မနီလာ – စက်တင်ဘာ(၁၅)
ဖိလစ်ပိုင်သမ္မတဖာဒီနန်မားကိုစ့်ဂျူနီယာဟာ နိုင်ငံရဲ့ မူးယစ်ဆေးပြဿနာနဲ့ ပတ်သက်ပြီး သမ္မတဟောင်းဒူတာတေးရဲ့ လမ်းစဉ်အတိုင်းလုပ်ဆောင်မှာ မဟုတ်သလို နိုင်ငံတကာရာဇဝတ် ခုံရုံး(ICC) ကဒူတာတေးအပေါ်ဆွဲဆိုထားတဲ့ ပြစ်မှုတွေအတွက်လည်း အကာအကွယ်ရေးသွား မှာဖြစ်တယ်လို့ ဆိုပါတယ်။
သမ္မတရာထူးရရှိပြီးနောက်ပိုင်း သူ့ရဲ့ ပထမဆုံးအင်တာဗျူးမှာ မားကိုစ့်က တားဆီးကာကွယ် ရေးနဲ့ ပြန်လည်ထူထောင်ရေးတို့ကို ပိုမိုအာရုံစိုက်ကာ မူးယစ်ဆေးဝါးတိုက်ဖျက်ရေးလှုပ်ရှားမှု တွေကိုလုပ်ဆောင်သွားဖို့ရှိတယ်လို့ ပြောဆိုခဲ့တာပါ။
မူးယစ်ဆေးရဲ့ ဆိုးကျိုးတွေနဲ့ ပတ်သက်ပြီး ကလေးငယ်တွေကို သင်ကြားပေးမှာဖြစ်သလို အစိုးရက မူးယစ်ဆေးစွဲနေသူတွေကိုလည်း ဆေးဝါးကုသပေးမှာဖြစ်တယ်လို့ သိရပါတယ်။
“မူးယစ်ဆေးတိုက်ဖျက်ရေးစစ်ပွဲက ဆက်ရှိနေဦးမှာပဲ၊ ဒါပေမယ့် ကျွန်တော်တို့က တခြား နည်းလမ်းနဲ့လုပ်ရမှာပဲ။ တကယ်တော့၊ အခုအချိန်မှာ ပြန်လည်ထူထောင်ရေးအစီအစဉ်အတွက် အကောင်းဆုံးနည်းလမ်းကို ပုံဖော်ဖို့ ကျွန်တော်တို့ ကြိုးစားနေပါတယ်။ ဒါတွေအားလုံးကို ပုံဖော်နေပါတယ်” လို့ မစ္စတာမားကို့စ်က ပြောခဲ့ပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၆ ခုနှစ်ဒူတာတေး အာဏာရချိန်ကစပြီး ပြင်းထန်တဲ့ မူဝါဒနဲ့ မူးယစ်ဆေးဝါး တိုက်ဖျက်ရေးတွေကြောင့် သေဆုံးမှဒ ထောင်ပေါင်းများစွာအတွက် ပဏာမစုံစမ်းစစ်ဆေးမှု ခံယူခဲ့ရပြီးနောက် ၂၀၀၉ ခုနှစ်မှာ ICC ကနေဖိလစ်ပိုင်နိုင်ငံကို နုတ်ထွက်ခိုင်းခဲ့ပါတယ်။
အဲ့ဒီနောက်မှာတော့ ရာဇဝတ်မှုတွေကို စစ်ဆေးနေပြီလို့ ဖိလစ်ပိုင်က ပြောဆိုခဲ့ပြီး (၂) လအကြာ မှာမူးယစ်ဆေးဝါးစစ်ပွဲနဲ့ ပတ်သက်ပြီး ICC က အပြည့်အဝ စုံစမ်းစစ်ဆေးဖို့ ခွင့်ပြုခဲ့ပေမယ့် မကြာခင်မှာ ဆိုင်းငံ့ခဲ့တယ်လို့ သိရပါတယ်။
လက်ရှိအာဏာရသမ္မတ မားကိုစ့်ဟာ ဒူတာတေးမိသားစုကို သူ့ရဲ့ မဟာမိတ်အဖြစ် သတ်မှတ် ထားပြီး မစ္စတာဒူတာတေးရဲ့ သမီးဆာရာဒူတာတေးဟာ လက်ရှိအချိန်မှာတော့ ဒုတိယသမ္မတ ဖြစ်ပါတယ်။
ICC ကိစ္စနှင့်ပတ်သက်ပြီး တွေ့ဆုံမေးမြန်းမှုမှာ မစ္စတာမားကိုစ့်က အဲ့ဒီအဖွဲ့အစည်းဟာ နိုင်ငံ တစ်နိုင်ငံရဲ့ တရားစီရင်ရေးမလုပ်ဆောင်တော့တဲ့အချိန်ရောက်မှသာ ဝင်ရောက်သင့်တယ်လို့ ပြောဆိုထားပါတယ်။
“ရိုးရှင်းစွာပြောရရင် ICC ဟာ နိုင်ငံတစ်နိုင်ငံမှာ တရားစီရင်ရေးမဏ္ဍိုင်မရှိတော့တဲ့အခါ အရေးယူဆောင်ရွက်သင့်ပါတယ်။ဖိလစ်ပိုင်မှာ ဒီလိုအခြေအနေမျိုး မရှိတော့ပါဘူး။ ဒါကြောင့် ဖိလစ်ပိုင်မှာ ICC က ဘယ်လိုအခန်းကဏ္ဍကနေမှ ပါဝင်လာမလဲဆိုတာ ကျွန်တော်မမြင်ပါဘူး” လို့ ဖိလစ်ပိုင် သမ္မတ မားကိုစ့်က ပြောဆိုခဲ့ပါတယ်။
Ref: The Straitstime