တိုကျို ၊ စက်တင်ဘာ (၇) 

ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးရဲ့ နိုင်ငံအဆင့် ဈာပနအခမ်းအနားအတွက် လုံခြုံရေးအစီအမံနဲ့ ဧည့်ခံစားရိတ်တွေ အပါ အဝင် ယန်း ၁.၆၅ ဘီလီယံ ၊ (အမေရိကန်ဒေါ်လာ ၁၂ သန်း)ခန့် ကုန်ကျနိုင်မှာဖြစ်တယ်လို့ ဂျပန်အစိုးရက စက်တင်ဘာလ ၆ ရက်နေ့မှာ ခန့်မှန်းချက်အသစ် ထုတ်ပြန်ပြောကြားလိုက်ပါတယ်။

ပြီးခဲ့တဲ့ သြဂုတ်လနှောင်းပိုင်းမှာတော့ အစိုးရက ဈာပနအတွက် ယန်း သန်း၂၅၀ လောက်သုံးမယ်လို့ အတည်ပြုခဲ့ပေမယ့် ဒီပမာ ဏဟာ ဈာပနပွဲကျင်းပတဲ့အချိန်မှာ လာရောက်မယ့် နိုင်ငံအဆင့် အကြီးအကဲတွေနဲ့ လုံခြုံရေးဆိုင်ရာ ကုန်ကျစားရိတ်တွေ မပါဝင်နိုင်တာကြောင့် လက်တွေ့မကျတဲ့ ကိန်းဂဏန်းတစ်ခုဖြစ်တယ်ဆိုပြီး ဝေဖန်မှုတွေမြင့်တက်ခဲ့တာပါ။

ဒါကြောင့် ဈာပနာမှာ လုံခြုံရေးအတွက် အခကြေးငွေသုံးစွဲမှုဟာ ယန်း သန်း၈၀၀ခန့် ရှိမယ်လို့ အစိုးရက ပြန်လည်ခန့်မှန်းထားခဲ့ ပြီး နိုင်ငံခြား ကိုယ်စားလှယ်အဖွဲ့တွေကို လက်ခံကြိုဆိုနိုင်ဖို့ ယန်းသန်း ၆၀၀ခန့် ကုန်ကျနိုင်တယ်လို့ ဂျပန်အစိုးရ အဖွဲ့က အတွင်းရေးမှူးချုပ် မတ်ဆူနိုက ကြေညာခဲ့ပါတယ်။

နိုင်ငံတော် ဈာပနအတွက် စုစုပေါင်း ယန်း ၁.၇ ဘီလီယံ အသုံးစရိတ်ရှိ/မရှိဟူသော မေးခွန်းအတွက် သူက “အရိုးရှင်းဆုံး ခန့်မှန်းချက်တစ်ခု ပေးရရင် စုစုပေါင်း ခင်ဗျား ပြောခဲ့တဲ့ ကိန်းဂဏန်းနဲ့ နီးစပ်မယ်ထင်တယ်” လို့ ပြန်လည် ဖြေကြားခဲ့ပါတယ်။ 

ဇူလိုင်လ မဲဆွယ်စည်းရုံးမှုတစ်ခုမှာ သေနတ်နဲ့ ပစ်သတ်ခံခဲ့ရတဲ့  ဂျပန်ဝန်ကြီးချုပ်ဟောင်းရဲ့ ဈာပနကို စက်တင်ဘာ ၂၇ ရက်နေ့မှာ တိုကျိုမြို့ရှိ နီပွန်ဘူဒိုကန် ခန်းမ၌ ကျင်းပသွားမှာ ဖြစ်ပြီး အဲဒီဈာပန အခမ်းအနားကို နိုင်ငံတကာမှ ဂုဏ်သရေရှိ ဧည့်သည်တော်များ အပါအဝင် ဧည့်သည် ၆၀၀၀ ခန့် တက်ရောက်နိုင်မယ်လို့လည်း မျှော်လင့်ရတာပါ။

“နိုင်ငံတော်ဈာပနရဲ့ အသေးစိတ်အချက်အလက်တွေကို ရှင်းလင်းဖို့ ဝန်ကြီးချုပ် ဖူမီအိုကီရှီဒါ Fumio Kishida ရဲ့ ကမ်းလှမ်းမှုနှင့်အညီ ဒီလိုခန့်မှန်းချက်ကိုပေးနိုင်ဖို့ ဆုံးဖြတ်ခဲ့ရတာပါ” လို့ အစိုးရအဖွဲ့ အတွင်းရေးမှူးချုပ် ဟီရိုကာဇူ မတ်ဆူနို က ပြောကြားခဲ့ပါတယ်။

ယခုလအစောပိုင်းက ပြုလုပ်ခဲ့တဲ့ ယိုမီယူရီYomiuri သတင်းစာရဲ့ စစ်တမ်းတစ်ခုမှာတော့ နိုင်ငံတော်ဈာပနပွဲကို ကန့်ကွက်သူ ၅၆ ရာခိုင်နှုန်းရှိပြီး ထောက်ခံသူ ၃၈ ရာခိုင်နှုန်းသာရှိတယ်လို့ ထုတ်ပြန်ခဲ့ပါတယ်။

Ref: Reuters/wt

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.