TLT Tv||- ကမ္ဘာ့လုံးဆိုင်ရာ တင်းမာမှုတွေကြားမှာ ဘက်မလိုက်ပဲ နိုင်ငံသားတွေအတွက် ရပ်တည်သွားမယ် လို့စင်္ကာပူ ဒုဝန်ကြီးချုပ်ပြောဆို

ကမ္ဘာ့အင်အားကြီး နှစ်နိုင်ငံဖြစ်တဲ့ အမေရိကန်နဲ့ တရုတ်ကြားစီးပွားရေးစိန်ခေါ်မှုတွေနဲ့တင်းမာမှု တွေတိုးလာနေချိန်မှာ စင်္ကာပူနိုင်ငံသားတွေကြား ယုံကြည်မှုတည်ဆောက်ဖို့ အရေးကြီးတယ်လို့ ဒုတိယဝန်ကြီးချုပ် လောရန့်ဝွန်က စက်တင်ဘာလ(၉) ရက်နေ့မှာ ပြောပါတယ်။

ဒီလိုတင်းမာမှုတွေ ရှိနေတာကြောင့် ဒေသတွင်း ပထဝီနိုင်ငံရေးအရ ပြိုင်ဆိုင်မှုတွေလည်း မြင့်တက်လာနေပြီး စင်္ကာပူဟာဖိ အားတွေနဲ့ ရင်ဆိုင်ရနိုင်တာပါ။

စင်္ကာပူကို အင်အားကြီးနိုင်ငံတွေက အမျိုးမျိုးသောလမ်းကြောင်းတွေကနေ ဆွဲထုတ်နေ တဲ့အတွက် ဘယ်ဖက်ကိုမှမလိုက်ပဲ ပြည်သူတွေအတွက် အမြဲတမ်းရပ်တည်သွားမယ်လို့လည်း ဘဏ္ဍာရေးဝန်ကြီး တစ်ဖြစ်လည်း မစ္စတာဝန် Mr Wong က ပြောဆိုခဲ့ပါတယ်။

သတင်းအပြည့်အစုံကို ဗီဒီယိုမှာ ဝင်ရောက်ကြည့်ရှုနားဆင်နိုင်ပါတယ်။

https://youtu.be/7Az7UsFmHc4

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.