စင်္ကာပူ – စက်တင်ဘာ(၁၁)

ကမ္ဘာ့အင်အားကြီး နှစ်နိုင်ငံဖြစ်တဲ့ အမေရိကန်နဲ့ တရုတ်ကြားစီးပွားရေးစိန်ခေါ်မှုတွေနဲ့တင်းမာမှု တွေတိုးလာနေချိန်မှာ စင်္ကာပူနိုင်ငံသားတွေကြား ယုံကြည်မှုတည်ဆောက်ဖို့ အရေးကြီးတယ်လို့ ဒုတိယဝန်ကြီးချုပ် လောရန့်ဝွန်က စက်တင်ဘာလ(၉) ရက်နေ့မှာ ပြောပါတယ်။

ဒီလိုတင်းမာမှုတွေ ရှိနေတာကြောင့် ဒေသတွင်း ပထဝီနိုင်ငံရေးအရ ပြိုင်ဆိုင်မှုတွေလည်း မြင့်တက်လာနေပြီး စင်္ကာပူဟာဖိ အားတွေနဲ့ ရင်ဆိုင်ရနိုင်တာပါ။ စင်္ကာပူကို အင်အားကြီးနိုင်ငံတွေက အမျိုးမျိုးသောလမ်းကြောင်းတွေကနေ ဆွဲထုတ်နေ တဲ့အတွက် ဘယ်ဖက်ကိုမှမလိုက်ပဲ ပြည်သူတွေအတွက် အမြဲတမ်းရပ်တည်သွားမယ်လို့လည်း  ဘဏ္ဍာရေးဝန်ကြီး တစ်ဖြစ်လည်း မစ္စတာဝန် Mr Wong က ပြောဆိုခဲ့ပါတယ်။

“ဆိုလိုတာက ကျွန်တော်တို့ရဲ့ အရေးကြီးတဲ့ အကျိုးစီးပွားတွေကို ရှင်းရှင်းလင်းလင်း သိထားပြီး ဒီအကျိုးစီးပွားတွေအပေါ် တသမတ်တည်းနဲ့ အခြေခံကျကျ ခိုင်မာစွာ ရပ်တည်တာကို ဆိုလိုပါတယ်။သတင်းမှားတွေ ဝင်လာဖို့ ဘယ်တော့မှ ခွင့်မပြုဘူးလို့ ဆိုလိုတာပါ။ အပြင်က ပြဿနာတွေကို ကိုင်တွယ်ဖြေရှင်းတဲ့အခါ အချင်းချင်း စည်းစည်းလုံးလုံး‌ နေထိုင်ကြရမယ်”လို့ သူကဆို ပါတယ်။

ယူကရိန်းစစ်ပွဲဟာ ဥရောပမှာ ဓာတ်ငွေ့နှင့် စွမ်းအင်ပြတ်လပ်မှုကဲ့သို့သော စီးပွားရေး မသေချာမရေရာတဲ့ အခြေအနေတစ်ခုကို တွန်းပို့နေပြီး ဆောင်းရာသီနီးကပ်လာတာနှင့်အမျှ ပိုဆိုးလာနိုင်တယ်လို့လည်း သူကသုံးသပ်ထားပါတယ်။ ဓာတ်မြေသြဇာ တင်ပို့ရောင်းချတဲ့ နိုင်ငံတွေက စစ်ပွဲတွေ အရှိန်မြှင့်လာနေလို့ ကမ္ဘာလုံးဆိုင်ရာ ဓာတ်မြေသြဇာ ပြတ်လပ်မှုဖြစ်ပေါ်နိုင်ပြီး စားနပ်ရိက္ခာ ရိတ်သိမ်းမှု ထိခိုက်မှာကိုလည်း စိုးရိမ်နေတာပါ။

ဖွံ့ဖြိုးပြီးနိုင်ငံတွေရဲ့ ဗဟိုဘဏ်များဟာ ငွေကြေးဖောင်းပွမှုကို ထိန်းချုပ်ဖို့ အတိုးနှုန်းကို မြှင့်တင်ရန် အလားအလာတွေနေပြီး အဲဒီအခြေအနေတွေကြောင့် ကမ္ဘာ့စီးပွားရေးကို နှေးကွေးစေမယ်လို့လည်း ၎င်းက ဆက်လက်ပြောကြားခဲ့ပါတယ်။

စင်ကာပူ အစိုးရအနေနဲ့ နိုင်ငံလုံးဆိုင်ရာ လည်ပတ်မှုများကို ဆောင်ရွက်ရာမှာ လက်ရှိအတိုင်း တည်မြဲစေဖို့နဲ့ သက်သာသောအစီအမံများမှတစ်ဆင့် ကုန်ဈေးနှုန်းတွေ မြင့်တက်လာမှုကို ရင်ဆိုင်ဖြေရှင်ဖို့  စင်ကာနိုင်ငံအတွင်းမှာရှိ တဲ့ အိမ်ထောင်စုတွေရဲ့ စီးပွားရေးလုပ်ငန်းတွေကို ကူညီဆောင်ရွက်ပေးသွားမယ်လို့လည်း သိရပါတယ်။

Ref:The Straits Time

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.