TLT Tv||- မြဝတီ-ဝေါ်လေလမ်းပိုင်း ထိန်းချုပ်ဖို့ စစ်ကောင်စီ အပြင်းအထန် ကြိုးပမ်းနေ

စစ်ကောင်စီတပ်ဟာ မြဝတီ-ဝေါ်လေ ကားလမ်းမပေါ်က နေရာတွေကို စိုးမိုးထိန်းချုပ်နိုင်ဖို့အတွက် ပြီးခဲ့တဲ့ဇူလိုင်လပိုင်းကစပြီး စစ်အင်အားအများအပြား၊ စစ်လက်နက်မျိုးစုံတွေအပြင် လက်နက်ကြီးပစ်ခတ်တာနဲ့ လေကြောင်းတိုက်ခိုက်မှုတွေကိုပါ အသုံးပြုပြီး နှစ်လကျော်ကြာတဲ့အထိ အပြင်းအထန်ထိုးစစ်ဆင်နွဲခဲ့တာဖြစ်ပါတယ်။

စက်တင်ဘာ ၉ ရက်နေ့ကလည်း မြဝတီ-ဝေါ်လေလမ်းပိုင်း ထိန်းချုပ်ဖို့ ထိုးစစ်နေတဲ့ စစ်ကောင်စီတပ်ကို လက်နက်နဲ့ရိက္ခာတွေ လာပို့တဲ့ စစ်ကောင်စီ တပ်မ(၄၄)လက်အောက်ခံ ခမရ(၁၀၂)က ဗိုလ်ကြီးရဲရင့်မောင်ဦးစီးတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင် စုစုပေါင်း(၆)ဦးကို ကော်ဘရာစစ်ကြောင်းပူးပေါင်းတပ်ဖွဲ့က ဖမ်းဆီးရမိခဲ့တာပါ။

သတင်းအပြည့်အစုံကို ဗီဒီယိုမှာ ဝင်ရောက်ကြည့်ရှုနားဆင်နိုင်ပါတယ်။ Youtube Channel တွင်လည်း ဝင်ရောက်ကြည့်ရှုနားဆင်နိုင်ပါတယ်။

https://youtu.be/0JflscDAuvU

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.