ဘန်ကောက်၊ စက်တင်ဘာ ၁၃

ထိုင်းနိုင်ငံက ဘဏ်တွေ အနေနဲ့ နယ်စပ်ဖြတ်ကျော် QR ကုဒ်စနစ် ငွေပေးချေမှုနည်းလမ်းကို မြှင့်တင်ဆောင်ရွက်လျှက်ရှိနေပြီး  ဒစ်ဂျစ်တယ်စနစ်ငွေပေးချေမှု နည်းလမ်းတွေကို အာဆီယံနိုင်ငံတွေအကြားမှာ အသုံးပြုနိုင်အောင် ဆောင်ရွက်နေပါတယ်။

QR ငွေပေးချေမှုတွေနဲ့ ပြည်တွင်းငွေလွှဲပြောင်းတဲ့ ဝန်ဆောင်မှုဖြစ်တဲ့ PromptPay ကတော့  ၎င်းရဲ့ရိုးရှင်းမှု၊ လျင်မြန်မှုနဲ့ အဆင်ပြေမှုတွေကြောင့် ထိုင်းနိုင်ငံတဝှမ်း ကျယ်ကျယ်ပြန့်ပြန့် သုံးစွဲနေတာပါ။

Prompt pay ဟာ မတူညီတဲ့ ဘဏ်တွေအကြား ငွေလွှဲပြောင်းရာမှာပဲ ဖြစ်ဖြစ်၊ ပေးချေရာမှာပဲ ဖြစ်ဖြစ် ဘဏ်အကောင့်နံပါတ်၊ ဘဏ်နာမည် ထည့်သွင်းစရာမလိုပဲ  Banking ဆော့ဝဲတွေမှာရှိတဲ့ Scan ပြုလုပ်တဲ့ နည်းလမ်းမှ တဆင့် ဘားကုတ်တွေကို စကင်ဖတ်ပြီး  လွယ်ကူရိုးရှင်းစွာ သုံးနိုင်တယ်လို့ ဆိုပါတယ်။ 

Bank of Thailand (BoT) ထိုင်းနိုင်ငံ့ဘဏ်ကတော့  ကမ္ဘောဒီးယား၊ ဗီယက်နမ်၊ စင်ကာပူ၊ မလေးရှား၊ အင်ဒိုနီးရှားနှင့် အင်ဒိုနီးရှားတို့အပါအဝင် အာဆီယံနိုင်ငံတွေနဲ့ နယ်စပ်ဖြတ်ကျော် QR ကုဒ်စနစ် ငွေပေးချေမှုဆိုင်ရာ ချိတ်ဆက်မှု ပလက်ဖောင်းကို စတင်တဲ့ အနေနဲ့ ၎င်းရဲ့ ဝန်ဆောင်မှုတွေကို မကြာသေးမီကာလအတွင်းက   တိုးချဲ့ခဲ့တာပါ။

ဒီချိတ်ဆက်မှုအောက်မှာတော့ နိုင်ငံအသီးသီးမှာရှိတဲ့ စားသုံးသူတွေနဲ့ ကုန်သည်တွေဟာ   နယ်စပ်ဖြတ်ကျော် QR ကုဒ်မှတစ်ဆင့် ငွေပေးချေမှုနည်းလမ်းနဲ့ ရုတ်ချည်း ပေးချေခြင်းနှင့် လက်ခံခြင်းကို ထိုင်းနိုင်ငံရဲ့ဘဏ် ဆော့ဖ်ဝဲတွေမှာ အသုံးပြုရလာနိုင်ပြီး  ဘေးကင်းတဲ့ နယ်စပ်ဖြတ်ကျော်ငွေပေးချေမှုတွေကို ခံစားနိုင်မှာ ဖြစ်ပါတယ်။

မကြာမီကာလအတွင်းမှာ Bank of Thailand (BoT) ထိုင်းနိုင်ငံ့ဘဏ်ဟာ ပိုမိုမြန်ဆန်၊ ဈေးသက်သာပြီး ပိုမိုပွင့်လင်းတဲ့ ဒစ်ဂျစ်တယ်စီးပွားရေးကို မောင်းနှင်ဖို့အတွက် နယ်စပ်ဖြတ်ကျော်ငွေပေးချေမှု “ဂေဟစနစ်” ကို အခြားနိုင်ငံတွေကို တိုးချဲ့မယ် လို့လည်း သိရပါတယ်။

Prompt pay ဟာ ထိုင်းနိုင်ငံရဲ့ တရားဝင် ဒစ်ဂျစ်တယ် ငွေပေးချေမှုနည်းလမ်းဖြစ်ပြီး Crypto နှင့် ဆက်စပ်တဲ့ ဒစ်ဂျစ်တယ် ငွေကြေးဖြင့် လွှဲပြောင်းပေးချေခြင်းများကိုမူ ထိုင်းနိုင်ငံရဲ့ ဘဏ္ဍာရေးဆိုင်ရာ  လုံခြုံရေးနှင့် ဖလှယ်ရေးကော်မရှင်မှ သုံးစွဲခွင့် ကန့်သတ်ထားတယ်လို့ ဆိုပါတယ်။

ထိုင်းနိုင်ငံမှာ ဘဏ်လုပ်ငန်းပေါင်း ၁၃ ခုရှိပြီး ၎င်းတို့အနက် ဘန်ကောက်ဘဏ်၊ ကာဆီကွန်ဘဏ်တို့ဟာ လူသုံးများတဲ့ ဘဏ်တွေ ဖြစ်ပါတယ်။

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.