ပြုံယမ်း – စက်တင်ဘာ(၁၃) 

မြောက်ကိုရီးယားနိုင်ငံ ချောင်ဂျင်က ရဲတွေဟာ ပြီးခဲ့တဲ့ ဩဂုတ်လနှောင်းပိုင်းကတည်းက ပုဂ္ဂလိက ပိုင်ဆံပင်ညှပ်ဆိုင်နဲ့ အလှပြင်ဆိုင်တွေကို ပိတ်ပစ်ခဲ့တယ်လို့ Daily NK သတင်းရင်းမြစ်တစ်ခုက ဖော်ပြထားပါတယ်။ 

အဓမ္မဖြိုခွင်းမှုနဲ့အတူ အာဏာပိုင်တွေက ဝန်ဆောင်မှုပေးနေတဲ့ ဆံပင်ညှပ်ဆရာတွေကို အစိုးရပိုင်တဲ့ ဆိုင်တွေမှာ အလုပ်လုပ်ခိုင်းခဲ့တယ်လို့ ဖော်ပြထားတာပါ။ 

မြောက်ကိုရီယားနိုင်ငံမှာ အစိုးရပိုင်ဆံပင်ညှပ်ဆိုင်တွေနဲ့ အလှပြင်ဆိုင်တွေကိုသာ တရားဝင် ဖွင့်လှစ်ခွင့်ပြုထားပြီး နိုင်ငံတော်ကို အခွန်ပေးဆောင်ခိုင်းထားတာ ဖြစ်ကာ ပုဂ္ဂလိက ဆံပင်ညှပ် ဆိုင်တွေနဲ့ အလှပြင်ဆိုင်တွေဟာ အခွန်မဆောင်ရဘဲ ဝင်ငွေတွေအကုန်ရယူနိုင်တယ်လို့ သိရပါ တယ်။ 

အာဏာပိုင်တွေက တရားမဝင် အဆောက်အအုံတွေကို ဖယ်ရှားကာ ပြည်သူတွေရဲ့ အစိုးရပိုင် အဆောက်အအုံကိုအသုံးပြုပြီး ပြည်သူ့ဘဏ္ဍာအတွက် စုဆောင်းဖို့ ရည်ရွယ်ထားတယ်လို့ ပြော ဆိုထားကြပါတယ်။ 

“ပြည်သူတွေ ငတ်သေနေချိန်မှာ မိုက်မဲစွာ ဆော့ကစားရင်း အခု အစိုးရဟာ လူတွေရဲ့ စားဝတ် နေရေးကို ခိုးယူနေတယ်၊ ပြည်သူတွေက နိုင်ငံတော်ဆီမှ ဘာမှမတောင်းဆိုဘဲ ကိုယ့်ဘာသာ ကိုယ် ကြိုးစားဖြေရှင်းနေတာကို ကျေးဇူးတင်ရမယ်” လို့ ပြည်သူတွေကြား ပြောဆိုတာ တွေရှိ နေကြပါတယ်။ 

ဒါ့အပြင် ပုဂ္ဂလ်က ဆံပင်ညှပ်ဆိုင်တွေနဲ့ အလှပြင်ဆိုင်လုပ်ကိုင်နေတဲ့သူတွေကို နှိမ်နင်းဖို့ အစိုးရက ရဲတပ်ဖွဲ့ဝင်တွေကို အသုံးပြုနေသလို ပြည်သူတွေကလည်း ခုခံမှုတွေ ရှိနေတဲ့ အတွက် နိုင်ငံက ရဲတပ်ဖွဲ့နဲ့ ပြည်သူတွေကြား တင်းမာမှုတွေကို ဖန်တီးနေတဲ့ ပုံစံဖြစ်တယ်လို့ ပြည်သူတစ်ဦးက ပြောပါသေးတယ်။ 

ပြီးခဲ့တဲ့ ဩဂုတ်လနှောင်းပိုင်းမှာ ချောင်ဂျင်းက ရဲတပ်ဖွဲ့ဝင်တွေဟာ အိမ်အတွင်းနဲ့ လမ်းဘေးမှာ စီးပွားဖြစ် ဆံပင်ညှပ်ဆိုင်တွေကို နှိမ်နင်းဖြိုခွဲခဲ့ပြီး ပုဂ္ဂလိကဆံပင်ညှပ်ဆိုင်တွေနဲ့ အလှပြင်ဆိုင် တွေဟာ လူမှုရေးမတည်မငြိမ်ဖြစ်စေတဲ့လုပ်ရပ်ဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောဆိုထားပါတယ်။ 

ကိုယ်ပိုင်ဆံပင်ညှပ်ဆိုင်တွေကို ဖြိုခွဲမှုမှာ ဖမ်းမိသူတွေကို ဒဏ်ငွေ KPW (၁၀၀၀၀၀) နဲ့ ကျူးလွန် မှုပြစ်ဒဏ်အပေါ်မူတည်ပြီး ရာဇဝတ်ပြစ်မှုဆိုင်ရာ ပြစ်ဒဏ်တွေချမှတ်နိုင်တယ်လို့ သိရပါတယ်။ 

၁၉၉၀ ပြည့်လွန်နှစ်တွေအပြီးမှာ တရားဝင်ခွဲတမ်းစနစ်ပြိုကွဲကာ အသက်မွေးဝမ်းကျောင်းပြုဖို့ နည်းလမ်းအဖြစ် မြောက်ကိုရီးယားနိုင်ငံသားတွေဟာ တရားမဝင်ဆံပင်ညှပ်ဆိုင်တွေနဲ့ အလှပြင် ဆိုင်တွေကို ကိုင်ပိုင်ဖွင့်လှစ်လာကြတာဖြစ်ပါတယ်။ 

ကိုယ်ပိုင်ဆံပင်ညှပ်ဆိုင်တွေနဲ့ အလှပြင်ဆိုင်တွေဟာ ငယ်ရွယ်သူတွေကြားမှာ အထူးရေပန်းစားခဲ့ ပြီးဆိုင်တွေကလည်း ပြည်သူတွေနှစ်သက်တဲ့ ပုံတွေကိုညှပ်ပေးတယ်လို့ သိရပါတယ်။ 

မြောက်ကိုရီးယားနိုင်ငံဟာ ပုဂ္ဂလ်ကပိုင်ဆံပင်ညှပ်ဆိုင်တွေနဲ့ အလှပြင်ဆိုင်တွေကို ငွေရှာဖို့ တရားမဝင်နည်းလမ်းတွေနဲ့ တစ်သီးပုဂ္ဂလဝါဒ ကိုအားပေးတဲ့ ဆိုရှစ်လစ်ဆန့်ကျင်ရေးနဲ့ ဆိုရှစ်လစ်မဟုတ်တဲ့ အပြုအမူဆိုတဲ့ အမြင်နဲ့ ပြင်းပြင်းထန်ထန်နှိမ်နင်းနောလို့ သိရပါတယ်။

Ref: Daily NK

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.