September 16, 2022

မိုးဗြဲမြို့ပေါ်မှာ လက်နက်ကြီး ကျရောက်ကွဲတာကြောင့် ကလေးငယ် ၂ ဦး အပါအဝင် ၄ဦး သေဆုံးပြီး ၁၃ ဦးဒဏ်ရာရ

မိုးဗြဲ၊ စက်တင်ဘာ (၁၆) ရှမ်း-ကယားနယ်စပ် မိုးဗြဲမြို့ပေါ်ကို အာဏာသိမ်း စစ်ကောင်စီတပ်က လက်နက်ကြီး ရမ်းသမ်း ပစ်ခတ်ခဲ့တာကြောင့် ကလေးငယ် ၂ ဦး အပါအဝင် အရပ်သား ၄ သေဆုံးပြီး ၁၃ ဦး ထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စက်တင်ဘာ ၁၆ ရက်နေ့ မနက် ၆ နာရီလောက်မှာ မိုးဗြဲအခြေစိုက်…

စစ်ကောင်စီလက်အောက်ခံ PNO ပြည်သူ့စစ်က ပအိုဝ်းတပ်ဖွဲ့ဝင်ငါးဦးကို သတ်ဖြတ်ခဲ့

ပင်လောင်း – စက်တင်ဘာ(၁၆) အာဏာသိမ်းစစ်ကောင်စီလက်ပါးစေ PNO ပြည်သူ့စစ်အဖွဲ့က ပအိုဝ်းအမျိုးသားလွတ်မြောက်ရေး အဖွဲ့ချုပ် PNLO/PNLA အဖွဲ့ဝင် (၅) ဦးကို ဖမ်းဆီးသတ်ဖြတ်ပြီးနောက် တာဝန်ယူမှု တာဝန်ခံမှုမရှိဘဲ နှုတ်ဆိတ်နေတယ်လို့ PNLA တာဝန်ရှိသူတွေက သံလွင်တိုင်းမ် ကိုပြောပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာလ(၁၄) ရက်နေ့က ပအိုဝ်းအမျိုးသားအာဇာနည်နေ့ဖြစ်တဲ့အတွက် တပ်ဖွဲ့ဝင် ရဲဘော်(၇) ဦးဟာ နေရပ်ကို ပြန်သွားကြတာဖြစ်ပြီး အဲ့ဒီထဲက…

ယူကရိန်းသမ္မတ ဇီလန်စကီး ယာဉ်မတော်တဆမှုဖြစ်ပြီး ဆေးရုံရောက်

ကီးယက် ၊ စက်တင်ဘာ ၁၆ ယူကရိန်း သမ္မတ ဇီလန်စကီးစီး နင်းလိုက်ပါလာတဲ့ ကားနဲ့ လုံခြုံရေးယာဉ်တန်းကို ခရီးသည်တင် ကားတစ်စီးက ဝင်တိုက်မိလို့ ဆေးရုံမှာ ကုသမှုခံခဲ့ရတယ်လို့ သမ္မတရဲ့ ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။ ယူကရိန်းမြို့တော် ကိယက်ဗ်မှာ ဖြစ်ပွားခဲ့တဲ့ အဲဒီယာဉ်တိုက်မှုကြောင့် သမ္မတကို ဆေးရုံသို့ပို့ဆောင် စစ်ဆေးခဲ့ပြီး ပြင်းထန်တဲ့ ဒဏ်ရာတွေ မရရှိဘူးလို့ သမ္မရဲ့ ပြောရေးဆိုခွင့်ရှိသူ…

အမေရိကန်အထက်လွှတ်တော်က ထိုင်ဝမ်ကို စစ်ရေးအကူအညီပေးဖို့ စတင်

ဝါရှင်တန် – စက်တင်ဘာ(၁၆) တရုတ်နဲ့ တင်းမာမှုတွေ မြင့်တက်လာချိန် ထိုင်ဝမ်ကို အထောက်အပံ့တွေ တိုးမြင့်ပေးဖို့အတွက် တရားဝင်ဆက်ဆံရေးကို မြှင့်တင်တဲ့အနေနဲ့ အမေရိကန်အထက်လွှတ်တော် ကော်မတီက ဒေါ်လာဘီလျံပေါင်းများစွာ တန်ဖိုးရှိတဲ့ စစ်ဘက်ဆိုင်ရာ အကူအညီတွေ တိုက်ရိုက်ပေးအပ်ဖို့ စတင်လိုက်ပါတယ်။ အမေရိကန်ဟာ ထိုင်ဝမ်ကို ဆယ်စုနှစ်များစွာ လက်နက်ရောင်းချခဲ့ပေမယ့် အသစ်ပြဌာန်း လိုက်တဲ့ ဥပဒေသစ်ဟာ လေးနှစ်အတွင်းလုံခြုံရေးအကူအညီ ဒေါ်လာ(၄.၅) ဘီလျံ ကို…

နယူးဇီလန်မှာ ခရီးဆောင်အိတ်အတွင်း ကလေးငယ်အလောင်းများ တွေ့ရှိ

ဝယ်လင်တန် – စက်တင်ဘာ(၁၆) နယူးဇီလန်နိုင်ငံက ပစ္စည်းသိုလှောင်ရုံတစ်ခုကနေ အလောင်းတွေပါတဲ့ ခရီးဆောင်အိတ်ကို ဝယ်မိခဲ့ရာကစပြီး ကလေးတွေရဲ့ မိခင် ဖြစ်သူလို့ ယူဆရတဲ့ အမျိုးသမီးကို လူသတ်မှုစွဲချက်နဲ့ တောင်ကိုရီးယားမှာ ဖမ်းမိခဲ့ပါတယ်။ တောင်ကိုရီးယားနိုင်ငံ အူလ်ဆန်မြို့မှာ ကြာသာပတေးနေ့က ဖမ်းဆီးခဲ့တာ ဖြစ်တယ်လို့လဲ တောင်ကိုရီးယားအရာရှိက CNN ကို ပြောဆိုထားပြီး နယူးဇီလန်ရဲတပ်ဖွဲ့ကတော့ တောင်ကိုရီးယား ရဲတပ်ဖွဲ့ဆီကနေ တရားခံလွှဲပြောင်းပေးဖို့ တောင်းဆို…

