August 2022

တော်လှန်ရေးအမည်ခံ ခြိမ်းခြောက်ငွေကြေးတောင်းယူမှုကို ပြင်းထန်စွာအရေးယူမယ်လို့ KNU သထုံခရိုင် မိတ်ဖက်ကော်မတီ ကြေညာ

သထုံ ၊ သြဂုတ် (၂၈) ကရင်အမျိုးသားအစည်းအရုံး KNU တပ်မဟာ(၁) ထိန်းချုပ်နယ်မြေ သထုံခရိုင်အတွင်း တော်လှန်ရေးအဖွဲ့အစည်း အမည်ခံပြီး ပြည်သူတွေထံ ခြိမ်းခြောက်ငွေကြေး တောင်းယူပါက ပြင်းထန်စွာအရေးယူသွားမယ်လို့ KNUသထုံခရိုင်၊ တပ်မဟာ(၁)မိတ်ဖက်ရေးရာ ကြီးကြပ်မှုကော်မတီက သြဂုတ်လ ၂၇ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။ KNU သထုံခရိုင်အတွင်းက ကျိုက်ထို၊ ဘီးလင်း၊ သထုံမြို့နယ်တွေမှာ တော်လှန်ရေးအဖွဲ့အမည်ခံပြီး လုပ်ငန်းရှင်တွေထံကနေ ခြိမ်းခြောက်ငွေးတောင်ခံတာတွေ…

ထားဝယ်မှာ စစ်ကောင်စီတပ်က လက်နက်ကြီး ပစ်ခတ်တာကြောင့် ဒေသခံ နေအိမ်တွေ ထိခိုက်ပျက်စီး

ထားဝယ် ၊ သြဂုတ် (၂၈) တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်၊ ထားဝယ်-ထီးခီးလမ်းတလျှောက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်က လက်နက်ကြီး ရမ်းသမ်းပစ်ခတ်တာကြောင့် ဒေသခံ နေအိမ်တချို့ ထိခိုက်ပျက်စီးခဲ့တယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ သြဂုတ် ၂၆ ရက်နေ့ တပ်အင်အား ၃၀၀ လောက် စစ်ကြောင်းထိုးလာတဲ့ စစ်ကောင်စီတပ်ကို သင်္ကန်းတုန်းနဲ့ဝကုန်းကျေးရွာအနီးမှာ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။…

စစ်ကောင်စီက ပြည်သူတွေရဲ့ နေအိမ် (၂၈၀၀၀) ကျော် မီးရှို့ဖျက်ဆီးခဲ့

မော်လမြိုင် – ဩဂုတ်(၂၇) မြန်မာနိုင်ငံကို စစ်တပ်အာဏာသိမ်းပြီးနောက်ပိုင်း စစ်ကောင်စီလက်အောက်ခံအဖွဲ့အစည်းတွေက နေအိမ်လုံးပေါင်း (၂၈၀၀၀) ကျော်ကို မီးရှို့ဖျက်ဆီးခဲ့တဲ့တယ်လို့ Data for Myanmar အဖွဲ့က ဒီနေ့ ဩဂုတ်လ (၂၇) ရက်နေ့ ညနေပိုင်းမှာ ထုတ်ပြန်ထားပါတယ်။ Data for Myanmar ကပြုစုထားတဲ့ စာရင်းဟာ စစ်တပ်အာဏာသိမ်းခဲ့တဲ့ ၂၀၂၁ ခုနှစ်ဖေဖော်ဝါရီလ (၁) ရက်နေ့ကနေ…

“စနေနေ့တိုင်း ထောင်တွင်းလူသတ်မှု ကျူးလွန်နေကြသည်”

