August 2022

စက်သုံးဆီဈေးနှုန်းကြောင့် မွန်ပြည်နယ်က ကုန်တင်ကား ၇၀ ရာခိုင်နှုန်းနီးပါး ရပ်နားလာရ

မော်လမြိုင် ၊ သြဂုတ် (၂၇) မွန်ပြည်နယ်မှာ စစ်တပ် အာဏာသိမ်းတဲ့ တစ်နှစ်ခွဲကာလအတွင်း စက်သုံးဆီဈေးနှုန်း အဆမတန် မြင့်တက်လာတဲ့အတွက် ကုန်တင်ကား ၇၀ ရာခိုင်နှုန်း နီးပါးရပ်နားလာရသလို ကျန်ရှိတဲ့ ကုန်တင်ကားတွေကလည်း အဆင်ပြေသလို လည်ပတ်နေရတယ်လို့ ကုန်တင်ကား လုပ်ငန်းရှင်တွေက သံလွင်တိုင်းမ် ကို ပြောပါတယ်။ စက်သုံးဆီ ဈေးနှုန်းဟာ ပြီးခဲ့တဲ့ အပတ်က တစ်လီတာကို ကျပ်…

ပြည်သူတွေကို ကာကွယ်ပေးဖို့ထက် ရဲတွေဟာသူတို့လုံခြုံရေးကို ပြန်စိုးရိမ်နေကြတယ်လို့ ဥပဒေပညာရှင်တွေဝေဖန်

ရန်ကုန် ၊ သြဂုတ် (၂၇) မြန်မာနိုင်ငံမှာ စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း ခိုးဆိုးလုယက်မှုတွေ နေ့စဉ်ဖြစ်ပွားနေပေမယ့် စစ်ကောင်စီလက်အေက်ခံ ရဲတပ်ဖွဲ့ကတော့ သူတို့ရဲ့ လုံခြုံရေးကိုစိုးရိမ်ပြီး ပြည်သူတွေကို ကာကွယ်ပေးတာမရှိတော့ဘူးလို့ ဥပဒေပညာရှင်တွေက ဝေဖန်ခဲ့ပါတယ်။ ပြည်သူတွေဟာ အပြင်ထွက်ချိန်တွေမှာ ပိုက်ဆံအိတ်၊လက်ကိုင်ဖုန်းတွေနဲ့ တန်ဖိုးကြီးပစ္စည်းတွေ နေ့စဉ်လုယက်ခံနေရတာ အများပြည်သူသုံးဘတ်စ်ကားလိုင်းတွေပေါ်မှာ ခါးပိုက်နှိုက်ခံရတာ အုပ်စုဖွဲ့လုယက်ခံရတာတွေကြုံတွေ့နေရပါတယ်။ ဒါဟာစစ်ကောင်စီက နိုင်ငံရေးအမှုတွေနဲ့ဖမ်းဆီးထားတဲ့သူတွေကိုထိန်းသိမ်းထားဖို့နေရာမရှိတော့တဲ့အချိန် မှာ ထောင်ထဲမှာရှိတဲ့ ခိုးဆိုးလုနှိုက်တွေနဲ့ ရာဇဝတ်မှုတွေနဲ့…

ဥကရစ်ထလမ်းဆုံကို စစ်ကောင်စီတပ်က သွားခွင့်ပိတ်ပင်ထားလို့ ဒေသခံတွေ အခက်ကြုံနေရ

မြဝတီ ၊ သြဂုတ် (၂၇) စစ်ရေးတင်းမာမှုတွေရှိနေတဲ့ ကရင်ပြည်နယ်၊ မြဝတီ-ဝေါ်လေ လမ်းပိုင်းပေါ်ရှိ ဥကရစ်ထလမ်းဆုံနေရာကို စစ်ကောင်စီတပ်က ဖြတ်သန်းသွားလာခွင့်ပိတ်ပင်ထားတာကြောင့် သွားလာရေးအတွက် အခက်အခဲတွေ ကြုံတွေ့နေရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ မြဝတီ-ဝေါ်လေ ကားလမ်းပေါ်မှာတည်ရှိတဲ့ ဥကရစ်ထလမ်းဆုံနေရာကို စစ်ကောင်စီတပ်က အင်အားအများအပြားနဲ့ စခန်းချတပ်စွဲထားပြီး ဒေသခံပြည်သူတွေရဲ့ ဖြတ်သန်းသွားလာခွင့်ကိုပါ ပိတ်ပင်တဲ့အပြင် ဖြတ်သန်းသွားလာပါက ပစ်ခတ်မယ်လို့ စစ်ကောင်စီတပ်က အမိန့်ထုတ်ထားတယ်လို့…

“မြန်မာပြည်ကိုကယ်တင်ရေး စစ်ကောင်စီကိုငွေမပေး”

မန္တလေး – ဩဂုတ်(၂၆) ဒီနေ့ ဩဂုတ်လ(၂၆) ရက်နေ့ ညပိုင်းက ပြည်ကြီးတံခွန်သပိတ်အင်အားစုက ဦးဆောင်ပြီး “မြန်မာပြည်ကို ကယ်တင်ရေး စစ်ကောင်စီကို ငွေမပေး” ဆိုခဲ့ ခေါင်းစဉ်နဲ့ စစ်အာဏာရှင် ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ဓာတ်ပုံ – CJ

