ကီးယက် ၊ စက်တင်ဘာ ၁၆

ယူကရိန်း သမ္မတ ဇီလန်စကီးစီး နင်းလိုက်ပါလာတဲ့ ကားနဲ့ လုံခြုံရေးယာဉ်တန်းကို ခရီးသည်တင် ကားတစ်စီးက ဝင်တိုက်မိလို့ ဆေးရုံမှာ ကုသမှုခံခဲ့ရတယ်လို့ သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

ယူကရိန်းမြို့တော် ကိယက်ဗ်မှာ ဖြစ်ပွားခဲ့တဲ့ အဲဒီယာဉ်တိုက်မှုကြောင့် သမ္မတကို ဆေးရုံသို့ပို့ဆောင် စစ်ဆေးခဲ့ပြီး ပြင်းထန်တဲ့ ဒဏ်ရာတွေ မရရှိဘူးလို့ သမ္မရဲ့ ပြောရေးဆိုခွင့်ရှိသူ ဆာဂျီနီကီဖိုရော့ဗ်က တိုတောင်းတဲ့ ကြေညာချက်တစ်စောင် ထုတ်ပြန်ခဲ့ တာပါ။

“သမ္မတကို ဆရာဝန်က စစ်ဆေးခဲ့ပြီး ပြင်းထန်တဲ့ ဒဏ်ရာတွေ မတွေ့ရဘူး လို့ သူက ပြောပါတယ်။

ယာဉ်တန်းကို ဝင်တိုက်မိခဲ့တဲ့ ခရီးသည်တင်ယာဉ်မောင်းကိုတော့ အခင်းဖြစ်တဲ့ နေရာမှာပဲ ဆေးကုသပေးခဲ့ပြီးတဲ့ နောက်မှာ လူနာတင်ယာဉ်နှင့် ခေါ်ဆောင်သွားခဲ့ပါတယ်။

ယာဉ်မတော်တဆမှုရဲ့ အခြေအနေတွေကို ဥပဒေ အရာရှိတွေက စုံစမ်းစစ်ဆေးမှုတွေ ပြုလုပ်နေကြပေမယ့်လည်း အသေးစိတ် အချက်အလက်တွေကိုတော့ ထုတ်ပြန်ခဲ့ခြင်းမရှိပါဘူး။

ယူကရိန်းနိုင်ငံ အရှေ့မြောက်ပိုင်းရှိ အဓိက ထောက်ပံ့ပို့ဆောင်ရေး အချက်အချာမြို ဖြစ်တဲ့ အီဇီယမ် Izyum ကိုရုရှားလက် ကနေ ပြန်လည်သိမ်းယူထားတဲ့ အခြေအနေတွေကို သမ္မတက လာရောက်ကြည့်ရှုအားပေးစဉ် အခုလို ယာဉ်တိုက်မှုနဲ့ ကြုံတွေ့ ခဲ့ရတာ ဖြစ်ပါတယ်။

မကြာသေးမီရက်များအတွင်းက ယူကရိန်းစစ်တပ်ဟာ  နယ်မြေအများအပြားကို ပြန်လည်သိမ်းယူခဲ့ပြီး ရုရှားတပ်များအား ဆုတ်ခွာသွားရန် ဖိအားပေးနိုင်ခဲ့ပါတယ်။

Ref:BBC

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.