်းက သူတို့ရဲ့ ပထမဆုံးမျက်နှာချင်းဆိုင်တွေ့ဆုံမှုဖြစ်ပါတယ်။

ယူကရိန်းအခြေအနေနဲ့ ပတ်သက်ပြီး ရှီက မေးခွန်းတွေနဲ့ စိုးရိမ်ပူပန်မှုတွေရှိနေတာကို နားလည် တယ်လို့ ပူတင်က ပြောဆိုထားပါတယ်။ 

အမေရိကန်နိုင်ငံခြားရေးဌာနပြောရေးဆိုခွင့်ရှိသူ နတ်ဒ်ပရိုက်စ်က တရုတ်နဲ့ ရုရှားကြား ဆက်ဆံ ရေးဟာ နှစ်တွေကြာလာတာနဲ့အမျှတိုးတက်လာတယ်လို့ ဆိုပါတယ်။ 

“ဟုတ်ပါတယ် ဒီဆက်ဆံရေးဟာ ပိုမိုနီးကပ်လာတာကို တွေ့ခဲ့ရပါတယ်။ ဒီ နက်ရှိုင်းတဲ့ ဆက်ဆံရေးနဲ့ ပတ်သက်ပြီး ကမ္ဘာတဝှမ်းက နိုင်ငံတိုင်းက စိုးရိမ်ပူပန်မှုတွေ ရှိသင့်တယ်ဆိုတဲ့ ကျွန်တော်တို့ သတိထားရမယ်ဆိုတာကို ရှင်းရှင်းလင်းလင်း ပြောထားပါတယ်” လို့ သူက ပြောခဲ့တာပါ။ 

ရုရှားနဲ့ တရုတ်နို့ ပေါင်းစည်းလာတာဟာ အံ့ဩစရာမဟုတ်ပေမယ့် ယူကရိန်းစစ်ပွဲနဲ့ ပတ်သက် ပြီးရှီရဲ့ စိုးရိမ်ပူပန်မှုတွေအပေါ် ပူတင်ရဲ့ ဝန်ခံချက်ဟာ အံ့အားသင့်စရာဖြစ်တယ်လို့ ပရိုက်စ် က ပြောပါတယ်။ 

“မကြာသေးမီလများအတွင်း ပထဝီနိုင်ငံရေးကို နည်းလမ်းမျိုးစုံသုံးပြီး ရုရှားနှင့် ယူကရိန်းစစ်ပွဲအပေါ် ဝေဖန်မှုကို ရှောင်ရှားဖို့၊ အနည်းဆုံး ပွင့်လင်းစွာဝေဖန်ခြင်းမှ ရှောင်ရှားဖို့ ကြိုးစားနေတာဟာ အံ့ဩစရာမဟုတ်ဘူး” လို့ သူက ပြောခဲ့ပါတယ်။ 

စစ်ပွဲမှာ ရုရှားဟာ သူတို့အသက်ဆက်ဖို့အတွက် မြောက်ကိုရီးယားနဲ့ အီရန်လို နိုင်ငံတွေကို လှည့်ပတ်နေတာတွေလုပ်ဆောင်နေတယ်လို့ သိရပါတယ်။ 

ရုရှားဟာ လက်ရှိအချိန်မှာ တရုတ်နိုင်ငံကနေ လုံခြုံရေးအကူအညီ ရယူနေတယ်လို့ အမေရိကန် နိုင်ငံက သတင်းရရှိထားတယ်လို့ လည်း ဆိုထားပါတယ်။ 

“တရုတ်က စစ်ပွဲမှာ ရုရှားကို စစ်ရေးအကူအညီ ပေးမယ်ဆိုပါက သို့မဟုတ် နိုင်ငံတကာ အသိုင်းအဝိုင်းရဲ့ ပိတ်ဆို့အရေးယူမှုများကို ရှောင်လွှဲရန် ရုရှားကို စနစ်တကျ ပံ့ပိုးပေး မည်ဆိုပါက ကျွန်ုပ်တို့ အနီးကပ် စောင့်ကြည့်နေတယ် ဆိုတာနဲ့ သိသာထင်ရှားတဲ့ တန်ကြေးတွေရှိလာမယ်ဆိုတာကို လူသိရှင်ကြား ထုတ်ပြန်ထားပါတယ်။ တရုတ်က အဲဒီအရာနှစ်ခုစလုံးကို မမြင်ဖူးပါဘူး” လို့  ပရိုက်စ်က ပြောပါတယ်။ 

ယူကရိန်းနိုင်ငံကို သိမ်းပိုက်ထားတဲ့ ရုရှားငွေချေးစျေးကွက်တွေမှာ ထိပ်တန်းအရာရှိတွေ၊ နာဇီလက်သစ်တိုက်ခိုက်ရေးအုပ်စု၊ ရုရှားလိုလားတဲ့အရာရှိတွေနဲ့ ယူကရိန်းကလေးတွေကို ဖယ်ရှားဖို့ ညွှန်ကြားတဲ့ ကလေးသူငယ်အခွင့်အရေးဆိုင်ရာ တာဝန်ရှိသူတွေကို အမေရိကန်ရဲ့ ပိတ်ဆို့အရေးယူမှုတွေနဲ့အတူ အမည်ပျက်စာရင်းထည့်သွင်းထားတယ်လို့ သိရပါတယ်။ 

ဒါ့အပြင် GRU ထောက်လှမ်းရေးအေဂျင်စီနဲ့ သမ္မတ ဗလာဒီမာပူတင်ရဲ့ ထိပ်တန်းစီးပွားရေး အကြံပေးတို့ကိုလည်း ပိတ်ဆို့အရေးယူမှုစာရင်းမှာ ထည့်သွင်းထားပါတယ်။ 

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.