August 2022

နန်စီပေလိုစီ ထိုင်ဝမ်ပါလီမန်ကို လာရောက်လည်ပတ်ချိန် တရုတ် ပြစ်တင်ရှုတ်ချ

တိုင်ပေ – ဩဂုတ်(၃) အမေရိကန် အောက်လွှတ်တော်ဥက္ကဌ နန်စီပေလိုစီ ထိုင်ဝန်ပါလီမန်မှာ ဒီနေ့ မိန့်ခွန်းပြောဆိုခဲ့ပြီး ကျွန်းကိုလာရောက်လည်ပိတ်ချိန် ထိုင်ဝမ်သမ္မတအပြင် လူ့အခွင့်အရေးလှုပ်ရှားသူတွေနဲ့လည်း တွေ့ဆုံမှာဖြစ်ပါတယ်။ အမေရိကန် ထိပ်တန်း ခရီးစဉ်ကို (၂၅) နှစ်အတွင်း ထိုင်ဝမ်ရေလက်လက်ကြားရဲ့ ငြိမ်းချမ်းရေးနဲ့ တည်ငြိမ်ရေးကို ခြိမ်ခြောက်မှုအဖြစ် တရုတ်က ရှုတ်ချထားပြီး စစ်ရေးလေ့ကျင့်မှုတွေ တိုးမြှင့် လုပ်ဆောင်တာ၊ ဘေဂျင်းမြို့က အမေရိကန် သံအမတ်ကို…

စစ်ကောင်စီ ကျင်းပမယ့် ရွေးကောက်ပွဲ ဖြစ်လာမှာ မဟုတ်ဘူးလို့ သုံးသပ်တာတွေ ရှိနေ

ရန်ကုန် ၊ သြဂုတ် (၃) လက်ရှိနိုင်ငံရေး အကြပ်အတည်းနဲ့အတူ ပဋိပက္ခတွေ ပိုမိုပြင်းထန်လာနိုင်တဲ့အတွက် အာဏာသိမ်း စစ်ကောင်စီက ကျင်းပမယ့် ရွေးကောက်ပွဲ ဖြစ်လာမှာ မဟုတ်ဘူးလို့ နိုင်ငံရေးပါတီတချို့နဲ့ ရွေးကောက်ပွဲ လေ့လာစောင့်ကြည်နေသူတွေက သုံးသပ်ပါတယ်။အာဏာသိမ်း စစ်ကောင်စီက လာမယ့် ၂၀၂၃ ခုနှစ်မှာ တစ်နိုင်ငံလုံးအတိုင်းအတာနဲ့ လွတ်လပ်ပြီး တရားမျှတတဲ့ ပါတီစုံဒီမိုကရေစီ အထွေထွေရွေးကောက်ပွဲတစ်ရပ် ကျင်းပပေးမယ်လို့ ပြောဆိုပေမယ့် နိုင်ငံတဝန်းမှာ…

အာဏာသိမ်းမှုကြောင့် မွန်ပြည်နယ် စီးပွားရေး ၅၀ ရာခိုင်နှုန်းကျော် ကျဆင်းလာ

မော်လမြိုင် ၊ သြဂုတ် (၃) မွန်ပြည်နယ်မှာ စစ်တပ် အာဏာသိမ်းတဲ့ တစ်နှစ်ခွဲကာလအတွင်း စစ်ကောင်စီရဲ့ ကန့်သတ်ချက်တွေအပြင် ဘက်ပေါင်းစုံ အကြပ်အတည်းတွေကြောင့် ပြည်နယ် စီးပွားရေး ၅၀ ရာခိုင်နှုန်းကျော် ကျဆင်းလာတယ်လို့ စီးပွားရေးလုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ပြည်နယ်စီးပွားရေးဟာ စစ်ကောင်စီရဲ့ ဘဏ်ဝန်ဆောင်မှု ကန့်သတ်ချက်တွေ၊ မလိုလားအပ်တဲ့ ဒေါ်လာငွေ ထိန်းချုပ်မှုတွေ၊ ကုန်သွယ်ရေးကန့်သတ်ချက်တွေအပြင် စီမံခန့်ခွဲမှု အလွဲမှားတွေကြောင့် ကျဆင်းလာတာ…

ပွင့်ဖြူမှာ ပြည်သူ့စစ်ဖွဲ့ဖို့ စစ်ကောင်စီလုပ်ဆောင်နေလို့ ဒေသခံတွေအခက်တွေ့နေရ

ပွင့်ဖြူ ၊ ဩဂုတ်(၃) မကွေးတိုင်းပွင့်ဖြူမြို့နယ်မှာ စစ်ကောင်စီက ရပ်ရွာလုံခြုံရေးအကြောင်းပြပြီး ပြည်သူ့စစ်ဖွဲ့ဖို့ ကျေးရွာ အုပ်စု အကြီးအငယ်အလိုက် တစ်အုပ်စုကို လူငယ်(၃၀) တောင်းခံနေတယ်လို့ ဒေသခံ တွေက သံလွင်တိုင်းမ်ကိုပြောပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လအတွင်းက မြို့နယ်၊ရပ်ကျေးအုပ်ချုပ်ရေးမှူးတွေ အစည်းအဝေးပြုလုပ်ပြီး ဩဂုတ်လ(၁) ရက်နေ့မှာ စတင်လူစာရင်းတောင်းနေတာပါ။ စစ်ကောင်စီတပ်ဟာ အင်အား ပြုန်းတီးမှုတွေကြောင့် ပြည်သူ့စစ်ဖွဲ့ဖို့ ၂၀၂၂ ခုနှစ် အစောပိုင်း…

