August 2022

မွန်ပြည်နယ်မှာ အိမ်၊ခြံ၊မြေ ဈေးနှုန်း ထိုးတက်လာ

မော်လမြိုင် ၊ သြဂုတ် (၄) ဒေါ်လာနဲ့ ရွှေဈေးတွေ ဆက်တိုက် မြင့်တက်လာတာကြောင့် မွန်ပြည်နယ်အတွင်းက အိမ်၊ခြံ၊မြေ ဈေးနှုန်းတွေလည်း ဆက်တိုက် ထိုးတက်လာနေတယ်လို့ အိမ်၊ခြံ၊မြေ အကျိုးဆောင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။အာဏာသိမ်း တစ်နှစ်ခွဲကာလအတွင်း စစ်ကောင်စီရဲ့ ကန့်သတ်ချက်တွေကြောင့် ဒေါ်လာနဲ့ ရွှေဈေးနှုန်း ဆက်လက် မြင့်တက်လာပြီးနောက် အိမ်၊ခြံ၊မြေ ဈေးနှုန်းတွေလည်း ဆက်တိုက် မြင့်တက်လာတာ ဖြစ်ပါတယ်။ဒေါ်လာဈေးနှုန်းဟာ ပြင်ပဈေးကွက်မှာ…

ရေဖြူမှာ စစ်ကောင်စီတပ် ဖမ်းဆီးသွားတဲ့ ဒေသခံ ၃ ဦး သေဆုံးလျက် ပြန်တွေ့

ရေဖြူ ၊ ဩဂုတ်(၄) တနင်္သာရီတိုင်းဒေသကြီး၊ ရေဖြူမြို့နယ် ပုဂေါဇွန်းကျေးရွာမှာ စစ်ကောင်စီတပ်က ဖမ်းဆီးသွားတဲ့ ဒေသခံ ၃ ဦးကို သေဆုံးလျက် ပြန်လည် တွေ့ရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ပြီးခဲ့တဲ့ ဇူလိုင်လ (၃၁) ရက်နေ့မှာ စစ်ကောင်စီတပ်က ပုဂေါဇွန်းကျေးရွာအတွင်း ဝင်ရောက်လာပြီးနောက် ကျေးရွာသားတွေ ဖြစ်တဲ့ ဦးစောရှီ၊ ဦးမောင်ကြည်၊ ဦးအေးဘ၊ ကိုဇော်သားနဲ့ကိုထိန်ဝင်းတို့ကို ဖမ်းဆီးသွားခဲ့တာပါ။စစ်ကောင်စီတပ်…

ကရင်နီပြည်နယ်က တစ်လအတွင်း တိုက်ပွဲမှာ စစ်ကောင်စီဘက်က ၈၀ ကျော် သေဆုံးခဲ့

ဒီးမော့ဆို ၊ ဩဂုတ်(၄) ကရင်နီပြည်နယ်မှာ ပြီးခဲ့တဲ့ ဇူလိုင်လ တစ်လအတွင်း ဖြစ်ပွားခဲ့တဲ့ နှစ်ဖက် တိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၈၀ ကျော် သေဆုံးခဲ့တယ်လို့ ကရင်နီအမျိုးသားများ ကာကွယ်ရေးတပ် KNDF က ထုတ်ပြန်ပါတယ်။ဇူလိုင်လအတွင်းမှာ စစ်ကောင်စီတပ်နဲ့ ကရင်နီဒေသကာကွယ်ရေး ပူးပေါင်းတပ်ဖွဲ့တို့ကြား နှစ်ဖက်တိုက်ပွဲ ၄၈ ကြိမ်ဖြစ်ပွားခဲ့ပြီး အဲဒီတိုက်ပွဲအတွင်း စစ်ကောင်စီဘက်က ၈၈ ဦး သေဆုံးခဲ့သလို…

