ဂျာကာတာ၊ စက်တင်ဘာ (၈) 

အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက သယ်ယူပို့ဆောင်ရေးစားရိတ်တွေကို  ထိန်းချုပ်ဖို့နဲ့  ပြီးခဲ့တဲ့ သတင်းပတ်က  လောင်စာဆီဈေး တက်ခြင်းရဲ့ ငွေကြေးဖောင်းပွမှုဒဏ်ကို တုံ့ပြန်နိုင်ဖို့အတွက် ပြည်နယ်အစိုးရတွေရဲ့ ဘတ်ဂျက်တွေကိုသာ အသုံးပြုကြဖို့  အမိန့်ထုတ်ပြန်လိုက်ပါတယ်။

တဖြေးဖြေးကြီးထွားလာနေတဲ့ စွမ်းအင်လိုအပ်မှုထောက်ပံ့ပေးရေး ဘတ်ဂျက်ကို ထိန်းချုပ်နိုင်ဖို့ ဖိအားအောက်မှာ သမ္မတ ဂျိုကိုဝီ က လောင်စာဈေးနှုန်းတွေ ၃၀ရာခိုင်နှုန်းမြင့်တက်ခဲ့တာကြောင့် နိုင်ငံတစ်ဝှမ်းမှာလူသန်းပေါင်း ၂၇၀က ဆန္ဒပြပွဲတွေ ဖြစ်ပွားခဲ့ပါတယ်။

သမ္မတဂျိုကိုဝီက စက်သုံးဆီဈေးနှုန်းတွေမြင့်မားနေတာကြောင့် ငွေကြေးဖောင်းပွမှုအပေါ် သက်ရောက်မှုကို ရည်ညွှန်းပြီး  “ကျွန်တော့် ဝန်ကြီးတွေရဲ့ တွက်ချက်မှုက (၁.၈) ရာခိုင်နှုန်းအထိ တက်လာတယ်၊ ဒါပေမယ့် ဘာမှမလုပ်ဘူးဆိုရင်တော့ ဆက်ဖြစ်လာဦးမှာမှာဘဲ။ ကျွန်တော်တို့ ဝင်စွက်ဖက်ရမှာပဲ” လို့ ပြေကြားခဲ့ပါတယ်။

ဒါ့အပြင် “ဒေသဆိုင်ရာအစိုးရတွေဟာ  ကပ်ရောဂါကာလအတွင်းတုန်းကလိုမျိုး အရေးယူဆောင်ရွက်ရမယ်” လို့ သမ္မတက ပြောကြားခဲ့ပြီး အထူးသဖြင့် အခြေခံအစားအစာတွေ ဖြန့်ဖြူးရန်အတွက် သယ်ယူပို့ဆောင်ရေး စရိတ်စကများအား ၎င်းတို့ရဲ့ ဘတ်ဂျက်ကိုသာအသုံးပြုရန် ပြည်နယ်ခေါင်းဆောင်များကို အမိန့်ပေးခဲ့ပါတယ်။ 

ဩဂုတ်လမှာ ၇နှစ်တာကာလအတွင်း  ငွေကြေးဖောင်းပွမှုနှုန်းဟာ ၄.၆၉ ရာခိုင်နှုန်းမြင့်တက်လာကာ အစားအသောက် ဈေးနှုန်း တွေ မြင့်တက်လာနေခဲ့ပြီး  ဗဟိုဘဏ်ရဲ့ သုံးကြိမ်မြောက် လျာထားချက်ထက်လည်း ကျော်လွန်နေပြီဖြစ်ပါတယ်။ 

သမ္မတကြေငြာလိုက်ပြီးကတည်းက ပေါ်ပေါက်လာတဲ့ ဆန္ဒပြပွဲတွေအကြောင်းကိုတော့ ထည့်သွင်း ပြောကြားခဲ့ခြင်းမရှိဘဲ ငွေကြေးဖောင်းပွမှုလျော့နည်းစေဖို့အတွက် ငွေတွေကို နိုင်ငံတော် သက်သာချောင်ချိရေး အစီအစဉ်တွေထဲသို့ တွန်းပို့နေကာ ဒီလိုအလေးပေးလုပ်ဆောင်ခြင်းဖြင့် တင်းမာမှုများကို ဖြေလျှော့ရန် ကြိုးပမ်းခဲ့ပါတယ်။ 

ယူကရိန်းစစ်ပွဲကြောင့် ပေါ်ပေါက်လာတဲ့ စွမ်းအင်နှင့် စားနပ်ရိက္ခာ အကျပ်အတည်းတွေကို စည်းလုံးညီညွတ်စွာ ကြံ့ကြံ့ခံ ရင်ဆိုင်ဖြေရှင်းကြဖို့ ဂျိုကိုဝီက ပြည်သူတွေကို တောင်းဆိုခဲ့ပြီး ကမ္ဘာလုံးဆိုင်ရာ ထောက်ပံ့ရေးလုပ်ငန်းတွေလည်း အချိန်ကာလအတန်ကြာ ဆက်လက်ထိခိုက်နိုင်တယ်လို့  ထပ်လောင်း ပြောကြားခဲ့ပါတယ်။ 

လောင်စာဆီဈေးတက်ခြင်းကို ဆန့်ကျင်တဲ့အနေနဲ့ ဒီသီတင်းပတ်အတွင်း အင်ဒိုနီးရှားနိုင်ငံတစ်ဝှမ်းမှာ ထောင်နဲ့ချီတဲ့ လူတွေက ဆန္ဒပြပွဲတွေမှာ ပါဝင်ခဲ့ကြပေမယ့် ဂျိုကိုဝီဟာ နိုင်ငံရေးအရ အားကောင်းတာကြောင့် မုန်တိုင်းဒဏ်ကို ကြံ့ကြံ့ခံနိုင်ဖို့ ကောင်းကောင်း နေရာယူထားတယ်လို့ လေ့လာသူတွေက ပြောပါတယ်။

Ref: CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.