September 8, 2022

ဘီးလင်းမြို့နယ် စစ်မှုထမ်းဟောင်း ဥက္ကဋ္ဌ အငြိမ်းစား ဗိုလ်မှူး တစ်ဦး ပစ်သတ်ခံရ

ဘီးလင်း၊ စက်တင်ဘာ (၈) မွန်ပြည်နယ်၊ ဘီးလင်းမြို့၊ ကန်သာယာ(၇)ရပ်ကွက်၊ပြည်သူ့ဆေးရုံအရှေ့မှာ စက်တင်ဘာ ၈ ရက်နေ့ မနက် ၈ နာရီလောက်က ဘီးလင်းမြို့နယ်စစ်မှုထမ်းဟောင်းအဖွဲ့ ဥက္ကဋ္ဌ အငြိမ်းစား ဗိုလ်မှူး လှဝင်းသိန်း သေနတ်နဲ့ ပစ်ခတ်ခံရတာကြောင့် သေဆုံးသွားတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ဟိန်းစတိုး ဆိုင်ပိုင်ရှင် အငြိမ်းစား ဗိုလ်မှူး လှဝင်းသိန်းကို အမည်မသိ သေနတ်သမားတွေက…

Ooredoo မြန်မာကိုအမေရိကန်ဒေါ်လာ ၅၇၆ သန်းနဲ့ စင်္ကာပူကုမ္ပဏီကိုရောင်းတော့မယ်

ရန်ကုန် – စက်တင်ဘာ(၈) မြန်မာနိုင်ငံကို စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း တစ်ခုတည်းသာကျန်တော့တဲ့ ဆက်သွယ်ရေး ကုမ္ပဏီဖြစ်တဲ့ Ooredoo Myanmar ကို စင်္ကာပူနိုင်ငံပိုင် Nine Communications Pte ကို ရောင်းချဖို့ သဘောတူလိုက်ပြီလို့ ကာတာကုမ္ပဏီက ထုတ်ပြန်ထားပါတယ်။ အမေရိကန်ဒေါ်လာ (၅၇၆) သန်းနဲ့ အရောင်းအဝယ်ပြုလုပ်ခဲ့တာဖြစ်တယ်လို့ ရိုက်တာ သတင်းဌာနက ဒီနေ့ စက်တင်ဘာလ(၈) ရက်နေ့မှာ ဖော်ပြထားတာပါ။…

ယူကရိန်းကို စစ်ဆင်ရေးလုပ်ခဲ့တာနဲ့ပတ်သက်ပြီး ရုရှားက ဘာမှဆုံးရှုံးတာမရှိဘူးလို့ ပူတင်ဆို

မော်စကို – စက်တင်ဘာ(၈) ရုရှားသမ္မတ ဗလာဒီမာပူတင်က ယူကရိန်းမှာ သူတို့ရဲ့ စစ်ဆင်ရေးလှုပ်ရှားမှုတွေ ပြုလုပ်နေ ပေမယ့် ရုရှားနိုင်ငံရဲ့ ဘယ်အရာမှ ဆုံးရှုံးတာမရှိဘူးလို့ စက်တင်ဘာလ(၇) ရက်နေ့က ပြောပါ တယ်။ နိုင်ငံရဲ့ အချုပ်အခြာအာဏာကို ခိုင်မာစေဖို့ ရည်ရွယ်ပြီး ယူကရိန်းအရှေ့ပိုင်းဒွန်ဘက်ဒေသမှာ နေထိုင်ကြတဲ့ ပြည်သူတွေကို ကူညီဖို့ ရည်ရွယ်ထားတာဖြစ်တယ်လို့ ရုရှားနိုင်ငံ ဗလာဒီဗိုစတော့ မြို့မှာ ပြုလုပ်တဲ့…

တာဝန်က ဆိုင်းငံ့ခံထားရတဲ့ ဝန်ကြီးချုပ်ပရာရွတ်ရဲ့ သက်တမ်းကို ၂၀၁၇ ခုနှစ်က စတင်ရေ တွက်သင့်တယ်ဆိုတဲ့ စာတမ်းထွက်ပေါ်

