September 17, 2022

ပုလောမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို PDF ဝင်တိုက်၊ စစ်ကောင်စီတပ်ဖွဲ့ဝင် ၂ ဦးသေ

ပုလော၊ စက်တင်ဘာ ၁၇ တနင်္သာရီတိုင်း၊ ပုလောမြို့နယ် ပုလောကုန်းကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်ကို ပြည်သူ့ကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တွေက စက်တင်ဘာလ ၁၅ ရက်နဲ့ ၁၆ ရက်နေ့တွေမှာ ဝင်ရောက်တိုက်ခိုက်ခဲ့ပြီး အဲဒီတိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သား ၂ ဦး သေဆုံးတယ်လို့ ပုလော PDF က ပြောပါတယ်။ ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ မြိတ်ခရိုင်တပ်ရင်း(၁)၊ တိုက်ခိုက်ရေးတပ်ခွဲ(၁)တို့က နန်းထိုက်အောင်စစ်ဆင်ရေးအဖြစ် သွားတိုက်တာလို့…

စစ်ကောင်စီရဲ့ခရီးသွားလာခွင့်ပိတ်ပင်မှုကြောင့် ရခိုင်စစ်ရှောင်တွေအခက်တွေ့လာ

စစ်တွေ – စက်တင်ဘာ(၁၇) ရခိုင်ပြည်နယ်က မြို့နယ်(၆) မြို့နယ်မှာ ကုလသမဂ္ဂရုံးအပါအဝင် အရပ်ဘက်အဖွဲ့အစည်း (NGO/INGO) တွေရဲ့ ခရီးသွားလာခွင့်ကို စစ်ကောင်စီက ကန့်သတ်ပိတ်ပင်လိုက်တာကြောင့် စစ်ရှောင်တွေအတွက်အခြေခံစားနပ်ရိက္ခာတွေလိုအပ်လာတယ်လို့ ဒေသခံတွေက ပြောပါတယ်။ စက်တင်ဘာလ(၁၅) ရက်နေ့ကစပြီး မောင်တော၊ဘူးသီတောင်၊ရေသ့တောင်၊ မြောက်ဦး၊ မင်းပြားနဲ့ မြေပုံစတဲ့ မြို့နယ်တွေက အဖွဲ့အစည်းတွေကို ခရီးသွားလာခွင့်တင်မဟုတ် ဘဲ ဖွင့်လှစ်ထားတဲ့ ရုံးခန်းတွေကိုပါ ပိတ်ခိုင်းခဲ့တာဖြစ်ပြီး အဲ့ဒီမြို့နယ်တွေမှာ…

ဦးကျော်မိုးထွန်းကို ကုလသံအမတ်အဖြစ်ဆက်ထားရှိဖို့ ထိုင်းရောက်မြန်မာတွေ ကုလရုံးရှေ့ ဆန္ဒပြ

ဘန်ကောက် – စက်တင်ဘာ(၁၇) ပြည်သူ့သံအမတ်ကြီး ဦးကျော်မိုးထွန်းကို အမျိုးသားညီညွတ်ရေးအစိုးရရဲ့ ကုလသမဂ္ဂဆိုင်ရာ သံအမတ်ကြီးအဖြစ် ဆက်လက်ထားရှိဖို့ ထိုင်းရောက်မြန်မာတွေစုပေါင်းပြီး ကုလသမဂ္ဂရုံးရှေ့မှာ ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဓာတ်ပုံ – လူငယ့်ခေတ်

စစ်ကောင်စီဘက်သားတွေ အိပ်ရေးဝဝ မအိပ်ရမယ့်ညတွေ ရောက်လာတော့မယ်

မော်လမြိုင် ၊ စက်တင်ဘာ (၁၇) နိုင်ငံအာဏာကို မတရား သိမ်းယူခဲ့တဲ့ စစ်အာဏာရှင်ကို လက်နက်စွဲကိုင် တော်လှန်ကြဖို့ ပြည့်သူ့ ခုခံတွန်းလှန်စစ် စတင်ကြောင်း အမျိုးသား ညီညွတ်ရေးအစိုးရ NUG က ကြေညာပြီး တစ်နှစ် အကြာမှာတော့ နွေဦးတော်လှန်ရေးဟာ ခရီးအတော်ပေါက်ခဲ့ပြီလို့ ဆိုနိုင်ပါတယ်။ နွေဦးတော်လှန်ရေးအစ ဆန္ဒပြပွဲတွေမှာ “သေရဲတဲ့ကောင်ထွက်ခဲ့” လို့ ရမ်းကားခဲ့ကြ၊ လူနေရပ်ကွက်တွေထဲ ရမ်းသမ်းပစ်ခတ်ခဲ့ကြ၊…

စစ်အာဏာသိမ်း ရက် (၅၉၃) အတွင်း သတ်ဖြတ်ခံရသူ ၂၂၈၁ ဦး အထိရှိလာ

မော်လမြိုင်၊ စက်တင်ဘာ (၁၇) AAPP ၏ စက်တင်ဘာလ (၁၆) ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးတွင် စစ်အာဏာသိမ်းမှုကာလ ရက် (၅၉၃)အတွင်း ပြည်သူ (၂၂၈၁)ဦးအထိ အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရကြောင်း သိရသည်။ ဖမ်းဆီးခံရသူပေါင်း ၁၅၅၄၆ ဦးအထိ ရှိလာခဲ့ပြီး ဖြစ်သည်။ ပြန်လည်လွတ်မြောက်လာသူ စုစုပေါင်း(၃၁၁၂) ဦး ရှိသည်။ အာဏာသိမ်းစစ်အုပ်စု၏ အကြမ်းဖက်သတ်ဖြတ်မှုများတွင် ရန်ကုန်မြို့မှ…

