မော်စကို – စက်တင်ဘာ(၁၅)
ရုရှားသမ္မတဗလာဒီမာပူတင်နဲ့ တရုတ်သမ္မတရှီကျင့်ဖျင်တို့ စက်တင်ဘာလ(၁၅) ရက်နေ့မှာ ဥဇဘက်ကစ္စတန်မှာ တွေ့ဆုံပြီးယူကရိန်းနဲ့ ထိုင်ဝမ်တို့အရေးကို ဆွေးနွေးမှာဖြစ်သလို အဲ့ဒီဆွေး နွေးပွဲဟာ ပထဝီနိုင်ငံရေးအခြေအနေအရ အထူးအရေးကြီးတယ်လို့ ရုရှားနိုင်ငံကဆိုပါတယ်။
မော်စီတုံးနောက်ပိုင်းရှီကျင့်ဖျင်ကိုဩဇာအကြီးဆုံးတရုတ်ခေါင်းဆောင်အဖြစ် ခန့်အပ်ဖို့ တစ်လ အလိုမှာ ပူတင်နဲ့ တွေ့ဆုံသွားမှာဖြစ်တယ်လို့ သိရပါတယ်။
“ပုံမှန်အားဖြင့် နှစ်နိုင်ငံ မဟာဗျူဟာမြောက် မိတ်ဖက်ဆက်ဆံရေးအတွင်း မကြုံစဖူး အား ကောင်းတဲ့ယုံကြည်မှုအဆင့်ကို အပြုသဘောဆောင်တဲ့အကဲဖြတ်မှုကို ဖော်ဆောင်လိမ့်မယ်” လို့ ကရင်မလင်လက်ထောက် ယူရီက သတင်းစာရှင်းလင်းပွဲမှာပြောခဲ့ပါတယ်။
ဒါ့အပြင် နှစ်နိုင်ငံကြား အစီအစဉ်နဲ့ အဓိက ဒေသတွင်းနဲ့ နိုင်ငံတကာ ခေါင်းစဉ်တွေကို ဆွေးနွေး သွားမှာဖြစ်တယ်လို့ သူက ပြောပါသေးတယ်။
တရုတ်ရဲ့ မြင့်တက်လာတဲ့ ဩဇာအာဏာနဲ့ ရုရှားရဲ့ သဘာဝအရင်းအမြစ်တွေကြားနက်ရှိုင်းတဲ့ မိတ်ဖက်ဆက်ဆံရေးကို အနောက်နိုင်ငံတွေက စောင့်ကြည့် နေကြတယ်လို့ သိရပါတယ်။
ဒီဆွေးနွေးပွဲဟာ ရှီကျင့်ဖျင်ရဲ့ ဩဇာအာဏာကို ဖော်ပြဖို့ အခွင့်အရေးပေးမှာဖြစ်ပြီး ရုရှားရဲ့ ယူကရိန်းအထူးစစ်ဆေင်ရေးကို အပြစ်ပေးဖို့ အနောက်နိုင်ငံတွေက ကြိုးပမ်းနေသလို တရုတ်နဲ့ ရုရှားခေါင်းဆောင်နှစ်ဦးစလုံးက အမေရိကန်ကို ဆန့်ကျင်ကြောင်းပြသနိုင်မယ်လို့ သိရပါတယ်။
ယူကရိန်းကို ကျူးကျော်ပြီးနောက်ပိုင်း ဥရောပကို ရုရှားရဲ့ ဓာတ်ငွေ့တင်ပို့မှုတွေ သိသိသာသာ လျှော့ချလိုက်တဲ့အတွက် ရုရှားဟာ တရုတ်နိုင်ငံကို သူတို့ရဲ့ ဓာတ်ငွေ့ရောင်းချမှုကို မြှင့်တင်ဖို့နဲ့ နိုင်ငံတွင်းကို ပိုက်လိုင်းအသစ်တွေတည်ဆောက်ဖို့ ကြိုးပမ်းနေတာဖြစ်တယ်လို့ သိရပါတယ်။
“ရုရှားကို အထူးစစ်ရေး စစ်ဆင်ရေးလုပ်ဖို့ တွန်းအားပေးရတဲ့ အကြောင်းရင်းကို တရုတ်က ရှင်းရှင်းလင်းလင်း နားလည်ပါတယ်။ ဒီပြဿနာကို လာမယ့်အစည်းအဝေးမှာ သေချာစွာ ဆွေးနွေးသွားမှာပါ” လို့ ယူရီ က ပြောပါတယ်။
ဥဇဘက်ကစ္စတန်နိုင်ငံမှာ ရှီနဲ့ ပူတင်တို့ကြား တွေ့ဆုံမှုကို ဥဇလက်ကစ္စတန်နိုင်ငံက ရှေးဟောင်း ပိုးလမ်းမမြို့မှာ ကျင်းပမယ့် ရှန်ဟိုင်းပူးပေါင်းဆောင်ရွက်ရေးအဖွဲ့ရဲ့ ထိပ်သီးအစည်းအဝေး အပြီးပြုလုပ်မှာဖြစ်ပါတယ်။
တရုတ်နိုင်ငံဟာ ရုရှားရဲ့ ရေနံကို အများဆုံးဝယ်ယူသူဖြစ်တဲ့အတွက် မော်စကိုရဲ့နိုင်ငံတော် ဘဏ္ဍာအတွက်အဓိကဝင်ငွေတွေထဲက တစ်ခုဖြစ်ပါတယ်။
Ref: CNA