ရန်ကုန် – စက်တင်ဘာ (၁၄)
ရန်ကုန်မြို့ သာကေတမြို့နယ် ကမာကြည်တံတားပေါ်ကနေ ဒီနေ့မနက် (၁၀) နာရီလောက်က အမျိုးသားတစ်ဦး ခုန်ချခဲ့လို့ သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့က သတင်းထုတ်ပြန်ထား ပါတယ်။
လက်ရှိအချိန်ထိ ခုန်ချခဲ့တဲ့သူကို ပြန်လည်ရှာဖွေတွေ့ရှိတာ မရှိသေးဘူးလို့ ဆိုထားပြီး တာဝန်ရှိသူတွေက ဆက်လက်ရှာဖွေနေတယ်လို့ လူမှုကူညီရေးအသင်းက ဖော်ပြထားပါတယ်။
“ကျွန်တော်တို့အခုချိန်ထိမရေသးပါဘူး။ ရှာဖွေကယ်ဆယ်ရေးတွေဆက်ပြီးတော့ လုပ်ဆောင်နေ ပါတယ်” လို့ သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့က တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ် ကိုပြောပါတယ်။
သာကေတမြို့နယ်ကမာကြည်တံတားပေါ်ကနေ အရင်ကလည်း လူတွေခုန်ချတာတွေရှိခဲ့ဖူးပေ မယ့် လွန်ခဲ့တဲ့ (၄) နှစ်လောက်ကသာရှိခဲ့တာဖြစ်တယ်လို့ သူကပြောပါသေးတယ်။
တံတားပေါ်ကခုန်ချသွားသူဟာ ဘယ်သူဘယ်ဝါဖြစ်တယ်ဆိုတာ သိရှိပြီးဖြစ်သလို သူ့ရဲ့ နေရပ်လိပ်စာကိုလည်း ရရှိထားပြီးဖြစ်တယ်လို့ သိရပါတယ်။
သတင်း – သံလွင်တိုင်းမ်
ဓာတ်ပုံ – သာကေတမြို့နယ်လူမှုကူညီရေးအဖွဲ့