ကိယက်ဗ် ၊ စက်တင်ဘာ (၁)

နိုင်ငံတကာ အဏုမြူစွမ်းအင်ဆိုင်ရာအေဂျင်စီ (IAEA) အကြီးအကဲ ဦးဆောင်တဲ့ အဖွဲ့တစ်ဖွဲ့ဟာ တစ်ကမ္ဘာလုံးက စိုးရိမ်ပူပန်မှုတွေဖြစ်စေတဲ့ ယူကရိန်း တောင်ပိုင်းရှိ ရုရှား ထိန်းချုပ်ထားတဲ့ နျူကလီးယား ဓာတ်အားပေး စက်ရုံသို့ သွားရောက်ဖို့ ဗုဒ္ဓဟူးနေ့က ကိယက်ဗ်မှ ထွက်ခွာလာခဲ့ပါတယ်။ 

ဥရောပ၏အကြီးဆုံးဖြစ်တဲ့ ဇာပိုရီဇီဇီယာ နျူစက်ရုံသည် ရုရှားနှင့် ယူကရိန်းတပ်ဖွဲ့များကြား ရှေ့တန်းတွင်တည်ရှိပြီး အဆိုပါဧရိယာသည် မကြာသေးမီရက်များအတွင်း အကြိမ်ကြိမ် အပစ်အခတ်ခံခဲ့ရပြီး နှစ်ဖက်စလုံးက တစ်ဖက်နှင့်တစ်ဖက် စွပ်စွဲပြောဆိုနေကြပါတယ်။ 

IAEA အကြီးအကဲ ရာဖဲလ်ဂရော်စီက တနင်္လာနေ့မှာ ကိယက်ဗ်မြို့သို့ အင်အား (၁၃) ဦးပါအဖွဲ့ဖြင့် ရောက်ရှိခဲ့ကာ စက်ရုံတွင် ရက်အနည်းငယ်ကုန်ဆုံးရန် စီစဉ်ထားပြီး နောက်မှ ပြန်အစီရင်ခံမည်ဟု သတင်းထောက်များကို ပြောကြားခဲ့ပါတယ်။ 

အဆိုပါစက်ရုံအား မတ်လကတည်းက ရုရှားတပ်များက သိမ်းပိုက်ခဲ့ပြီး ယူကရိန်းက စစ်သားရာနှင့်ချီ တပ်ဖြန့်ကာ ခဲယမ်းများသိမ်းဆည်းထားသည်ဟု ရုရှားက စွပ်စွဲထားပါတယ်။ 

ဇာပိုရီဇီဇီယာတွင် IAEA ရဲ့ သွားရောက်မှုဟာ ရုရှားရဲ့ သိမ်းပိုက်မှုကို တရားဝင်မှုဖြစ်စေမှာကို အစောပိုင်းမှာ ယူကရိန်းက စိုးရိမ်မှုတွေရှိခဲ့ပါတယ်။ 

ဒါပေမယ့် ယူကရိန်းက အဆိုပါမစ်ရှင်သည် ယူကရိန်းထိန်းချုပ်နယ်မြေမှတဆင့် ထွက်ခွာသင့်တယ်လို့ အခိုင်အမာပြောဆိုတာကြောင့် စစ်ဆေးရေးမှူးတွေဟာ နှစ်ဖက်စလုံးမှ လုံခြုံရေးအာမခံချက်ဖြင့် ရှေ့တန်းကို ဖြတ်ကျော်ရမှာ ဖြစ်ပါတယ်။

“ဝမ်းနည်းစရာကောင်းတာက စက်ရုံကိုရောက်ဖို့ မစ်ရှင်သွားရောက်ဖို့လိုအပ်တဲ့ လမ်းညွှန်ချက်တွေအတွက် ရုရှားက သူ့ရဲ့ရန်စမှုတွေကို မရပ်တန့်သေးဘူး” လို့ ယူကရိန်းသမ္မတ ဇယ်လန်းစကီးက ဂရော်စီနှင့် တွေ့ဆုံပြီးနောက် သူရဲ့ နေ့စဉ်မိန့်ခွန်းမှာ ထည့်သွင်းပြောကြားခဲ့ပါတယ်။

“IAEA အဖွဲ့ဟာ သူတို့ရဲ့လုပ်ငန်းကို စတင်နိုင်လိမ့်မည်ဟု မျှော်လင့်ပါသည်၊ သိမ်းပိုက်ထားတဲ့သူတွေက စက်ရုံကို မစွန့်လွှတ်သေးဘူး၊ ဗုံးကြဲတာတွေ ဆက်လုပ်နေတယ်၊ လက်နက်ခဲယမ်းမီးကျောက်တွေ မရုပ်သိမ်းဘူး၊ ကျွန်တော်တို့ရဲ့ ဝန်ထမ်းတွေကို ခြိမ်းခြောက်နေတယ်၊ ရုရှားရဲ့ လုပ်ရပ်ကြောင့် နျူကလီးယားကပ်ဘေးအန္တရာယ်က တစ်နာရီတောင်လျော့မသွားဘူး” လို့ ယူကရိန်းသမ္မတ ထပ်လောင်းပြောကြားပြီး အဆိုပါစက်ရုံ၏ အခြေအနေသည် အလွန်အန္တရာယ်များကြောင်း ပြောခဲ့ပါတယ်။ 

ဇာပိုရီဇီဇီယာမှာ စစ်ဆင်ရေးတွေကို ချက်ချင်းရှင်းလင်းဖို့လိုအပ်ပြီး ထိုအတောအတွင်း အနီးအနားရှိ ခါဆန် နှင့် ဒွန်ဘတ်တောင်ပိုင်းဒေသများတွင်လည်း တိုက်ပွဲများ ပြင်းထန်စွာ ဖြစ်ပွားခဲ့တယ်လို့ ဇယ်လန်းစကီးက ထပ်လောင်းပြောပါသေးတယ်။

အရှေ့ပိုင်း ဒွန်ဘတ်ဒေသမှာ စစ်ပွဲများ ရပ်တန့်နေသဖြင့် တိုက်ပွဲများဟာ ဆောင်းရာသီမရောက်မီ ရက်သတ္တပတ်များအတွင်း ရှေ့မတိုးနောက်မဆုတ်သာဘဲ တောင်ဘက်သို့ ကူးပြောင်းသွားဖွယ်ရှိကြောင်း လေ့လာသုံးသပ်သူတွေက ပြောကြားခဲ့ပါတယ်။ 

Ref: Bangkok Post

Leave a Reply

This site uses Akismet to reduce spam. Learn how your comment data is processed.