ပါကစ္စတန် ရေကြီးမှုကြောင့် သေဆုံးသူ ၁,၅၀၀ နီးပါးရှိခဲ့ပြီး ထောင်ပေါင်းများစွာသော ပြည်သူတွေအိုးမဲ့အိမ်မဲ့ဖြစ်နေ

ကရာချီ ၊ စက်တင်ဘာ(၁၇) ပါကစ္စတန်မှာ မကြုံစဖူး ရေကြီးမှုကြောင့် လူပေါင်း ၁,၅၀၀ နီးပါး သေဆုံးခဲ့ပြီး ဘေးအန္တရာယ် ကျရောက်ပြီးနောက်မှာ သိန်းနှင့်ချီတဲ့ လူတွေဟာ လေဟာပြင်တွေမှာ အကာအရံမဲ့ အိပ်စက်နေရဆဲ ဖြစ်ကြောင်း အာဏာပိုင်များက စက်တင်ဘာ ၁၉ ရက်နေ့မှာ ထုတ်ပြန်ခဲ့ပါတယ်။ မုတ်သုံမိုးရွာသွန်းမှုနှင့် မြောက်ပိုင်းတွင် ရေခဲတောင်များ စံချိန်တင်အရည်ပျော်မှုကြောင့် ရေလွှမ်းမိုးမှုဖြစ်ပေါ်ခဲ့ကာ လူဦးရေ သန်း…

စစ်တပ်လေ့ကျင့်ရေးကျောင်းမှာ လူသေတဲ့အထိ ပစ်ခတ်မှုလုပ်ခဲ့တဲ့ ထိုင်းစစ်သားကိုအမှု ဖွင့်ထား

ဘန်ကောက်၊ စက်တင်ဘာ(၁၇) ထိုင်းနိုင်ငံရဲ့ စစ်တပ်‌လေ့ကျင့်ရေး သင်တန်းကျောင်း အဆောက်အအုံအတွင်း လူ ၂ ဦး သေဆုံးခဲ့ပြီး အခြားတစ်ဦးဒဏ်ရာ ရတဲ့အထိ ပစ်ခတ်မှုကို ကျူးလွန်ခဲ့တဲ့ စစ်သားတစ်ဦးကို လူသတ်မှုနဲ့ စွဲချက်တင်ထားတယ်လို့ ထိုင်းရဲတပ်ဖွဲ့ တာဝန်ရှိသူတွေက စက်တင်ဘာလ (၁၆) ရက်နေ့မှာ ပြောပါတယ်။ ထိုင်းဘုရင့်တပ်မတော်စစ်ကောလိပ်က တပ်ကြပ်စာရေးကြီး ယွန်ယု မန်ကွန်ကင်မ်(Yongyuth Mungkornkim) ဟာ အဲဒီအမှု…

သမ္မတနှစ်ဦးတွေ့ဆုံပြီးနောက် တရုတ်နဲ့ ရုရှားတို့ရဲ့ဆက်ဆံရေးကို အမေရိကန် စိုးရိမ်နေ

ဝါရှင်တန် – စက်တင်ဘာ(၁၇) တရုတ်သမ္မတနဲ့ ရုရှားသမ္မတတို့ ဥဇဘက်ကစ္စတန်နိုင်ငံမှာ စက်တင်ဘာလ(၁၅) ရက်နေ့က တွေ့ဆုံပြီးနောက် တရုတ်နဲ့ ရုရှားတို့ရဲ့ ဆက်ဆံရေးနဲ့ ပတ်သက်ပြီး စိုးရိမ်တယ်လို့ အမေရိကန် နိုင်ငံခြားရေးဌာနက ပြောပါတယ်။ သူတို့နှစ်ဦးရဲ့ ဆက်ဆံရေးဟာ ဟိုးအရင်တည်းက ကောင်းမွန်တဲ့အခြေအနေဖြစ်ပြီး အခုတွေ့ ဆုံမှုဟာ ယူကရိန်းစစ်ပွဲစတင်တည်းက သူတို့ရဲ့ ပထမဆုံးမျက်နှာချင်းဆိုင်တွေ့ဆုံမှုဖြစ်ပါတယ်။ ယူကရိန်းအခြေအနေနဲ့ ပတ်သက်ပြီး ရှီက မေးခွန်းတွေနဲ့…

အာဏာသိမ်းမှုကြောင့် မွန်ပြည်နယ်ရဲ့ ရော်ဘာထုတ်လုပ်မှု ပိုမို ကျဆင်းလာနိုင်

မော်လမြိုင်၊ စက်တင်ဘာ (၁၇) စစ်အာဏာသိမ်းပြီးနောက် သွင်းအားစု ကုန်ပစ္စည်းတွေ ဈေးနှုန်း အဆမတန် မြင့်တက်လာတာ၊ စစ်ကောင်စီရဲ့ ကန့်သတ်ထိန်းချုပ်မှုတွေကြောင့် မွန်ပြည်နယ်ရဲ့ ရော်ဘာထုတ်လုပ်မှု ပိုမို ကျဆင်းလာနိုင်တယ်လို့ ရော်ဘာလုပ်ငန်းရှင်တွေက ပြောဆိုလိုက်ပါတယ်။ မွန်ပြည်နယ်ဟာ နှစ်စဉ်ဟာ ရော်ဘာတန်ချိန် တစ်သိန်းကျော် ထွက်ရှိနေတာ ဖြစ်ပြီး ထွက်ရှိလာတဲ့ရော်ဘာတွေကိုတော့ တရုတ်နိုင်ငံကို အဓိက တင်ပို့ရောင်းချနေတာပါ။ ဒါပေယ့် ရော်ဘာကဏ္ဍဟာ စစ်တပ်…