စစ်ကောင်စီနဲ့ တွေ့ဆုံဆွေးနွေးတာ ထပ်မလုပ်ဖို့ မွန်အဖွဲ့အစည်း ၁၀ ဖွဲ့က မွန်ပြည်သစ်ပါတီထံ အိတ်ဖွင့်စာပို့

မော်လမြိုင် ၊ စက်တင်ဘာ ၁၆ စစ်ကောင်စီပြုလုပ်နေတဲ့ ငြိမ်းချမ်းရေးဆွေးနွေးပွဲတွေဟာ အတုအယောင်သဘောသာဖြစ်ပြီး သူတို့ရဲ့ တရားဝင်မှု ရရှိဖို့နဲ့ နိုင်ငံရေးထွက်ပေါက်ရှာဖို့သာဖြစ်တဲ့အတွက် မွန်ပြည်သစ်ပါတီအနေနဲ့ နိုင်ငံရေးအရ တွေ့ဆုံဆွေးနွေးမှုတွေ ထပ်မံမပြုလုပ်ဖို့ မွန်နိုင်ငံရေးမှာ ပါဝင်နေကြတဲ့ အဖွဲ့အစည်း (၁၀) ဖွဲ့က အိတ်ဖွင့်စာပေးပို့ပြီး တိုက်တွန်းလိုက်ပါတယ်။ အိတ်ဖွင့်ပေးစာအရ အကြမ်းဖက်မှုတွေကို ပြောင်ပြောင်တင်းတင်း ကျူးလွန်နေတဲ့ စစ်ကောင်စီဟာ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာအဖွဲ့အစည်းတွေရဲ့ အသိအမှတ်ပြုတာကို…

KNU ညောင်လေးပင်ခရိုင်မှာ စစ်ကောင်စီတပ်က ဒေသခံရွာသားတွေကို အတင်းအဓမ္မ မောင်းထုတ်နေ

မော်လမြိုင်၊ စက်တင်ဘာ (၁၆) ကရင်အမျိုးသားအစည်းအရုံး(KNU) ကော်သူးလေအုပ်ချုပ်နယ်မြေ ညောင်လေးပင်ခရိုင် တပ်မဟာ(၃)ထဲမှာ စစ်ကောင်စီ တပ်က ဒေသခံရွာသားတွေကို အတင်းအဓမ္မမောင်းထုတ်၊ ခြိမ်းခြောက်တာတွေ ဆက်တိုက် လုပ်ဆောင်နေတယ်လို့ KNU ထုတ်ပြန်ထား ပါတယ်။ ပြီးခဲ့တဲ့ စက်တင်ဘာ ၁၃ ရက်နေ့က KNU တပ်မဟာ(၃) ၊ မုန်းမြို့နယ် နိုကူကျေးရွာရှိ ပြည်သူတွေကို စစ်ကောင်စီတပ်က ကျေးရွာထဲမှာ မနေထိုင်ဖို့…

သိမ်ဇရပ်မှာ စစ်ကောင်စီတပ်က လက်နက်ကြီးနဲ့ ပစ်ခတ်တာကြောင့် အမျိုးသမီးတစ်ဦး ပြင်းထန်စွာ ဒဏ်ရာရ

ကျိုက်ထို၊ စက်တင်ဘာ (၁၆) မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ သိမ်ဇရပ်မြို့၊ ဝါဒက်ကွင်းကျေးရွာထဲကို စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်တာကြောင့် ဒေသခံ အမျိုးသမီး တစ်ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စက်တင်ဘာ ၁၅ ရက်နေ့ မနက် ၇ နာရီလောက်မှာ စစ်ကောင်စီ သိမ်ဇရပ် ခမရ(၂၀၇) တပ်ရင်းကနေ ဝါဒက်ကွက် ကျေးရွာထဲကို လက်နက်ကြီး…

စစ်အာဏာရှင် ကျဆုံးရေးနဲ့ ဒီမိုကရေစီ ပြန်လည် ရရှိရေးအတွက် လူတိုင်းအားလုံး ပူးပေါင်းပါဝင်ပေးဖို့ တောင်းဆို

မော်လမြိုင်၊ စက်တင်ဘာလ (၁၆) စစ်တပ် အာဏာသိမ်းမှုကြောင့် အပြီးပိုင် ဆုံးရှုံးသွားတဲ့ ဒီမိုကရေစီ အခွင့်အရေးတွေ ပြန်လည်ရရှိဖို့အတွက် လူတိုင်းအားလုံး ပူးပေါင်းပါဝင်ပေးဖို့ စက်တင်ဘာ ၁၅ ရက်နေ့မှာ ကျရောက်တဲ့ နိုင်ငံတကာ ဒီမိုကရေစီနေ့အခမ်းအနားမှာ ဒီမိုကရေစီအရေး တက်ကြွလှုပ်ရှားသူတွေက တောင်းဆိုလိုက်တာပါ။ မြန်မာနိုင်ငံဟာ စစ်တပ် အာဏာသိမ်းပြီးနောက် လူတိုင်းအားလုံးရဲ့ လွတ်လပ်စွာ ရှင်သန် နေထိုင်ခွင့်၊ လွတ်လပ်စွာ ထုတ်ဖော်…