ရန်ကုန် – စက်တင်ဘ(၆)

ရန်ကုန်မြို့ ရွှေပြည်သာမြို့နယ်အမှတ်(၉) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ နဲ့ Yangon Urban Guerilla Army တို့ကပစ်ခတ်တိုက်ခိုက်ခဲ့တဲ့အတွက်ရာအိမ်မှူးတစ်ဦးသေဆုံးပြီး နှစ်ဦးဒဏ်ရာရရှိခဲ့တယ်လို့ ရွှေပြည်သာမြို့နယ်လွှတ်တော်ကိုယ်စားလှယ်ဦးအောင်ဇော်ထွေးက ပြောပါတယ်။

ဒီနေ့ စက်တင်ဘာလ(၆) ရက်နေ့ ည(၇)ကျော်မှာ တိုက်ခိုက်ခဲ့တာဖြစ်ပြီးအဲ့ဒီတိုက်ခိုက်မှုကြောင့် ဒဏ်ရာရရှိထားတဲ့သူနှစ်ဦးဟာဒဏ်ရာပြင်းထန်တဲ့အတွက် ဆေးရုံကို ပို့ဆောင်ထားရတယ်လို့ သိရပါတယ်။

“ကျွန်တော်တို့ဝင်ပစ်တဲ့ အသီးတစ်လုံးကမအောင်လိုက်ဘူး။အဲ့ဒီအသီးအောင်လိုက်ရင်တော့ (၃) ယောက်လုံး သေသွားနိုင်တယ်။ ဒါပေမယ့် အဲ့ဒီအသီးတစ်လုံးက မအောင်လိုက်တဲ့အတွက် အဲ့ဒီအသီးကို စစ်ခွေးတွေယူပြီးတော့ တစ်နေရာမှာဖောက်ခွဲလိုက်တယ်” လို့ ရွှေပြည်သာမြို့နယ် လွှတ်တော်ကိုယ်စားလှယ်ဦးအောင်ဇော်ထွေးက သံလွင်တိုင်းမ် ကိုပြောပါတယ်။

အမှတ်(၉) ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံးကို ပစ်ခတ်တိုက်ခိုက်ခဲ့တဲ့ မြို့ပြတော်လှန်ရေးရဲဘော်တွေဟာ လက်ရှိအချိန်မှာ ဘေးကင်းတဲ့နေရာကို ရောက်ရှိနေပြီဖြစ်တယ်လို့ သူက ပြောပါသေးတယ်။

ရွှေပြည်သာမြို့နယ်ကစစ်ကောင်စီလက်ပါးစေအုပ်ချုပ်ရေးအဖွဲ့ဝင်အားလုံး အမြန်ဆုံးနှုတ်ထွက်ကြ ဖို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရွှေပြည်သာမြို့နယ်က အသိပေးထားပါတယ်။

စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီလက်အောက်ခံ အုပ်ချုပ်ရေးမှူး တွေကို ကာကွယ်ရေးတပ်ဖွဲ့တွေက တိုက်ခိုက်တာတွေဆက်တိုက်လုပ်ဆောင်နေတဲ့ရွှေပြည်သာ မြို့နယ်ကို စစ်အုပ်ချုပ်ရေးမြို့အဖြစ်သက်မှတ်ထားတာဖြစ်ပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.