ဝါရှင်တန် – စက်တင်ဘာ(၁၆) 

တရုတ်နဲ့ တင်းမာမှုတွေ မြင့်တက်လာချိန် ထိုင်ဝမ်ကို အထောက်အပံ့တွေ တိုးမြင့်ပေးဖို့အတွက် တရားဝင်ဆက်ဆံရေးကို မြှင့်တင်တဲ့အနေနဲ့ အမေရိကန်အထက်လွှတ်တော် ကော်မတီက ဒေါ်လာဘီလျံပေါင်းများစွာ တန်ဖိုးရှိတဲ့ စစ်ဘက်ဆိုင်ရာ အကူအညီတွေ တိုက်ရိုက်ပေးအပ်ဖို့ စတင်လိုက်ပါတယ်။ 

အမေရိကန်ဟာ ထိုင်ဝမ်ကို ဆယ်စုနှစ်များစွာ လက်နက်ရောင်းချခဲ့ပေမယ့် အသစ်ပြဌာန်း လိုက်တဲ့ ဥပဒေသစ်ဟာ လေးနှစ်အတွင်းလုံခြုံရေးအကူအညီ ဒေါ်လာ(၄.၅) ဘီလျံ ကို ပံ့ပိုး တာဟာ တရုတ်ကို ဒေါသထွက်စေတဲ့ အပြုအမှုဖြစ်သလို ကျွန်းနိုင်ငံကို သိမ်းပိုက်ဖို့ အင်အား သုံးလာရင်လည်းတရုတ်ကို ဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ဖို့ရှိနေတာပါ။ 

၁၉၇၉ ခုနှစ်က အမေရိကန်ပြည်ထောင်စုဟာ တိုင်ပေကို အသိအမှတ်ပြုပြီးနောက်ပိုင်း ဆက်ဆံ ရေးကို အလျင်မြန်ဆုံး အဆင့်မြှင့်တင်မှုအဖြစ် သတ်မှတ်အတည်ပြုဖို့အတွက် ပါတီနှစ်ခုလုံးရဲ့ ထောက်ခံမှုနဲ့ အထက်လွှတ်တော် နိုင်ငံခြားဆက်ဆံရေးကော်မတီဟာ ထိုင်ဝမ်မူဝါဒအက်ဥပဒေ ကို အတည်ပြုထားပါတယ်။ 

အမေရိကန်အောက်လွှတ်တော်ဥက္ကဌ နန်စီပေလိုစီထိုင်ဝမ်ကို လာရောက်လည်ပတ်ပြီးနောက်ပိုင်း စိုးရိမ်မှုတွေမြင့်တက်နေတဲ့ ထိုင်ဝမ်အတွက် ဥပဒေပြုအမတ်တွေက ဒီလုပ်ရပ်ကို ရှေ့တန်းတင်ခဲ့ ကြပြီး ကျူးကျော်မှုတစ်ခုအတွက် အစမ်းလေ့ကျင့်မှုအဖြစ် ရှုမြင်မယ့် စစ်ရေးလေ့ကျင့်မှုတွေ ဟာတရုတ်ကို တွန်းအားဖြစ်စေခဲ့တာဖြစ်ပါတယ်။ 

“ကျွန်ုပ်တို့သည် ထိုင်ဝမ်ကို အန္တရာယ်အလွန်များပြီး အောင်မြင်နိုင်ချေမရှိတဲ့ အင်အားသုံး၍ သိမ်းယူခြင်းရဲ့ တန်ကြေးကိုမြှင့်တင်ခြင်းဖြင့် ထိုင်ဝမ်ရင်ဆိုင်နေရတဲ့ ဖြစ်တည်မှုဆိုင်ရာ ခြိမ်းခြောက်မှုများကို ဂရုတစိုက်နှင့် ဗျူဟာမြောက် လျှော့ချပေးတာ” လို့ ဒီမိုကရက်တစ်ပါတီ အထက်လွှတ်တော်အမတ်မန်နန်ဒက်စ်က ပြောပါတယ်။ 

ဒါ့အပြင် အမေရိကန်ဟာ ဘေဂျင်းနဲ့ စစ်ဖြစ်ဖို့နဲ့ တင်းမာမှုတွေ တိုးမြင့်လာစေဖို့ မဟုတ်ဘဲ အမြင်ရှင်းဖို့ လိုအပ်တယ်လို့လည်း သူကပြောပါသေးတယ်။

“ထိုင်ဝမ်ရဲ့ ကိုယ့်ကိုယ်ကိုယ် ခုခံကာကွယ်မှု အားကောင်းဖို့ နောက်မကျခင်မှာဘဲ အရေးယူဖို့ အရေးကြီးတယ်” လို့ ကော်မတီဝင် ရီပတ်ဘလီကန် ထိပ်တန်း အထက်လွှတ်တော်အမတ် ဂျင်မ်ရစ်ရှ်က ပြောပါတယ်။ 

ဥပဒေကြမ်းဟာ အထက်လွှတ်တော်နဲ့ အောက်လွှတ်တော်မှာ အပြည့်အဝရှင်းလင်းရမှာဖြစ်ပြီး သမ္မတဂျိုးဘိုင်ဒင်က ဥပဒေကြမ်းကို လက်မှတ်ရေးထိုးမှာလားဆိုတာကိုတော့ အိမ်ဖြူတော်က ပြောဆိုတာမရှိသေးသလို အားကောင်းတဲ့ ထောက်ခံမှုမှာ ကွန်ဂရက်လွှတ်တော်က ဗီတိုအာဏာ ကိုသုံးစွဲနိုင်တယ်လို့လည်း သိရပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.