မြိုင် – စက်တင်ဘာ(၃)

မကွေးတိုင်းမြို့မြို့နယ် ကန်နီရွာမှာ တပ်ဆွဲထားတဲ့ စစ်ကောင်စီနဲ့ ပျူစောထီးတွေကို ဒေသကာ ကွယ်ရေးတပ်ဖွဲ့တွေက စက်တင်ဘာလ(၂) ရက်နေ့မှာ တိုက်ခိုက်ခဲ့လို့ တစ်ဦးသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တယ်လို့ Yesagyo Revolution Group ကပြောပါတယ်။

တိုက်ပွဲမှာ အပြန်အလှန်လက်နက်ကြီးလက်နက်ငယ်တွေနဲ့ တိုက်ခိုက်ခဲ့ကြပြီး ကျေးရွာ မျှော်စင်ပေါ်က စစ်ကောင်စီတပ်သားတစ်ဦးကို ကာကွယ်ရေးတပ်ဖွဲ့တွေဘက်က စနိုက်ဘာနဲ့ ပစ်ခတ်ခဲ့လို့ တစ်ဦးသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တာပါ။

“ကန်နီရွာက တစ်ရွာလုံး ပျူတွေဗျ။ရေစကြိုနယ်နဲ့မြိင်နယ် စစ်ကြောင်းရှိတယ်ကြားရင် ထိပ်တိုက်ဆုံပြီး တိုက်ခိုက်ဖို့ပါပဲ အရင်တုန်းကသာ လက်နက်အင်အားရော လူအင်အားရော မပြည့်စုံတော့ ရှောင်နေရတာဗျ။အခုတော့ စစ်ခွေးသချိုင်းနေရာတိုင်း ဆိုသလို တွေ့တဲ့နေရာ ပွဲကဖို့များသွားမှာပါဗျ။” လို့ Yesagyo Revolution Group တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

ဒေသကာကွယ်ရေးတပ်တွေတိုက်ခိုက်ခဲ့တဲ့ရွာဟာ ပျူစောထီးတွေအခြေချနေထိုင်တဲ့ ကျေးရွာ ဖြစ်ပြီး မြိုင်မြို့နယ်အတွင်းက ပြည်သူတွေရဲ့ အသက်အိုးအိမ်တွေထိခိုက်အောင်လုပ်ဆောင်နေ တဲ့အတွက်တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

တိုက်ပွဲဖြစ်ပွားချိန် တစ်နာရီဝန်းကျင်ရှိပြီး ကာကွယ်ရေးစုပေါင်းတပ်ဖွဲ့တွေဘက်က ရဲဘော် တစ်ဦးလက်နက်ကြီးစ ထိမှန်ကာ ဒဏ်ရာအနည်းငယ်ရရှိခဲ့တယ်လို့ သိရပါတယ်။

စက်တင်ဘာလ(၂) ရက်နေ့ကဖြစ်ပွားခဲ့တဲ့ တိုက်ပွဲကို Yesagyo Revolution Group – YRG၊ ပခုက္ကူမြို့ပြပြောက်ကျားတပ်ဖွဲ့(PUGF)၊ကျေးလက်ဒေသပြောက်ကျားတပ်ဖွဲ့(မြိုင်)၊ဂျိုင်းကြားလက်နက်ကြီးတပ်ဖွဲ့၊ နဂါးနီအထူးတိုက်ခိုက်ရေးတပ်ဖွဲ့ ၊ ဂဠုန်ပြောက်ကျားတပ်ဖွဲ့(မြိုင်)၊ Urban Underground Revolution Force (UURF)၊ Shwe Nyar Myae(PDF)၊King Cobra PDF၊ဆင်ရိုင်းပြောက်ကျားတပ်ဖွဲ့ ၊ Justice Revolution Team (JRT)၊ သံမဏိသိန်းငှက် နဲ့ မဟာမိတ်တပ်ဖွဲ့တွေစုပေါင်းပြီး တိုက်ခိုက်ခဲ့တာလို့ သိရပါတယ်။

မကွေးတိုင်းက ကျေးရွာတွေကို စစ်ကောင်စီက နေ့စဉ်စစ်ကြောင်းထိုးနေပြီး ပြည်သူတွေရဲ့ နေအိမ်တွေကို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာ၊မီးရှို့တာနဲ့ လေကြောင်းတိုက်ခိုက်မှုတွေ နေ့စဉ်လုပ်ဆောင်နေတဲ့အတွက် ပြည်သူသိန်းနဲ့ချီထွက်ပြေးတိမ်းရှောင်နေရပါတယ်။

သတင်း – သံလွင်တိုင်းမ်

ဓာတ်ပုံ – CJ

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.