ဘန်ကောက် – စက်တင်ဘာ(၈) 

ဝန်ကြီးချုပ်ပရာယွတ်ချန်အိုချာရဲ့ သက်တမ်းကို ၂၀၁၇ ခုနှစ်က စတင်ရေတွက်သင့်တယ်လို့ ဖော်ပြထားတဲ့ စာတမ်းအရ ၂၀၂၅ ခုနှစ်အထိ ဝန်ကြီးချုပ်အဖြစ်ဆက်ရှိနေနိုင်ပေမယ့် ကျွမ်းကျင်သူတွေကတော့ တရားရုံးအနေနဲ့ ဆုံးဖြတ်ဖို့ ခက်ခဲနိုင်တယ်လို့ ဆိုကြပါတယ်။

ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်က အာဏာသိမ်းခေါင်းဆောင်အဖြစ် တာဝန်ယူပြီးနောက်ပိုင်း သက်တမ်းကို သာ ရေတွက်တာကြောင့် ဝန်ကြီးချုပ်အဖြစ် တာဝန်က ရပ်စဲခံထားရတဲ့ ပရာယွတ်ကို အခြေခံဥပဒေ ခုံရုံးမှာ စက်တင်ဘာလ(၈) ရက်နေ့မှာ တွေ့ဆုံဖို့ စီစဉ်ထားပြီး ထိုင်းနိုင်ငံရဲ့ ၂၀၁၇ ခုနှစ် ဖွဲ့စည်းပုံအရ ပရာယွတ်ရဲ့ (၈) နှစ်သက်တမ်း ကန့်သတ်ချက်ကို ဆုံးဖြတ်ဖို့ ရှိနေတယ်လို့ သိရပါတယ်။ 

ထိုင်းဝန်ကြီးချုပ်ရဲ့ (၈) နှစ်သက်တမ်းကန့်သတ်ချက် ကို ထိုင်းမီဒီယာတွေမှာ ကာလအတန်ကြာ ဖော်ပြခဲ့ကြပြီး ရှုမြင်သုံးသပ်မှုတွေလည်း အမျိုးစုံထွက်ပေါ်နေတာဖြစ်ပါတယ်။ 

ပေါက်ကြားလာတဲ့ စာတမ်းအရ ၂၀၁၇ ခုနှစ်ဖွဲ့စည်းပုံ အခြေခံဥပဒေရေဆွဲရေးကော်မတီ (CDC) ဥက္ကဌ မီချိုင်ရူချူဖန်က ဘုရင်အနေနဲ့ အခြေခံဥပဒေ ပဋိညာဥ်ကို လက်မှတ်ရေးထိုးပြီးနောက် ပိုင်း(၂၀၁၇) ခုနှစ်ဧပြီလ(၆) ရက်နေ့က စတင်ပြီး ဝန်ကြီးချုပ်သက်တမ်းကို ရေတွက်သင့်တယ် လို့ ပေါက်ကြားလာတဲ့ စာတမ်းမှာဖော်ပြပါတယ်။ 

ပြီးခဲ့တဲ့ ရက်ပိုင်းက ပေါက်ကြားခဲ့တဲ့ စာရွက်စာတမ်းတွေဟာ အစစ်အမှန်မဟုတ်သလို နိုင်ငံ စနစ်ကို အလွဲသုံးစားလုပ်ပြီး လက်ရှိအာဏာရထားသူကိုသာ အကျိုးဖြစ်ထွန်းစေနိုင်တယ်လို့ ပြည်သူတွေက  လူမှုကွန်ရက်စာမျက်နှာတွေပေါ်မှာ ဝေဖန်နေကြပါတယ်။ 

“စာရွက်စာတမ်း အထောက်အထား အစစ်အမှန် မရသေးတာတစ်ကြောင်း၊ အချက်အလက်တွေက တိကျသလား၊ မမှန်ကန်ဘူးလားဆိုတာကို ချင့်ချိန်ပြီးတော့ လူထုအနေနဲ့ ဝေဖန်တာတွေကို ရပ်သင့်ပါတယ်။ ဒီအချက်အလက်တွေက ဖွဲ့စည်းပုံ အခြေခံဥပဒေ တရားရုံးက ထွက်ပေါ်လာတာ မဟုတ်တဲ့အတွက် မဝေဖန်ခင် စဉ်းစားဖို့လိုပါတယ်” လို့ အစိုးရအဖွဲ့ ဒုတိယ ပြောရေးဆိုခွင့်ရှိသူ တီပန်နန် ဆီရီချန်နာ က ပြောပါတယ်။

တရားရုံးကတော့ ပရာယွတ်ရဲ့ ဝန်ကြီးချုပ်တာဝန်ကို ပြီးခဲ့တဲ့ ဩဂုတ်လ(၂၄) ရက်နေ့တည်းက ဆိုင်းငံ့ထားတာဖြစ်ပြီး ပေါက်ကြားလာတဲ့ စာတမ်းထဲမှာ ဗိုလ်ချုပ်ကြီး ပရာယွတ်ဟာ ကြားဖြတ် ပဋိညာဥ်အရ အာဏာရလာချိန်ကိုထည့်မတွက်ပဲ သူ့ရဲ့သက်တမ်းက်ို ၂၀၁၇ ခုနှစ် ဧပြီလက စတင်ရေတွက်ခဲ့တာဖြစ်တယ်လို့ ဆိုထားတာဖြစ်ပါတယ်။ 

Ref:thaienquirer

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.