ရန်ကုန် – ဩဂုတ်(၂၇) ဒီနေ့ ဩဂုတ်လ(၂၇) ရက်နေ့ နေ့လည်ပိုင်းက ရန်ကုန်မြို့ရဲ့ အထင်ကရနေရာတစ်ခုမှာ ရေဘဝဲ ပြည်သူ့အကျိုးပြုလူငယ်အဖွဲ့အစည်းက ဦးဆောင်ပြီး “စနေနေ့တိုင်း ထောင်တွင်းလူသတ်မှု ကျူးလွန်နေကြသည်” ဆိုတဲ့ ခေါင်းစဉ်နဲ့ ပြည်သူလူထုနဲ့ နိုင်ငံတကာက သတိထားမိစေဖို့ လှုံဆော်မှု တစ်ရပ်ပြုလုပ်ခဲ့ကြပါတယ်။ အာဏာသိမ်းစစ်ကောင်စီကပြီးခဲ့တဲ့ ဇူလိုင်လ(၂၅) ရက်နေ့မှာ ကိုဂျင်မီ၊ကိုဖြိုးဇေယျာသော်၊ ကိုလှမျိုးအောင်နဲ့ ကိုသူရဇော်တို့ကို သတ်ဖြတ်ထားတယ်လို့ ထုတ်ပြန်ထားသလို…

ရုရှားစစ်တပ် အရွယ်အစားကို တိုးမြှင့်ဖို့ ပူတင် အမိန့်ပေးခဲ့

မော်စကို ၊ သြဂုတ် (၂၇) ရုရှားသမ္မတ ဗလာဒီမာပူတင်က ၎င်းရဲ့ စစ်တပ်အရွယ်အစားကို သိသိသာသာ တိုးမြှင့်ဖို့ အမိန့်ပေးခဲ့ပါတယ်။ အခုလုပ်ရပ်ဟာ ကရင်မလင်ရဲ့ နှစ်ပေါင်းများစွာ ဖောင်းပွနေတဲ့စစ်အင်အားကို လျော့ချရန် ကြိုးပမ်းမှုအား ပြောင်းလဲခဲ့တာဖြစ်ပြီး ယူကရိန်းမှာ ကာလကြာရှည်စွာ စစ်ပွဲကို ဆင်နွှဲနေတဲ့ စစ်မြေပြင်မှာ ပြင်းထန်စွာ ဆုံးရှုံးမှုများခဲ့တဲ့ လက္ခဏာတစ်ရပ်ဖြစ်ပါတယ်။ ရုရှားသမ္မတပူတင်က လက်မှတ်ရေးထိုးပြီး ကရင်မလင်ဝက်ဘ်ဆိုက်မှာ တင်ထားသော…

အမေရိကန်ရဲ့ လာရောက်လည်ပတ်မှုတွေဟာ ထိုင်ဝမ်ကို ခုခံကာကွယ်ဖို့ အထောက်အပံ့ဖြစ် တယ်လို့ဆို

တိုင်ပေ – ဩဂုတ်(၂၇) အမေရိကန်ပြည်ထောင်စုက တာဝန်ရှိသူတွေလာရောက်လည်ပတ်မှုတွေကြောင့် ထိုင်ဝမ်ရဲ့ ကိုယ့်ကိုကိုယ်ခုခံကာကွယ်ဖို့ဆုံးဖြတ်ချက်ကိုအထောက်အပံ့ဖြစ်စေတယ်လို့ သမ္မတဆိုင်အင်ဝမ် ကအမေရိကန်လွှတ်တော်အမတ်နဲ့တွေ့ဆုံချိန်မှာပြောဆိုခဲ့ပါတယ်။ ထိုင်ဝမ်ကို သူတို့ရဲ့ပိုင်နက်အဖြစ်ဆိုထားတဲ့ တရုတ်နိုင်ငံဟာ တိုင်ပေအစိုးရရဲ့ ကန့်ကွက်မှုတွေ ကိုဆန့်ကျင်တဲ့အနေနဲ့ အမေရိကန်အောက်လွှတ်တော်ဥက္ကဌ နန်စီပေလိုစီ လာရောက်ပြီးနောက် ကျွန်းအနီးမှာ စစ်ရေးလေ့ကျင့်မှုတွေပြုလုပ်ခဲ့တာပါ။ အမေရိကန်ဆီးနိတ်အထက်လွှတ်တော်ကူးသန်းရောင်းဝယ်ရေးနဲ့ စစ်မှုထမ်းကော်မတီအဖွဲ့ဝင် ရီပတ်ဘလစ်ကန်အထက်လွှတ်တော်အမတ် မာရှယ်ဘလက်ဘန်ဟာ ထိုင်ဝမ်ကျွန်းကို သွား ရောက်ခဲ့ပြီး တရုတ်အစိုးရတားမြစ်ထားတဲ့ကြားက နန်စီပေလိုစီ ပြီးနောက်…

