ဆော – စက်တင်ဘာ(၁)

မကွေးတိုင်း ဆောမြို့နယ်ရဲစခန်းက ရဲတပ်သားအပါအဝင် စစ်သားနဲ့ရဲ့ CDM ပြုလုပ်လာသူ တွေဟာ စစ်ကောင်စီကို ပြန်လည်ခုခံတိုက်ခိုက်နေတယ်လို့ The Youth Force (Saw & Kyaukhtu) တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

လက်ရှိမှာတော့ The Youth Force (Saw & Kyaukhtu) တပ်ဖွဲ့ကို စစ်ကောင်စီဘက်က အလင်းဝင် လာသူ (၁၀) ဦးကျော်ရှိနေပြီး တချို့ကို လွတ်မြောက်နယ်မြေတွေကို ပို့ဆောင်ပေးထားသလို တချို့ ကတော့ စစ်ကောင်စီကို တိုက်ခိုက်နေကြတာပါ။

“နောက်ထပ် CDM ဝင်မယ့်သူတွေကိုလည်း ကြိုဆိုသွားမှာပါ။ လက်နက်အပြည့်အစုံပါရင်တော့ ပစ္စည်းအမျိုးအစားပေါ် မူတည်ပြီး ထိုက်တန်စွာ ဂုဏ်ပြုပေးသွားမှာပါ။” လို့ The Youth Forceရဲ့ တာဝန်ရှိသူတစ်ဦးက သံလွင်တိုင်းမ်ကိုပြောပါတယ်။

ပြီးခဲ့တဲ့ဩဂုတ်လ(၃၁) ရက်နေ့က ဆောမြို့နယ်ရဲစခန်းက ရဲတပ်သားကိုဉာဏ်မင်းဟာ ဗုံးသီး(၄) လုံး၊ ကျည်(၃၀၀) တောင်၊G-3 တစ်လက်၊ ကျည်ဘောက်(၂) ခုနဲ့အတူ ပြည်သူ့ကာကွယ်ရေး တပ်ဖွဲ့ ကိုအလင်းဝင်လာပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ကိုအလင်းဝင်လာတဲ့ ကိုဉာဏ်မင်းကို The Youth Force က ဂုဏ်ပြု ချီးမြင့်တဲ့ ငွေကျပ်သိန်း(၇၀) ကို အခမ်းအနားနဲ့ ဂုဏ်ပြုပေးအပ်ထားတယ်လို့ သိရပါတယ်။

အာဏာသိမ်းစစ်ကောင်စီရဲ့ ပြည်သူကို အကြမ်းဖက်သတ်ဖြတ်နေတဲ့ လုပ်ရပ်တွေကြောင့် အရာရှိ စစ်သည်တွေဟာ ပြည်သူ့ရင်ခွင်ခိုလှုံလာတာ သောင်းနဲ့ချီရှိနေပြီဖြစ်ပါတယ်။

အမျိုးသားညီညွတ်ရေးအစိုးရကလည်း အာဏာရှင်လက်ကိုင်တုတ် ဘဝကနေ ပြည်သူတွေနဲ့ ပူးပေါင်းပြီး ပြည်သူ့ရင်ခွင်ခိုလှုံလာဖို့ တပ်မတော်သားတွေနဲ့ ရဲတပ်ဖွဲ့ဝင်တွေကို တိုက်တွန်း ထားပါတယ်။

သတင်း – သံလွင်တိုင်းမ်

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.