ဘန်ကောက် – စက်တင်ဘာ(၁၅) 

ထိုင်းအစိုးရဟာ ဂိုလွဒ်မြစ်ငယ်ကို ဖြတ်ပြီး တံတားအသစ်တည်ဆောက်ဖို့အစီအစဉ်ရှိနေကာ အဲ့ဒီတံတားကို နယ်စပ်ဖြတ်ကျော်မှုအတွက် အသုံးပြုသွားမှာဖြစ်တယ်လို့ပြောဆိုခဲ့ပြီး ထိုင်းနဲ့ မလေးရှားအစိုးရတို့ဟာ နာရာသီဝဂ် ပြည်နယ်က ဆန်ဂိုင်ဂိုလွဒ်ခရိုင်နဲ့ ကီလန်တန် ကိုဆက်သွယ် ပေးမယ့် အဲ့ဒီတံတားဟာ ခရီးသွားလုပ်ငန်းနဲ့ ကုန်သွယ်မှုဆက်ဆံရေးမြှင့်တင်နိုင်မှာဖြစ်တယ် လို့ ပြောဆိုထားပါတယ်။ 

ဒီတံတားဟာ မြစ်ပေါ်မှာ တည်ဆောက်မယ့် တတိယမြောက် တံတားဖြစ်ပြီး ဆန်ဂိုင်ဂိုလွဒ် ခရိုင်မှာရှိတဲ့ “Harmony Bridge” နဲ့ မလေးရှားက ရန်သူပန်ဂျန်ကို ဆက်သွယ်တည်ဆောက် သွားမှာဖြစ်ပြီး ဒုတိယတံတားကတော့ မလေးရှားနိုင်ငံဘူခတ်ဘူင မြို့နဲ့ နာရာသီဝဒ် ခရိုင်က ဘူကီတရွာတို့ကို ဆက်သွယ်တည်ဆောက်သွားမှာဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့ ဩဂုတ်လက ထိုင်းနိုင်ငံခြားရေးဝန်ကြီးနဲ့ မလေးရှားနိုင်ငံခြားရေးဝန်ကြီးတို့ဟာ ၂၀၂၅ ခုနှစ်မှာ နှစ်နိုင်ငံကုန်သွယ်မှုရည်မှန်းချက် အမေရိကန်ဒေါ်လာ(၃၀) ဘီလျံရရှိဖို့ အတွက် နယ်စပ် မှာအခြေခံအဆောက်အအုံတွေ တိုးမြှင့်တည်ဆောက်ဖို့ သဘောတူဆွေးနွေးခဲ့ကြတာ ဖြစ်ပါတယ်။ 

ထိုင်းနဲ့ မလေးရှားတို့ကြား ကုန်သွယ်ရေး ချိတ်ဆက်မှု တိုးတက်စေဖို့အတွက် မရှိမဖြစ်လိုအပ်တဲ့ ဘူခေတ်နဲ့ ဆာဒေါဝ် တို့ကို ဆက်သွယ်တဲ့ အကောက်ခွန်ဆိုင်ရာ လမ်းမကြီးတစ်ခု ဖောက်လုပ်ဖို့ မျှော်လင့်ထားတယ်လို့ ဆိုကြပါတယ်။ 

မလေးရှားနိုင်ငံ ပန်ကလန်ကူဘောကိုနာရာသီဝဂ် ပြည်နယ် တာ့ခ်ဘိုင်ခရိုင်နဲ့ ဆက်သွယ်တဲ့ (၄) စင်းမြောက်တံတားတည်ဆောက်ရေးကို နှစ်နိုင်ငံက စဉ်းစားနေပြီး ဆွေးနွေးမှုတွေ ဆက်လက် မလုပ်ဆောင်ခင် နယ်မြေအကဲဖြတ်တာနဲ့ မြေမျက်နှာသွင်ပြင်စစ်တမ်းကို ဆောင်ရွက်သွားမှာ ဖြစ်တယ်လို့ သိရပါတယ်။ 

တံတားသစ်ဟာ ကုန်းကြောင်းနယ်နိမိတ်မှာ တည်ရှိနေတဲ့အတွက် နှစ်နိုင်ငံကြား ခရီးသွားလာ ရေးလွယ်ကူချောမွေ့စေဖို့ ရည်ရွယ်ပြီး ဇူလိုင်လမှာ မလေးရှားနိုင်ငံသားတွေဟာ ထိုင်နိုင်ငံကို ဝင်ရောက်လာတဲ့ နိုင်ငံခြားသာအဖြစ် ဆောင်ခလာပြည်နယ်က နယ်စပ်က ရောက်ရှိလာတာ တွေရှိနေပါတယ်။ 

မလေးရှာနိုင်ငံဟာ ထိုင်းခရီးသွားတွေကြားမှာ ရေပန်းစားတဲ့ နေရာတစ်ခုဖြစ်လာပြီး စင်္ကာပူ နိုင်ငံသားတွေဟာ မလေးရှားနိုင်ငံကို နိုင်ငံခြားသားဝင်ရောက်မှုမှာတော့ နံပါတ်(၁) နေရာမှာ ရှိနေတယ်လို့ သိရပါတယ်။ 

ထိုင်းနဲ့မလေးရှားကိုပိုင်းခြားထားတဲ့ ကျဉ်းမြောင်းတဲ့ မြစ်ဟာ ဒေသခံထိုင်းနဲ့ မလေးရှားနိုင်ငံ သားတွေ ခိုးဝင်ဖို့ လွန်ကူတဲ့အတွက် ဆန်ဂိုင်ဂိုလွဒ်ဟာ နာမည်ဆိုးနဲ့ ကျော်ကြားတဲ့ မြို့တစ်မြို့ လည်းဖြစ်ပါတယ်။ 

Ref: VNA, Thaiger 

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.