မီးရှို့ဖျက်ဆီးခံ ထုံးဘိုလေးကျေးရွာ ဒေသခံတွေ နေရပ်ပြန်လာကြပေမယ့် နေရာထိုင်ခင်းအတွက် ဒုက္ခကြုံနေရ

သထုံ ၊ သြဂုတ် (၃) အာဏာသိမ်း စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးသွားတဲ့ မွန်ပြည်နယ်၊ သထုံမြို့နယ်၊ ထုံးဘိုလေးကျေးရွာ ဒေသခံတွေဟာ နှစ်ဖက် တိုက်ပွဲတွေ ပြန်လည်ငြိမ်သက်လာတာကြောင့် နေရပ်ပြန်လာကြပေမယ့် နေရာထိုင်ခင်းအတွက် ဒုက္ခကြုံနေရတယ်လို့ ဒေသခံတွေ သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ ဇွန်လ ၂၅ ရက်နေ့က ထုံးဘိုလေးကျေးရွာအနီးမှာ ကရင်အမျိုးသား လွတ်မြောက်ရေးတပ်မတော် KNLA ပူးပေါင်းတပ်တွေနဲ့စစ်ကောင်စီတပ်တွေအကြား တိုက်ပွဲဖြစ်ပွားပြီးနောက်…

KNU တပ်မဟာ(၆) ဒေသတချို့ကို စစ်ကောင်စီ လေယာဉ်နဲ့ လာရောက် ဗုံးကြဲတိုက်ခိုက်

မြဝတီ ၊ သြဂုတ် (၃) ကေအဲန်ယူ-ဒူးပလာယာခရိုင် တပ်မဟာ ၆ ထိန်းချုပ်နယ်မြေဖြစ်တဲ့ မြဝတီ-ဝေါ်လေ ကားလမ်းပိုင်းက သုံးထပ်ကွေ့နေရာနဲ့ ဥကရစ်ထဘက်ကို သြဂုတ် ၂ ရက်နေ့ ညနေပိုင်းမှာ စစ်ကောင်စီတပ်က လေယာဉ်နဲ့ လာရောက် ဗုံးကြဲတိုက်ခိုက်သွားတယ်လို့ KNLA ပူးပေါင်းအဖွဲ့ထံကနေ သိရပါတယ်။စစ်ကောင်စီတပ်နဲ့ ကရင်အမျိုးသားလွတ်မြောက်ရေး တပ်မတော် KNLA ပူးပေါင်းအဖွဲ့ဖြစ်တဲ့ ကော်ဘရာစစ်ကြောင်းတို့ အကြား မြဝတီ-ဝေါ်လေကားလမ်းပိုင်းရဲ့…

တရားမဝင်စစ်ကောင်စီပြုတ်ကျရေး ပြည်ကြီးတံခွန်သပိတ်အင်အားစု ဆန္ဒထုတ်ဖော်

မန္တလေး -ဩဂုတ်(၂) ဒီနေ့ဩဂုတ်လ(၂) ရက်နေ့ ညပိုင်းက ပြည်ကြီးတံခွန်သပိတ်အင်အားစုကဦးဆောင်ပြီး တရားမဝင်အာဏာသိမ်းစစ်ကောင်စီပြုတ်ကျရေး ချီတက်သပိတ်မှောက်ခဲ့ပါတယ်။ ဓာတ်ပုံ -CJ

အမှောင်ကျနေတဲ့ ငါတို့တိုင်းပြည် ညီညွတ်အားနဲ့ ထွန်းလင်းကြစို့

ယင်းမာပင် – ဩဂုတ်(၂) ဒီနေ့ ဩဂုတ်လ (၂) ရက်နေ့ ညနေပိုင်းက ချင်းတွင်းမြစ်အနောက်ဘက်ကမ်းသပိတ်ကော်မတီက ဦးဆောင်ပြီး အမှောင်ကျနေတဲ့ ငါတို့တိုင်းပြည် ညီညွတ်အားနဲ့ထွန်းလင်းကြစို့ ဆိုတဲ့ခေါင်းစဉ်နဲ့ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။ ဓာတ်ပုံ – အောင်ခန့်ဇော်

အမှန်/အမှာ:

မင်္ဂလာပါရှင်။ သံလွင်တိုင်းမ်ရဲ့ အမှန် အမှား အစီအစဉ်ကနေကြိုဆိုပါတယ်။စစ်တပ်အာဏာသိမ်းပြီးနောက် လူထုတော်လှန်ရေး လှုပ်ရှားမှုတွေနှင့် ပတ်သက်ပြီး လူမှုကွန်ယက် ပေါ်မှာ ပျံ့နှံ့နေတဲ့ သတင်းတု သတင်းအမှားတွေကို အမှန်အမှား အစီအစဉ်ကနေ စီစစ်ပေးသွားမှာ ဖြစ်ပါတယ်။ ဒီကနေ့မှာတော့ စစ်တပ်ထောက်ခံသူတွေ ဖြန့်ဝေနေတဲ့ ” ပြည်သူတွေကို စစ်ကောင်စီက လက်နက်ထုတ်ပေး “ဆိုတဲ့ အကြောင်းအရာကို စီစစ်ပေးသွားမှာ ဖြစ်ပါတယ်။ဒီအကြောင်းအရာကို သြဂုတ်၁ရက်နဲ့သြဂုတ်၂ရက်မှာ စစ်တပ်ထောက်ခံသူ…