မော်စကို – စက်တင်ဘာ(၈) 

ရုရှားသမ္မတ ဗလာဒီမာပူတင်က ယူကရိန်းမှာ သူတို့ရဲ့ စစ်ဆင်ရေးလှုပ်ရှားမှုတွေ ပြုလုပ်နေ ပေမယ့် ရုရှားနိုင်ငံရဲ့ ဘယ်အရာမှ ဆုံးရှုံးတာမရှိဘူးလို့ စက်တင်ဘာလ(၇) ရက်နေ့က ပြောပါ တယ်။ 

နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ခိုင်မာစေဖို့ ရည်ရွယ်ပြီး ယူကရိန်းအရှေ့ပိုင်းဒွန်ဘက်ဒေသမှာ နေထိုင်ကြတဲ့ ပြည်သူတွေကို ကူညီဖို့ ရည်ရွယ်ထားတာဖြစ်တယ်လို့ ရုရှားနိုင်ငံ ဗလာဒီဗိုစတော့ မြို့မှာ ပြုလုပ်တဲ့ စီးပွားရေးဖိုရမ်မှာ ပြောခဲ့တာပါ။ 

“ကျွန်တော်တို့ ဘာမှ မဆုံးရှုံးခဲ့သလို နောက်ထပ်ဘာမှလည်း ဆုံးရှုံးသွားမှာ မဟုတ်ပါဘူး၊ ငါတို့ရခဲ့တာတွေနဲ့ ပတ်သက်ရင် အဓိက အမြတ်က ငါတို့ရဲ့ အချုပ်အခြာအာဏာကို ခိုင်မာစေတယ်လို့ ပြောလို့ရတယ်” လို့ ပူတင်က ပြောတယ်။ 

ဒါ့အပြင် ယူကရိန်းကိုတပ်ဖွဲ့ဝင်တွေစေလွှတ်ဖို့ ရုရှားရဲ့ ဆုံးဖြတ်ချက်ဟာ ကမ္ဘာနဲ့ နိုင်ငံအတွင်း ကွဲပြားမှုတချို့ကို ဖြစ်ပေါ်စေခဲ့တယ်လို့ သူက ပြောပါသေးတယ်။ 

ရုရှား ဟာ သူတို့ အိမ်နီးချင်းရဲ့ စစ်ဆေးစွမ်းရည်ကို ကျဆင်းစေပြီး အန္တရာယ်ရှိတဲ့ အမျိုးသား ရေးဝါဒီတွေကိုဖယ်ရှားဖို့ အထူးစစ်ဆင်ရေးလို့ဆိုကာ ပြီးခဲ့တဲ့ ဖေဖော်ဝါရီလ(၂၄) ရက်နေ့က ယူကရိန်းတပ်ဖွဲ့ဝင်ထောင်ပေါင်းများစွာ စေလွှတ်ခဲ့တာဖြစ်ပါတယ်။ 

အနောက်နိုင်ငံတွေက ရုရှားကို ပိတ်ဆို့အရေးယူမှုတွေ လုပ်ဆောင်ထားသလို ဆက်လက်လုပ် ဆောင်တာတွေရှိနေတဲ့အတွက် အစားအသောက်နဲ့ စွမ်းအင်စျေးနှုန်းတွေ မြင့်တက် နေပါတယ်။ 

“ကျွန်တော်တို့ရဲ့ လုပ်ဆောင်ချက်အားလုံးက ဒွန်ဘက်စ်မှာနေထိုင်တဲ့ ပြည်သူတွေကို ကူညီဖို့ ရည်ရွယ်ပါတယ်၊ ဒါက ကျွန်တော်တို့ရဲ့ တာဝန်ဖြစ်ပြီး အဆုံးထိ ကျေပွန်အောင် ထမ်းဆောင်သွားမယ်။ ဒါက နောက်ဆုံးမှာ ကျွန်တော်တို့ နိုင်ငံကို အတွင်းပိုင်းကနေပြီးတော့ နိုင်ငံခြားရေး မူဝါဒ ရပ်တည်ချက်တွေကို အားကောင်းစေမှာပါ” လို့ ပူတင် က ပြောခဲ့ပါတယ်။ 

Ref: Reuters

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.