ဝါရှင်တန်- စက်တင်ဘာ(၃)
နိုင်ငံတော်အတိုင်ပင်ခံဒေါ်အောင်ဆန်းစုကြည်ကို အလုပ်နဲ့ ထောင်ဒဏ်(၃) နှစ်ထပ်မံချမှတ်လိုက် တဲ့အတွက် အမေရိကန်နိုင်ငံခြားရေးဝန်ကြီးအန်တိုနီယိုဘင်လင်ကန်က ရှုတ်ချခဲ့ပြီး စစ်ကောင်စီ ကိုနောက်ထပ်ဖိအားပေးဖို့ တိုက်တွန်းလိုက်ပါတယ်။
ဒီမိုကရေစီနည်းကျရွေးကောက်တင်မြှောက်ထားတဲ့ ခေါင်းဆောင်တွေကို ဖိနှိပ်ချုပ်ချယ်မှုတွေ ပိုပိုလုပ်ဆောင်လာတဲ့ စစ်ကောင်စီကို ဖိအားတွေပိုမိုပေးဖို့ လုပ်ဆောင်မှာဖြစ်တယ်လို့ သူက ဆိုခဲ့တာပါ။
“မြန်မာစစ်အစိုးရက ဒေါ်အောင်ဆန်းစုကြည်ကို အလုပ်ကြမ်းနဲ့ ထောင်ဒဏ်(၃)နှစ်ချမှတ်လိုက် တာဟာ တရားမျှတမှု မရှိတဲ့ စီရင်ချက်ဖြစ်တဲ့ အတွက် ပြင်းပြင်းထန်ထန်ရှုတ်ချပါတယ်” လို့ ဘလင်ကန် က ပြောပါတယ်။
၂၀၂၀ ရွေးကောက်ပွဲမှာ မဲအပြတ်အသက်နဲ့ တောင်ပြိုကမ်းပြိုနိုင်ခဲ့တဲ့ NLD ပါတီကို စစ်တပ်က ရွေးကောက်ပွဲဆိုင်ရာ မဲမသမာမှုတွေရှိတယ်လို့ မတရားစွပ်စွဲပြီး ထောင်ဒဏ်ထပ်မံချမှတ်ခဲ့တဲ့ အတွက် အရင်ကပြစ်ဒဏ်တွေနဲ့ ပေါင်းရင်ထောင်ဒဏ် နှစ်(၂၀) ကျော်ကျခံရမယ့် အခြေအနေနဲ့ ရင်ဆိုင်နေရတာပါ။
အာဏာသိမ်းစစ်ကောင်စီက လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်ကို ပြီးခဲ့တဲ့ ဖေဖော်ဝါရီ လက သူ့ရဲ့နိုင်ငံတော်အတိုင်ပင်ခံရာထူးကနေ လက်နက်အားကိုးနဲ့ ဖယ်ရှားခဲ့သလို နိုင်ငံထိပ်ပိုင်း ခေါင်းဆောင်တွေနဲ့ အားပေးထောက်ခံသူတွေကို အကျင့်ပျက်ခြစားမှုအပါအဝင် တခြားသော စွဲချက်မျိုး စုံနဲတရားစွဲတာတွေလုပ်ဆောင်နေပြီး ထောင်ဒဏ်ချမှတ်နေတာပါ။
အမေရိကန်နဲ့ အနောက်မဟာမိတ်အုပ်စုကတော့ လက်နက်အားကိုးပြီး မတရားအာဏာသိမ်းခဲ့တဲ့ စစ်ကောင်စီကို ပိတ်ဆို့အရေးယူမှုတွေ ဆက်တိုက်လုပ်ဆောင်နေသလို သူတို့နဲ့ ပတ်သက်တဲ့ သူတွေကိုလည်း ပိတ်ဆို့အရေးယူမှုတွေလုပ်ဆောင်နေပါတယ်။
ပြီးခဲ့တဲ့ ဇူလိုင်လက စစ်ကောင်စီက ဒီမိုကရေစီအရေးတက်ကြွလှုပ်ရှားသူ လေးဦးကို သတ်ဖြတ် ခဲ့ပြီးနောက်ပိုင်း အမေရိကန်က ထပ်မံအရေးယူမှုတွေလုပ်ဆောင်သွားမယ်လို့ ကတိပေးခဲ့ပြီး အိမ်နီးချင်းထိုင်းနိုင်ငံကတော့ စွမ်းအင်တင်သွင်းမှုကဏ္ဍအတွက် နိုင်ငံတကာပိတ်ဆို့အရေးယူမှု တွေကြားထဲက စစ်တပ်နဲ့ ပိုမိုဆက်ဆံတာတွေလုပ်လာပြီး ရေနံနဲ့ သဘာဝဓာတ်ငွေ့လုပ်ငန်းတွေ ပိုမိုတိုးချဲ့တာတွေလုပ်ဆောင်နေတာဖြစ်ပါတယ်။
Ref: CNA