အမှန်/အမှား

စစ်တပ်အာဏာသိမ်းပြီး လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနှင့် ပတ်သက်ပြီး လူမှုကွန်ယက်ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု သတင်းမှားတွေကို အမှန်အမှား အစီအစဉ်ကနေ စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီကနေ့မှာတော့ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေတဲ့ “ဂန့်ဂေါမြိုနယ် ရွှေတောင်ရွာက ဒေသခံအိမ် ၆အိမ်ကို စက်တင်ဘာ ၆ ရက်နေ့မှာ အကြမ်းဖက်များ မီးရှို့သွားခဲ့“ ဆိုတဲ့သတင်းကို စိစစ်ပေးသွားမှာ ဖြစ်ပါတယ်။

ဒီအကြောင်းအရာကို စစ်တပ်ထောက်ခံသူတွေက စက်တင်ဘာလ ၉ ရက်မှာ စတင်ဖြန့်ဝေခဲ့တာဖြစ်ပါတယ်။

စစ်တပ်အား ထောက်ခံတဲ့အကြောင်းအရာတွေကို အများအားဖြင့် ဖြန့်ဝေလေ့ရှိတဲ့ တပ်ကြပ်ကြီးဖိုးစည် Telegram အကောင့်ကနေ စတင်ဖြန့်ဝေခဲ့တာ ဖြစ်ပါတယ်။

မီးလောင်ပြာကျနေတဲ့ ရွာတွေထဲကအိမ်တွေကို ရိုက်ကူးထားတဲ့ ရုပ်သံ Videoကို စစ်ကောင်စီဝါဒဖြန့် အကောင့်ပုန်းတွေက Telegram အကောင့်တွေကနေ ဖြန့်ဝေထားတာတွေ့ရပါတယ်။

စစ်တပ်ထောက်ခံသူတွေရဲ့ အကောင့်တုကတော့ https://bit.ly/3DrOZSo ဖြစ်ပါတယ်။

ပိုစ့်ပါအကြောင်းအရာနှင့်ပတ်သက်ပြီး သံလွင်တိုင်းမ်မှ စိစစ်ကြည့်ရာမှာတော့ ဖြစ်စဥ်အမှန်ကို ဖုံးကွယ်ပြီး စစ်တပ်ထောက်ခံသူတွေက သတင်းအမှားတွေကို ဝါဒဖြန့်ဝေနေတာ ဖြစ်ကြောင်း တွေ့ရှိရပါတယ်။

စစ်တပ်လော်ဘီအကောင့်တွေ ဖြန့်‌ဝေထားတဲ့ Video ထဲကလို PDF ပြည်သူကာကွယ်ရေးတပ်ဖွဲ့ဝင် လူငယ်တွေက ရွာတွေထဲကို အကြမ်းဖက်မီး၀င်ရှို့ နေတာမဟုတ်ဘဲ မကွေးတိုင်း ဂန့်ဂေါမြို့နယ် ရွှေတောင်ရွာကို အကြမ်းဖက်စစ်ကောင်စီတပ်က အကြမ်းဖက်မီးရှို့သွားတာဖြစ်ကြောင်း သံလွင်တိုင်းမ်က စိစစ်တွေ့ရှိရပါတယ်။

စစ်ကောင်စီထောက်ခံသူ အကောင်တုတွေဖြန့်‌ဝေနေတဲ့ Video တွေကလည်း ‌ယောဒေသလုံးဆိုင်ရာ စစ်ဘေးရှောင်ပြည်သူများ ကူညီရေးကော်မတီက တင်ထားတဲ့ Videoတွေ၊ ဓာတ်ပုံမှတ်တမ်း တွေသာ ဖြစ်နေတာကို တွေ့ရှိရပါတယ်။

ဖြစ်စဉ်အမှန်ကတော့ မကွေးတိုင်း၊ ဂန့်ဂေါမြို့နယ်၊ ရွှေတောင်ရွာကို စက်တင်ဘာလ ၆ ရက်နေ့က စစ်ကောင်စီတပ်စစ်ကြောင်းမှ ဝင်ရောက်မီးရှို့ခဲ့တာဖြစ်ပါတယ်။

ဒါ့အပြင် စစ်ကောင်စီတပ်သားတွေရဲ့ စစ်ကြောင်းဟာ ရွှေတောင်ရွာကို မနက် ၁၀ နာရီခွဲဝန်းကျင်မှာ ဝင်ရောက်ပြီး ပြည်သူပိုင်ပစ္စည်းတွေကို ဖျက်ဆီးတဲ့အပြင် နေအိမ်များကို မီးရှို့တာတွေကိုလည်း လုပ်ခဲ့ကြောင်း ဒေသခံရွာသားတွေ ပါ၀င်ဖွဲ့စည်းထားတဲ့ ယောဒေသလုံးဆိုင်ရာ စစ်ဘေးရှောင်ပြည်သူများ ကူညီရေးကော်မတီက မီးလောင်ပြင်ရွာတွေထဲအထိ သွားရောက်ကာ ဖော်ထုတ်ရေးသားထားတာ တွေ့ရပါတယ်။

အဆိုပါစစ်ကြောင်းအင်အားဟာ ၁၀၀ ခန့် ရှိတယ်လို့လည်း ‌ယောဒေသလုံးဆိုင်ရာ စစ်ဘေးရှောင်ပြည်သူများ ကူညီရေးကော်မတီထံကနေ စုံစမ်းသိရှိရပါတယ်။

ရွှေတောင်ရွာအတွင်း ပျက်ဆီးဆုံးရှုံးမှုစာရင်းများကို ကောက်ယူနေဆဲဖြစ်ပြီး လက်ရှိမှာတော့ စစ်ဘေးရှောင်ပြည်သူများရဲ့ နေရေး၊ စားရေးအခက်ကြုံနေရတယ်လို့လည်း သိရပါတယ်။

ယောဒေသလုံးဆိုင်ရာ စစ်ဘေးရှောင်ပြည်သူများ ကူညီရေးကော်မတီရဲ့သတင်းထုတ်ပြန်ချက်

https://www.facebook.com/YRCIDP

ဒီဖြစ်စဉ်နဲ့ပက်သက်ပြီး ယုံကြည်ရတဲ့ သတင်းဌာနတချို့ရဲ့သတင်း ဖော်ပြချက် အပြည့်အစုံကိုလည်’ အောက်ပါလင့်မှာ ဖတ်နိုင်ပါတယ်။

https://bit.ly/3S7Yqe4https://bit.ly/3RNSXsO

ဒီအချက်တွေကြောင့် စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေတဲ့ “ဂန့်ဂေါမြိုနယ် ရွှေတောင်ရွာက ဒေသခံအိမ် ၆အိမ်ကို စက်တင်ဘာ ၆ ရက်နေ့မှာ အကြမ်းဖက်များ မီးရှို့သွားခဲ့“ ဆိုတာဟာ ဖြစ်စဥ်အမှန်ကို သက်သေအခိုင်အလုံမရှိဘဲ PDF တွေ ကျူးလွန်ခဲ့သယောင် VIDEOတွေနဲ့ စွပ်စွဲရေးသားထားတဲ့ သတင်းတခုသာဖြစ်ကြောင်း သံလွင်တိုင်းမ် ပရိတ်သတ်တွေအတွက် စိစစ်ပေးလိုက်ရပါတယ်။

သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.