ဘန်ကောက်၊ စက်တင်ဘာ(၁၇) 

ထိုင်းနိုင်ငံရဲ့ စစ်တပ်‌လေ့ကျင့်ရေး သင်တန်းကျောင်း အဆောက်အအုံအတွင်း  လူ ၂ ဦး သေဆုံးခဲ့ပြီး အခြားတစ်ဦးဒဏ်ရာ ရတဲ့အထိ ပစ်ခတ်မှုကို ကျူးလွန်ခဲ့တဲ့ စစ်သားတစ်ဦးကို လူသတ်မှုနဲ့ စွဲချက်တင်ထားတယ်လို့ ထိုင်းရဲတပ်ဖွဲ့ တာဝန်ရှိသူတွေက စက်တင်ဘာလ (၁၆) ရက်နေ့မှာ ပြောပါတယ်။

ထိုင်းဘုရင့်တပ်မတော်စစ်ကောလိပ်က တပ်ကြပ်စာရေးကြီး ယွန်ယု မန်ကွန်ကင်မ်(Yongyuth Mungkornkim) ဟာ အဲဒီအမှု နဲ့ ပတ်သက်ပြီး  ဘန်ကောက်မြို့ မြောက်ပိုင်းမှာရှိတဲ့ စစ်ခုံရုံးမှာ စက်တင်ဘာလ(၂၁) ရက်နေ့မှာ တရားရင်ဆိုင်ရဖို့ရှိနေပါတယ်။ 

ကြိုတင်ပြင်ဆင်ထားတဲ့ လူသတ်မှု၊ လူသတ်ဖို့ ကြိုးပမ်းမှု၊အများပြည်သူရှိနေတဲ့ နေရာမှာ သေနတ်ကိုင်ဆောင်မှု၊သေနတ်ပစ်ခတ်မှု စတဲ့ စွဲချက်တွေနဲ့ တရားရင်ဆိုင်ရမှာပါ။ 

ဒီအမှုနဲ့ ပတ်သက်ပြီး စစ်ခုံရုံးကနေ အာမခံပေးမှာမဟုတ်ဘူးလို့ ထိုင်းနိုင်ငံရဲတပ်ဖွဲ ဒုတိယ ပြောရေးဆိုခွင့်ရှိသူက AFP သတင်းဌာနကို ပြောဆိုထားပါတယ်။ 

ဒါ့အပြင် ယန်ယုရဲ့ စိတ်ပိုင်းဆိုင်ရာနဲ့ ရုပ်ပိုင်းဆိုင်ရာ ကျန်းမာရေးကို ဆေးဘက်ဆိုင်ရာ ကျွမ်း ကျင်သူတွေက အကဲဖြတ်စစ်ဆေးတာတွေလုပ်ဆောင်ထားတယ်လို့ သူက ပြောပါသေးတယ်။

ရဲတပ်ဖွဲ့အနေနဲ့ စုံစမ်းစစ်ဆေးမှုတွေ လုပ်ဆောင်ဖို့နဲ့ စာရွက်စာတမ်းတွေကို စစ်ခုံရုံးရဲ့ ရှေ့နေဆီ မလွှဲပြောင်းခင် အစီရင်ခံမှုတွေ ဆောင်ရွက်သွားနိုင်ဖို့ အချိန်(၈၄)ရက် ရှိတယ်လို့ သိရပါတယ်။

ပြီးခဲ့တဲ့ နှစ်ကလည်း စစ်ဘက်ဆိုင်ရာ တာဝန်ထမ်းဆောင်နေသူတွေထဲမှာ လူသေဆုံးမှုဖြစ်စေ တဲ့အထိ သေနတ်ပစ်ခတ်မှုပေါင်းအနည်းဆုံး (၂) ကြိမ်ဖြစ်ပွားခဲ့တယ်လို့ ဘန်ကောက်ပိုစ့် ကဖော်ပြထားပါတယ်။ 

၂၀၂၀ ခုနှစ်က နိုင်ငံရဲ့ အသေပျောက်အများဆုံးဖြစ်ရပ်အဖြစ် စစ်သားတစ်ဦးက (၁၇) နာရီကြာ သေနတ်ကိုင်ဆောင်ပစ်ခတ်မှုတွေလုပ်ဆောင်ခဲ့တဲ့အတွက် လူပေါင်း (၂၉) ဦးသေဆုံးခဲ့ကာ လူပေါင်းများစွာ ဒဏ်ရာရရှိခဲ့တဲ့ ဖြစ်စဉ်တွေလဲရှိခဲ့တယ်လို့ သိရပါတယ်။ 

အဲ့ဒီလိုသေနတ်ကိုင်ရမ်းကားခဲ့တဲ့ စစ်သားကိတော့ ကွန်မန်ဒိုရဲတပ်ဖွဲ့က အသေပစ်ခတ်ဖမ်းဆီး ထားခဲ့တယ်လို့ သိရပါတယ်။ 

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.