ဒါဒူ၊ စက်တင်ဘာ ၁၃

ပါကစ္စတန်အာဏာပိုင်တွေဟာ နိုင်ငံတောင်ပိုင်းမှာရှိတဲ့ ဒါဒူမြို့မှာ ရေစီးဆင်းမှုကောင်းစေဖို့နဲ့ ရေမြုပ်ခြင်းမှ ကာကွယ်ဖို့အတွက် အဓိက သယ်ယူပို့ဆောင်ရေးလမ်းကြောင်းဖြစ်တဲ့ အင်ဒပ်အဝေးပြေးလမ်းမကြီးကို ချိုးဖျက်ပစ်ဖို့ စီစဉ်နေတယ်လို့ တာဝန်ရှိသူတွေက ပြောပါတယ်။

ပါကစ္စတန်နိုင်ငံ မြောက်ပိုင်းမှာ  စံချိန်တင် မုတ်သုံလေဝင်ရောက်မှုနဲ့ ရေခဲပြင်တွေ အရည်ပျော်မှုကြောင့် ရေကြီးမှုဖြစ်ပေါ်ပြီး လူပေါင်း (၃၃) သန်းကျော် ထိခိုက်ခဲ့ပါတယ်။  အနည်းဆုံး လူပေါင်း(၁၃၉၁) ဦး သေဆုံးကာ နေအိမ်တွေ၊လမ်းတွေနဲ့ ရထားလမ်းတွေ၊ တိရစ္ဆာန်တွေနဲ့ ကောက်ပဲသီးနှံတွေ ရေနဲ့ မျောပါသွားခဲ့ရတာပါ။

ပါကစ္စတန်ရေလွှမ်းမိုးမှုကြောင့် ပျက်စီးဆုံးရှုံးမှုတန်ဖိုး အမေရိကန်ဒေါ်လာ (၃၀) ဘီလီယံခန့် ခန့်မှန်းထားပြီး အစိုးရနှင့် ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် အန်တိုနီယို ဂူတာရက်စ်တို့က ရေလွှမ်းမိုးမှုဟာ ပြင်းထန်သော ရာသီဥတုနှင့် ရာသီဥတုဖောက်ပြန်မှုကြောင့်လို့ ပြောဆိုခဲ့ကြပါတယ်။ 

ဒါဒူခရိုင်ရှိ အင်ဒပ်အဝေးပြေးလမ်းမကြီး ရေနစ်မြုပ်တာဟာ အနည်းဆုံး အချက်သုံးချက်ရှိပြီး ယာဉ်ဖြတ်သန်းမှုကိုလည်း ရက်သတ္တပတ်များစွာ ရပ်ဆိုင်းထားရပါတယ်။ ပါကစ္စတန်ရဲ့ မြောက်နှင့်တောင်ကို ဆက်သွယ်ထားတဲ့ အခြားသော အဝေးပြေးလမ်းမကြီးမှာလည်း ရေလွှမ်းမိုးမှုဒဏ်ကို ဆိုးရွားစွာ ခံစားနေခဲ့ရတာဖြစ်ပါတယ်။ 

“တိုင်းပြည်ရဲ့ အစိတ်အပိုင်းတွေ ထိခိုက်ခဲ့တဲ့ တခြားရေကြီးမှုတွေ အားလုံး ပြန်လည်ထူထောင်ရေး အဆင့်ကို ရောက်နေပြီ၊ ဒါပေမယ့် ဒီရေကြီးရေလျှံမှုတွေ၊ တောင်ကျချောင်းရေတွေ မကုန်မချင်း ငါတို့ ခြေမဆန့်နိုင်သေးဘူး” လို့ ခရိုင်ကော်မရှင်နာက တနင်္ဂနွေနေ့မှာ ပြောကြားခဲ့ပြီး ဒါဟာ အဝေးပြေးလမ်းကို ဖောက်ဖျက်ရမယ်လို့ အဓိပ္ပါယ်သက်ရောက်တယ်လို့ ပြောပါတယ်။ 

နိုင်ငံရဲ့ မိုးရေချိန်ဟာ ဇူလိုင်လနှင့် သြဂုတ်လမှာ နှစ်ပေါင်း ၃၀ အတွင်း ပျမ်းမျှထက် ၁၉၀ ရာခိုင်နှုန်းနီးပါး မိုးရွာသွန်းပြီးနောက် သဘာဝဘေးအန္တရာယ် အပြီး ပြန်လည်တည်ဆောက်ရေး အစီအစဉ်ကို ရေးဆွဲဖို့အတွက် ပါကစ္စတန်ရဲ့ လိုအပ်ချက်တွေကို အကဲဖြတ်ဖို့ ကုလသမဂ္ဂ အေဂျင်စီက စတင်လုပ်ဆောင်နေပြီလည်း ဖြစ်ပါတယ်။

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.