မော်စကို – စက်တင်ဘာ(၁၃)

မော်စကိုနဲ့ စိန့်ပီတာစဘတ်တို့က မြို့နယ်အုပ်ချုပ်ရေးအဖွဲ့ ဒါဇင်ပေါင်းများစွာဟာ သမ္မတ ဗလာဒီမာပူတင်ကို ရာထူးက နုတ်ထွက်ဖို့ အိတ်ဖွင့်ပေးစားပေးပို့တောင်းဆိုလိုက်ပါတယ်။

ဒေသဆိုင်ရာ ရွေးကောက်ပွဲတွေမှာ မဲမသမာမှုတွေရှိနေတာနဲ့ ယူကရိန်းကိုကျူးကျော်စစ်မှာ အကြီးမားဆုံးဆုတ်ယုတ်မှုဖြစ်စေတဲ့ အတွက်ကြောင့် ရုရှားသမ္မတကို ရာထူးကဆင်းပေးဖို့ တောင်းဆိုနေကြတာပါ။

ရုရှားက ယူကရိန်းကို ကျူးကျော်ပြီးနောက်ပိုင်း စစ်ဆန့်ကျင်ရေးနဲ့ သဘောထားကွဲလွဲမှု အားလုံး ကိုတားမြစ်ပိတ်ပင်ထားတဲ့ ဥပဒေသစ်ကြောင့် နှုတ်ထွက်ပေးဖို့ တောင်းဆိုထားသူတွေအနေနဲ့ ဥပဒေအရ ပြစ်ဒဏ်ပေးခံရဖို့ အန္တရာယ်ရှိနေပါတယ်။

“သမ္မတပူတင်ရဲ့ လုပ်ရပ်တွေဟာ ရုရှားနဲ့ သူ့ရဲ့နိုင်ငံသားတွေရဲ့ အနာဂတ်ကို ထိခိုက်စေပါတယ်” လို့ စိန့်ပီတာစဘတ်ခရိုင် လက်ထောက်တစ်ဦးဖြစ်သူက သူ့ရဲ့ လူမှုကွန်ရက် တွစ်တာ စာမျက်နှာမှာ ဖော်ပြထားတဲ့ အသနားခံစာမှာဖော်ပြထားပါတယ်။

ရုရှားဖက်ဒရေးရှင်းသမ္မတရာထူးကနေ ပူတင်နုတ်ထွက်ပေးဖို့ တောင်းဆိုပြီး ကနဦး လက်မှတ် ရေးထိုး ထားတဲ့ ကိုယ်စားလှယ်(၁၉) ဦးရှိခဲ့ကာ နောက်ထပ် လက်မှတ်ထိုးတောင်းဆိုခဲ့သူ (၈၄) ဦးကလည်း စက်တင်ဘာလ(၁၂) ရက်နေ့က ထပ်မံတောင်းဆိုထားပါတယ်။

လွတ်လပ်သော ရွေးကောက်ပွဲ စောင့်ကြည့်ရေးအဖွဲ့ဂိုလိုစ့်က ရုရှားနိုင်ငံရဲ့ ဒေသဆိုင်ရာ ရွေးကောက်ပွဲတွေမှာ ကရင်မလင်ကိုလိုလားသော ကိုယ်စားလှယ်လောင်းတွေကို မဲထည့်တာ၊ ခြိမ်းခြောက်တာ၊မဲဝယ်တာနဲ့ မဲပုံသွင်းတာတွေပြုလုပ်ခဲ့တယ်လို့ ဆိုထားပါတယ်။

စိန့်ပီတာစဘတ်မြို့ခရိုင်လက်ထောက်တစ်ဦးက သမ္မတကို နိုင်ငံတော်သစ္စာဖောက်မှု စွဲချက်နဲ့ စုံစမ်းဖို့ နိုင်ငံတော် Duma ကိုတောင်းဆိုခဲ့ပြီးနောက်မှာတော့ ပူတင်ကို ရာထူးက နုတ်ထွက်ဖို့ ထိပ်တန်းတာဝန်ရှိသူတွေဆီက တောင်းဆိုမှုတွေ ထွက်ပေါ်လာခဲ့တာ ဖြစ်ပါတယ်။

Ref: The Moscowtimes

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.