သီရိလင်္ကာကို ချေးငွေပေးထားတဲ့ နိုင်ငံတွေနဲ့ ညီလာခံတစ်ရပ်ကျင်းပနိုင်ဖို့ ဂျပန်ကြိုးပမ်းနေ

တိုကျို – ဩဂုတ်(၂၇) ဂျပန်နိုင်ငံက သီရိလင်္ကာရဲ့ ကြွေးမြီအကြပ်အတည်းကို ဖြေရှင်းနိုင်မယ်လို့ မျှော်လင့်ကာ ချေးငွေထောက်ပံ့ပေးနိုင်သူတွေနဲ့ သက်ဆိုင်တဲ့ ညီလာခံတစ်ရပ်ကျင်းပဖို့ ကြိုးပမ်းနေပေမယ့် ဆွေးနွေးပွဲတွေဟာ မရေရာမှုတွေရှိနေတယ်လို့ ပညာရှင်တွေက ဝေဖန်ထားပါတယ်။ လွတ်လပ်ရေးရပြီးနောက်ပိုင်း အဆိုးရွာဆုံးကြွေးမြီအကြပ်အတည်းနဲ့ ရင်ဆိုင်နေရတဲ့ သီရိလင်္ကာနိုင်ငံကို ကယ်တင်ပေးနိုင်ဖို့ ရည်ရွယ်ပြီး ချေးငွေထောက်ပံ့ပေးကြမယ့် နိုင်ငံအားလုံး ပါဝင်တဲ့ ဆွေးနွေးပွဲကို ဂျပန်မှာ လက်ခံကျင်းပဖို့ စီစဉ်ထားပေမယ့် ချေးငွေကို…

အရှင်ဖမ်းမိခဲ့တဲ့ ပြည်သူ့ကာကွယ်ရေးရဲဘော်ကို စစ်ကောင်စီက မီးရှို့သတ်ဖြတ်ခဲ့

မြိုင် – ဩဂုတ်(၂၇) မကွေးတိုင်း မြိုင်မြို့နယ်ကို စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဟာ ဖမ်းဆီးရမိခဲ့တဲ့ ပြည်သူ့ ကာကွယ်ရေးတပ်ဖွဲ့ဝင်ရဲဘော်တစ်ဦးကို အရှင်လတ်လတ်မီးရှို့သတ်ဖြတ်ခဲ့တယ်လို့ Myaing Heroes Grenerations က ဩဂုတ်လ(၂၆) ရက်နေ့မှာ သတင်းထုတ်ပြန်ထားပါတယ်။ မြိုင်မြို့နယ်က သဒွတ်ကျေးရွာနဲ့ ပေါက်ခေါင်းကျေးရွာတွေမှာ ခြေလျင်တပ်ရင်း (၂၅၈) က စစ်ကြောင်းမှူးဗိုလ်မှူးငြိမ်းချမ်း ဦးဆောင်တဲ့ အင်အား(၁၀၀) ပါစစ်ကြောင်းက အခုလို လုပ်ဆောင်ခဲ့တာပါ။…

စစ်အာဏာသိမ်း ရက် (၅၇၂) အတွင်း သတ်ဖြတ်ခံရသူ ၂၂၄၉ ဦး အထိရှိလာ

မော်လမြိုင်၊ ဩဂုတ် ၂၇ AAPP ၏ ဩဂုတ်လ (၂၆) ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးတွင် စစ်အာဏာသိမ်းမှုကာလ ရက် (၅၇၂)အတွင်း ပြည်သူ (၂၂၄၉)ဦးအထိ အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရကြောင်း သိရသည်။ ဖမ်းဆီးခံရသူပေါင်း ၁၅၂၃၉ ဦးအထိ ရှိလာခဲ့ပြီး ဖြစ်သည်။ ပြန်လည်လွတ်မြောက်လာသူ စုစုပေါင်း(၃၀၇၅) ဦး ရှိသည်။ အာဏာသိမ်းစစ်အုပ်စု၏ အကြမ်းဖက်သတ်ဖြတ်မှုများတွင် ရန်ကုန်မြို့မှ…