” ဘာသာလူမျိုးမခွဲခြား မြန်မာနိုင်ငံသား “

ယင်းမာပင် – ဩဂုတ်(၂၆) ဒီနေ့ ဩဂုတ်လ(၂၆) ရက်နေ့ ညနေပိုင်းက ချင်းတွင်းမြစ်အနောက်ဘက်ကမ်း သပိတ်ကော်မတီ ကဦးဆောင်ပြီး ညောင်ပင်ကြီး-ဂန့်ဂေါ လမ်းမမှာ ” ဘာသာလူမျိုးမခွဲခြား မြန်မာနိုင်ငံသား ” ဆို တဲ့ခေါင်းစဉ်နဲ့ စစ်အာဏာရှင်ဆန့်ကျင်ရေးသပိတ်ပြုလုပ်ခဲ့ကြပါတယ်။ ဓာတ်ပုံ – အောင်ခန့်ဇော်

စစ်ကောင်စီက တိုက်ပွဲမရှိဘဲ ကျေးရွာထဲကို ဝင်ပစ်လို့ ပြည်သူတွေကျည်ထိမှန်ဒဏ်ရာရ

ဖယ်ခုံ – ဩဂုတ်(၂၆) ကရင်နီပြည်နယ် ဖယ်ခုံမြို့ လွယ်ပေါ်ကျေးရွာထဲကို စစ်ကောင်စီက တိုက်ပွဲဖြစ်တာမရှိဘဲ လက်နက်ကြီးလက်နက်ငယ်တွေနဲ့ ဝင်ရောက်ပစ်ခတ်ခဲ့လို့ ဒေသခံတစ်ဦး ကျည်ထိမှန်မပြီး ပြည်သူတွေဘေးလွတ်ရာ ထွက်ပြေးနေရတယ်လို့ ဖယ်ခုံပြည်သူ့ကာကွယ်ရေး တပ်ရင်းက ပြောပါတယ်။ ဆောင်နန်းခဲရွာနဲ့ လွယ်မကူးတောင်ပေါ်မှာတပ်စွဲထားတဲ့စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ အဖွဲ့(၂) ဖွဲ့ခွဲပြီး ကျေးရွာထဲကို ဝင်ရောက်ပစ်ခတ်ခဲ့တဲ့ အတွက် အသက်(၄၀) အရွယ်အမျိုးသား တစ်ဦး လက်မောင်းမှာ ကျည်ထိမှန်ခဲ့တာပါ။ ရွာသားတွေရွာထဲပြန်ဝင်လာလို့…

ကျိုက်ထိုမှာ စစ်ကောင်စီတပ်သား ၃ ဦး မိုင်းဆွဲခံရတာကြောင့် သေဆုံး

ကျိုက်ထို ၊ သြဂုတ် (၂၆) မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်၊ မုပ္ပလင်စံပြကျေးရွာ၊ မရမ်းချောင်အောက်စု၊ ဥသျှဉ်ခြံကွေ့ ရတနာငွေမိုးပန်းဆိုင်လမ်းကြားမှာ စစ်ကောင်စီတပ်သား ၃ ဦး မိုင်းဆွဲတိုက်ခိုက်ခံရတာကြောင့် သေဆုံးသွားတယ်လို့ သထုံခရိုင် PDF တာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။ သြဂုတ် ၂၆ ရက်နေ့ မနက် ၆ နာရီလောက်က ဥသျှဉ်ခြံကွေ့ ရတနာငွေမိုးပန်းဆိုင်လမ်းကြားမှာ မိုင်းထောင်ထားတယ်ဆိုတဲ့ သတင်းအရ…

ဒေါ်လာနဲ့ ဘတ်ဈေးနှုန်း စံချိန်တင် ထပ်မံ မြင့်တက်လာ

မော်လမြိုင် ၊ သြဂုတ် (၂၆) စစ်ကောင်စီက သွင်းကုန်လုပ်ငန်းရှင်တွေအပေါ် ကန့်သတ်ထားတဲ့ စည်းကမ်းချက်တွေ အပါအဝင် ဒေါ်လာငွေ ထိန်းချုပ်မှုတွေကြောင့် သြဂုတ် ၂၆ ရက်နေ့မှာ ဒေါ်လာနဲ့ ဘတ်ဈေးနှုန်း စံချိန်တင် ထပ်မံ မြင့်တက်လာတယ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီ ဗဟိုဘဏ်က တစ်ဒေါ်လာကို ကျပ် ၂၁၀၀ သတ်မှတ်ထားပေမယ့် ပြည်ပဈေးကွက်မှာတော့ တစ်ဒေါ်လာကို…

တာဝန်က ဆိုင်းငံ့ခံထားရတဲ့ ပရာယွတ်ကာကွယ်ရေးဝန်ကြီးဌာနအစည်းအဝေးတက်မယ်

ဘန်ကောက် – ဩဂုတ်(၂၆) တာဝန်က ဆိုင်းငံ့ခံထားရတဲ့ ထိုင်းဝန်ကြီးချုပ် ပရာယွတ်ချန်အိုချာ အနေနဲ့ ကာကွယ်ရေးဝန်ကြီး ဌာနအစည်းအဝေးကို တက်ရောက်မှာဖြစ်ပါတယ်။ အသက်(၆၈) နှစ်အရွယ်ရှိပြီဖြစ်တဲ့ ဝန်ကြီးချုပ်ပရာယွတ်ဟာ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ကန့်သတ်ထားတဲ့ သက်တမ်းကို ပြန်လည်သုံးသပ်ဖို့ တာဝန်က ယာယီဆိုင်းငံ့ခံထားရပေမယ့် ကာကွယ်ရေးဝန်ကြီးအဖြစ်ကနေတော့ အနားယူတာမရှိသေးပါဘူး။ ထိုင်းနိုင်ငံမှာ ၂၀၁၄ ခုနှစ်က အာဏာသိမ်းခဲ့ပြီးနောက်ပိုင်း ပထမဆုံးအာဏာရလာခဲ့တဲ့ စစ်တပ်အကြီးအကဲဖြစ်ပြီး (၈) နှစ်သက်တမ်းဖြစ်လာတဲ့…