ဘန်ကောက် – စက်တင်ဘာ(၈) ဝန်ကြီးချုပ်ပရာယွတ်ချန်အိုချာရဲ့ သက်တမ်းကို ၂၀၁၇ ခုနှစ်က စတင်ရေတွက်သင့်တယ်လို့ ဖော်ပြထားတဲ့ စာတမ်းအရ ၂၀၂၅ ခုနှစ်အထိ ဝန်ကြီးချုပ်အဖြစ်ဆက်ရှိနေနိုင်ပေမယ့် ကျွမ်းကျင်သူတွေကတော့ တရားရုံးအနေနဲ့ ဆုံးဖြတ်ဖို့ ခက်ခဲနိုင်တယ်လို့ ဆိုကြပါတယ်။ ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ်က အာဏာသိမ်းခေါင်းဆောင်အဖြစ် တာဝန်ယူပြီးနောက်ပိုင်း သက်တမ်းကို သာ ရေတွက်တာကြောင့် ဝန်ကြီးချုပ်အဖြစ် တာဝန်က ရပ်စဲခံထားရတဲ့ ပရာယွတ်ကို…

သယ်ယူပို့ဆောင်ရေးစားရိတ် ထိန်းချုပ်ဖို့ ပြည်နယ်အစိုးရတွေကို အင်ဒိုနီးရှားသမ္မတ အမိန့်ပေး

ဂျာကာတာ၊ စက်တင်ဘာ (၈) အင်ဒိုနီးရှားသမ္မတ ဂျိုကိုဝီဒိုဒိုက သယ်ယူပို့ဆောင်ရေးစားရိတ်တွေကို ထိန်းချုပ်ဖို့နဲ့ ပြီးခဲ့တဲ့ သတင်းပတ်က လောင်စာဆီဈေး တက်ခြင်းရဲ့ ငွေကြေးဖောင်းပွမှုဒဏ်ကို တုံ့ပြန်နိုင်ဖို့အတွက် ပြည်နယ်အစိုးရတွေရဲ့ ဘတ်ဂျက်တွေကိုသာ အသုံးပြုကြဖို့ အမိန့်ထုတ်ပြန်လိုက်ပါတယ်။ တဖြေးဖြေးကြီးထွားလာနေတဲ့ စွမ်းအင်လိုအပ်မှုထောက်ပံ့ပေးရေး ဘတ်ဂျက်ကို ထိန်းချုပ်နိုင်ဖို့ ဖိအားအောက်မှာ သမ္မတ ဂျိုကိုဝီ က လောင်စာဈေးနှုန်းတွေ ၃၀ရာခိုင်နှုန်းမြင့်တက်ခဲ့တာကြောင့် နိုင်ငံတစ်ဝှမ်းမှာလူသန်းပေါင်း ၂၇၀က ဆန္ဒပြပွဲတွေ…

အဖွဲ့အစည်းအားလုံးအပေါ် တန်းတူညီမျှမှုပေးဖို့ NUG ထံ မွန်တော်လှန်ရေးအင်အားစုတွေ တောင်းဆို

မော်လမြိုင်၊ စက်တင်ဘာ (၈) အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အနေနဲ့ အာဏာသိမ်း စစ်အုပ်စုကို အမြစ်ပြတ်တော်လှန်ရာ အဖွဲ့အစည်းအားလုံးအပေါ် တန်းတူညီမျှခွင့်နဲ့ ထိတွေ့ ဆက်ဆံမှု ပေးဖို့ မွန်ပြည်နယ်အတွင်းရှိ တော်လှန်ရေးအင်အားစုတွေက ပြည်သူ့ခုခံတော်လှန်စစ် တစ်နှစ်ပြည့်မှာ တောင်းဆိုလိုက်ပါတယ်။ နိုင်ငံတော် အာဏာကို လက်နက် အားကိုးနဲ့ မတရား အာဏာသိမ်းယူခဲ့တဲ့ အာဏာသိမ်း စစ်အုပ်စုကို နိုင်ငံတဝန်းမှာ လှဲနေလှေအောင်း မြင်းဇောင်းမကျန်…

