Radio Than Lwin Times(10/9)
Youtube Link Sound Cloud Link
Youtube Link Sound Cloud Link
ပေါက် – စက်တင်ဘာ(၁၂) မကွေးတိုင်း ပခုက္ကူခရိုင်မှာ အထိုင်ချထားတဲ့ ပေါက်တပ်ရင်း(၄)၊တပ်ခွဲ(၁) သိန်းငှက်ပျောက်ကြား တပ်ဖွဲ့ရဲ့ အမည်ကို သုံးပြီး ပြည်သူတွေဆီက လိမ်လည်အလှူခံတာတွေရှိနေတဲ့အတွက် သတိထား ပြီးလှူကြဖို့ တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။ လိမ်လည်သူတွေဟာ သိန်းငှက်ပျောက်ကြား PAUK အမည်နဲ့ Facebook စာမျက်နှာ ဖွင့်လှစ်ကာ လိမ်လည်အလှူခံနေတာကြောင့် မှားယွင်းလှူဒါန်းပြီး ငွေကြေးဆုံးရှုံးတာတွေဖြစ်မှာ စိုးရိမ်လို့ ပြည်သူလူထုကို အသိပေးတာဖြစ်တယ်လို့…
မော်လမြိုင် – စက်တင်ဘာ(၁၁) စစ်ကောင်စီတပ်တွေဟာ စိတ်ဓာတ်၊စည်းကမ်း၊ကျင့်ဝတ်ကင်းမဲ့ရုံမက စစ်တိုက်နိုင်စွမ်းမရှိတော့ သလို အပြစ်မဲ့ ပြည်သူတွေကို ရန်ရှာ၊မီးရှို့သတ်ဖြတ်ဖို့သာတက်နိုင်တော့တဲ့ လက်မရွံ့လူသတ်ဓားပြ ဂိုဏ်းအဆင့်ကို လျှော့ကျသွားပြီဖြစ်တယ်လို့ ကာကွယ်ရေးဝန်ကြီးရုံးထုတ်ပြန်ထားပါတယ်။ ဒီနေ့ စက်တင်ဘာလ(၁၁) ရက်နေ့မှာ NUGကာကွယ်ရေးဝန်ကြီးဌာနကပြည်သူ့သားကောင်းများကို ပေးပို့တဲ့ဂုဏ်ပြုသဝဏ်လွှာမှာ အခုလိုပြောဆိုထားတာပါ။ “စစ်ကောင်စီတပ်ဟာ စိတ်ဓါတ်၊ စည်းကမ်း၊ ကျင့်ဝတ် ကင်းမဲ့ရုံမက အခုဆိုရင် စစ်တိုက်နိုင်စွမ်း လည်းမရှိ၊ အပြစ်မဲ့ပြည်သူကို ရန်ရှာ၊…
ထီးလင်း – စက်တင်ဘာ(၁၁) စစ်ကောင်စီရဲ့ လက်နက်ခဲယမ်းလမ်းကြောင်းနဲ့ ထုတ်ကုန်ပစ္စည်းတွေကို စစ်ဆေးဖို့အတွက် ထီးလင်းမြို့နယ်မှာ နယ်မြေစိုးမိုးထားတဲ့ YDF-Htilin က စစ်ဆေးရေးဂိတ်တွေဖွင့်ပြီး လုံခြုံရေး ဆောင်ရွက်နေတယ်လို့ တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ်လနောက်ဆုံးအပတ်ထဲက စစ်ဆေးရေးဂိတ်(၄) ဂိတ်နဲ့ စတင်ဆောင်ရွက်နေတာ ဖြစ်တယ်လို့ သိရပါတယ်။ “ပထမတစ်ခုက ပြည်သူကိုလုံခြုံမှုပေးဖို့၊ ဒုတိယအချက်ကတော့ စစ်ကောင်စီထုတ်ကုန် ပစ္စည်း တွေကိုကြပ်မတ်နိုင်ဖို့ပေါ့။ တတိယတချက်ကကျတော့…
မဲဆောက်၊ စက်တင်ဘာ ၁၁ ထိုင်း အထည်ချုပ် စက်ရုံမှာ အလုပ်လုပ်နေတဲ့ မြန်မာလုပ်သား ၂၀၀ ကျော်ဟာ မတရား အလုပ်ထုတ်ခံရတာကြောင့် စက်ရုံပိုင်ရှင်ကို တရားစွဲဆိုထားဖို့ စီစဉ်နေကြောင်း သိရပါတယ်။ ဒီစက်ရုံဟာ ထိုင်းနိုင်ငံ၊ အုန်းရိုင်ခရိုင်မှာ ရှိနေတာဖြစ်ပြီး နစ်နာကြေး မပေးဘဲ အကြောင်းမဲ့ အလုပ်ထုတ်ခဲ့တာပါ။ စက်ရုံမှာ လုပ်ကိုင်နေကြတဲ့ မြန်မာလုပ်သားတွေဟာ တရားဝင် အလုပ်လုပ်ကိုင်ခွင့် ပန်းရောင်ကတ်…