ကိုလံဘို – စက်တင်ဘာ(၄) 

နိုင်ငံစီးပွားရေးမငြိမ်သက်မှုတွေကြောင့် ပြီးခဲ့တဲ့ ဇူလိုင်လက ထွက်ပြေးတိမ်းရှောင်ခဲ့ရတဲ့ သီရိလင်္ကာနိုင်ငံရဲ့ ဖြုတ်ချခံ သမ္မတ ဂိုဘာဘာယာ ရာဂျာပက်ဆာ နိုင်ငံကို ပြန်လည်ရောက် ရှိလာချိန်မှာ အစိုးရက တရားဝင်နေထိုင်ခွင့်နဲ့ လုံခြုံရေးစီစဉ်ပေးထားတယ်လို့ အရာရှိတွေက ပြောပါတယ်။ 

စီးပွားရေးကျဆင်းမှုတွေနဲ့အတူ ကြီးမားတဲ့ ဆန္ဒပြပွဲတွေဖြစ်ပွားပြီးနောက် ရာဂျာပက်ဆာဟာ ပြီးခဲ့တဲ့ ဇူလိုင်လ(၁၃) ရက်နေ့ အစောပိုင်းက စစ်တပ်အစောင့်အရှောက်နဲ့ နိုင်ငံက ထွက်ပြေး တိမ်းရှောင်ခဲ့ပြီး ဆန္ဒပြသူတွေကတော့ သူ့ရဲ့ တရားဝင်နေအိမ်နဲ့ ရုံးခန်းကို ဝင်ရောက်စီးခဲ့ကြ ပါတယ်။ 

ရာဂျာပက်ဆာ ဟာ စင်္ကာပူနိုင်ငံကို ရောက်ရှိပြီးနောက် ရာထူးကနေ နုတ်ထွက်တယ်လို့ ကြေညာ ခဲ့ပြီးနောက်ပိုင်း ထိုင်းနိုင်ငံဘန်ကောက်ဟိုတယ်မှာဆက်လက်နေထိုင်ခဲ့ပြီး လက်ရှိသမ္မတကို ပြန်လာခွင့်ပြုဖို့ စည်းရုံးခဲ့တာဖြစ်ပါတယ်။ 

ပြီးခဲ့တဲ့လက ရာဂျာပက်ဆာရဲ့ ညီဖြစ်သူ ဘာဆဲလ်ဟာ လက်ရှိသမ္မတ ဝစ်ကရာမီဆင်ဂါနဲ့ တွေ့ဆုံခဲ့ပြီး ရာထူးက ဖယ်ရှားခံထားရတဲ့ ခေါင်းဆောင်ကို  နိုင်ငံတွင်းပြန်လာခွင့်ပြုဖို့နဲ့ အကာအကွယ်ပေးဖို့ တောင်းဆိုထားတာပါ။ 

ဆန္ဒပြပွဲခေါင်းဆောင်တွေကတော့ ရာဂျာပက်ဆာကို သီရိလင်္ကာပြည်သူ(၂၂) သန်းအတွက် စိတ်ဆင်းရဲမှုတွေ ဖြစ်စေခဲ့တဲ့သူ့ကို ချက်ချင်းဖမ်းဆီးကာ သူ့ရာဇဝတ်မှုတွေအတွက် တရားစွဲပြီး တရားမျှတမှုအတွက်လုပ်ဆောင်သင့်တယ်လို့ ဆိုကြပါတယ်။ 

“ဂိုတာဘာယာက သူ့ကို လက်ခံဖို့ ဘယ်နိုင်ငံမှ ဆန္ဒမရှိလို့ ပြန်လာခဲ့တယ်၊ သူ့မှာ ပုန်းဖို့ နေရာမရှိဘူး” လို့ ဆန္ဒပြသူတွေကို စည်းရုံချိန်မှာ ကူညီခဲ့တဲ့ ဆရာသမဂ္ဂခေါင်းဆောင် ဂျိုးဇက်စတာလင်က AFP ကိုပြောပါတယ်။ 

သမ္မတဟောင်းဟာ စက်တင်ဘာလ(၃) ရက်နေ့ မနက်အစောပိုင်းက လေဆိပ်မှာ အာဏာရ ပါတီဝင်တွေ၊လွှတ်တော်ကိုယ်စားလှယ်တွေနဲ့ တွေ့ဆုံပြီး အစိုးရစီစဉ်ပေးထားတဲ့ နေအိမ်ကို သွား ရောက်ခဲ့ပါတယ်။ 

“မနေ့ညက သူပြောခဲ့တဲ့စကားက လုံခြုံရေးအကြောင်းပြချက်ကြောင့် သူ့အခန်းထဲက အပြင်ထွက်ခွင့်တောင် မရတဲ့အတွက် အချိန်တစ်ခုလိုတယ်၊ သူ့ကို အားကစားခန်းမသို့ သွားခွင့်မပြုထားကြောင်း” အရာရှိတစ်ဦးက ပြောခဲ့ပါတယ်။ 

ဒါ့အပြင် သမ္မတဟောင်းအနေနဲ့ သူ့ရဲ့နေအိမ်မှာ အချိန်တစ်ခုရောက်ရင် သူလုပ်ချင်တာတွေကို အသိပေးပြောဆိုဖို့ရှိတယ်လို့ အမည်မဖော်လိုတဲ့ အရာရှိကပြောပါသေးတယ်။ 

လွတ်လပ်ရေးရပြီးနောက်ပိုင်း အဆိုးရွားဆုံးစီးပွားရေးအကြပ်အတည်းနဲ့ ရင်ဆိုင်နေရတဲ့ သီရိလင်္ကာနိုင်ငံဟာ ဒီသီတင်းပတ်အတွင်း ချေးငွေဒေါ်လာ (၂.၉) ဘီလျံအတွက် နိုင်ငံတကာငွေကြေးရန်ပုံငွေအဖွဲ့နဲ့ သဘောတူညီချက်ရရှိထားပါတယ်။

Ref: Reuters/ CNA

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.