စစ်အုပ်စုကို အမြစ်ပြတ်သုတ်သင်ပေးမယ့် အဆုံးအဖြတ် တိုက်ပွဲ ရောက်လာတော့မယ်လို့ NUG ယာယီသမ္မတ ပြော

ရန်ကုန်၊ စက်တင်ဘာ (၈) လာမယ့်တစ်နှစ်အတွင်း အခုထက် ပိုမိုကျယ်ပြန့်တဲ့ နိုင်ငံရေး၊ စစ်ရေး၊ နိုင်ငံတကာ ရလဒ်တွေ ထွက်ရှိဖို့ အရှိန်အဟုန်မြှင့် အားသွန်ကြိုးပမ်းနေကြပြီး ဖက်ဆစ်သန္ဓေရှိတဲ့ စစ်အုပ်စုကို အမြစ်ပြတ်သုတ်သင်ပေးမယ့် အဆုံးအဖြတ် တိုက်ပွဲဟာ အနှေးနဲ့ အမြန် ရောက်လာလိမ့်မယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ NUG ယာယီသမ္မတက ပြောဆိုလိုက်ပါတယ်။ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) က ပြည်သူ့ခုခံတော်လှန်စစ် ကြေညာခဲ့တာဟာ တစ်နှစ်ပြည့်မြောက်သွားတဲ့…

KNLA ပူးပေါင်းတပ်ဖွဲ့ သတင်းမပေးရင် ကျေးရွာတွေထဲ လက်နက်ကြီး ပစ်မယ်လို့ BGF တပ် ခြိမ်းခြောက်

ဘားအံ၊ စက်တင်ဘာ (၈) ကရင်ပြည်နယ်၊ ဘားအံမြို့နယ်အတွင်းရှိ KNLA ပူးပေါင်းတပ်ဖွဲ့တွေရဲ့ သတင်းမပေးရင် ကျေးရွာထဲ လက်နက်ကြီး ပစ်ခတ်မယ်လို့ စစ်ကောင်စီ လက်အောက်ခံ BGF တပ်က ခြိမ်းခြောက်လာတယ်လို့ KNU သထုံခရိုင်တာဝန်ရှိသူတွေက သံလွင်တိုင်းမ် ပြောပါတယ်။ ဘားအံမြို့နယ်ရှိ စစ်ကောင်စီ လက်အောက်ခံ အမှတ်(၁၀၁၄) BGF တပ်ရင်းက KNLA ၊ PDF ပူးပေါင်းတပ်ဖွဲ့ဝင်တွေ…

ကျပ်ငွေတန်ဖိုး ကျဆင်းနေတာကြောင့် မွန်ပြည်နယ် ကွမ်းသီးဈေးကွက်မှာ ဝယ်ယူစုဆောင်းသူ ပိုများလာ

ရေး၊ စက်တင်ဘာ (၈) ကျပ်ငွေဈေးနှုန်း မတည်မငြိမ်မှုတွေနဲ့အတူ တန်ဖိုးဆက်တိုက်ကျဆင်းနေတာကြောင့် ကျပ်ငွေအစား ဒေသထွက် ကွမ်းသီးတွေကို ဝယ်ယူစုဆောင်းသူတွေ များပြားလာပြီး ဈေးနှုန်းလည်း မြင့်တက်လာနေတယ်လို့ မွန်ပြည်နယ် ကွမ်းသီးရောင်းဝယ်ရေး လုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မြန်မာငွေတန်းဖိုးကျဆင်းမှုနဲ့အတူ ထိုင်းဘတ်ငွေဈေးနှုန်း မြင့်တက်လာတာကြောင့် ကုန်သည်အများစု ကွမ်းသီးတွေကို ဝယ်ယူစုဆောင်းလာကြသလို ငွေဈေးနှုန်းအပေါ်မူတည်ပြီး ပြန်လည်ထုတ်ရောင်းနေကြတာပါ။ “မြန်မာငွေကျလာတော့ ဝယ်လှောင်ကြတာ၊ ဝယ်လှောင်ကြပြီး ထုတ်မရောင်းကြတော့…