မြဝတီ- ဝေါ်လေ ကားလမ်းတလျှောက် နှစ်ဖက်တိုက်ပွဲ ပိုမို ပြင်းထန်လာနိုင်

မြဝတီ ၊ သြဂုတ် (၄) စစ်ကောင်စီတပ်က နယ်မြေစိုးမိုးရေးအတွက် အင်အားသုံး ထိုးစစ်ဆင်လာတာကြောင့် ကရင်ပြည်နယ် မြဝတီ- ဝေါ်လေ ကားလမ်းတလျှောက် နှစ်ဖက်တိုက်ပွဲ ပိုမို ပြင်းထန်လာနိုင်တယ်လို့ ကော်ဘရာစစ်ကြောင်း ပြန်ကြားရေး တာဝန်ခံက သံလွင်တိုင်းမ်ကို ပြောပါတယ်။မြဝတီ-ဝေါ်လေ ကားလမ်းတစ်လျှောက်ကို ပြီးခဲ့တဲ့ ဇူလိုင် ၇ ရက်နေ့ကစပြီး စစ်ကောင်စီတပ်က နယ်မြေထိန်းချုပ် စိုးမိုးနိုင်ရေးအတွက် တပ်အင်အားအလုံးအရင်းနဲ့ ကျူးကျော်…

ဝင်းတာပန်စခန်းကို KNU လာပစ်ရင် ကျေးရွာထဲ လက်နက်ကြီး ပစ်ခတ်မယ်လို့ စစ်ကောင်စီ ခြိမ်းခြောက်

ဘီးလင်း ၊ သြဂုတ် (၄) မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ဝင်းတာပန်ကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီစခန်းကို KNU လက်အောက်ခံတပ်တွေ လာပစ်ရင် ကျေးရွာထဲ လက်နက်ကြီး ပစ်ခတ်မယ်လို့ စစ်ကောင်စီစခန်းမှူးက ခြိမ်းခြောက်လာတယ်လို့ KNU သထုံခရိုင်က သြဂုတ် ၃ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။ပြီးခဲ့တဲ့ သြဂုတ် ၁ ရက်နေ့မှာ စစ်ကောင်စီ ဝင်းတာပန်စခန်းမှူး မျိုးမြင့်ကျော်က ကျေးရွာ…

ရေးမြို့နယ် လဝကရုံး ပစ်ခတ်ခံရတာကြောင့် ၃ ဦး သေဆုံးပြီး ၁ ဦး ဒဏ်ရာပြင်းထန်

ရေး ၊ သြဂုတ် (၄) မွန်ပြည်နယ်၊ ရေးမြို့နယ်၊ ရန်မျိုးအောင်ရပ်ကွက်က မြို့နယ်လဝကရုံး ပစ်ခတ်ခံရတာကြောင့် ဒုမြို့နယ်လဝကမှူး အပါအဝင် ၃ ဦး သေဆုံးပြီး ၁ ဦး ပြင်းထန်ဒဏ်ရာရရှိခဲ့တယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။အဲဒီလဝကရုံးကို ဒီကနေ့ သြဂုတ် ၃ ရက်နေ့ နေ့လယ် ၁၂ နာရီလောက်မှာ ရေးဘီးလူအဖွဲ့က လာရောက် ပစ်ခတ်…

စစ်ကောင်စီလုံခြုံရေးတင်းကြပ်ထားတဲ့ ပွင့်ဖြူမှာ လုယက်မှုတွေဖြစ်နေပြီး ပြည်သူတွေစိုးရိမ်နေ ရ

ပွင့်ဖြူ – ဩဂုတ်(၃) မကွေးတိုင်း ပွင့်ဖြူမြို့နယ်မှာ လုယက်မှုတွေဆက်တိုက်ဖြစ်ပေါ်နေပြီး အသက်အန္တရာယ်ပါ စိုးရိမ်နေရတယ်လို့ ဒေသခံတွေက သံလွင်တိုင်မ်းကို ပြောပါတယ်။ ပွင့်ဖြူမြို့မယ်မှာ စစ်ကောင်စီက လုံခြုံရေးတင်းကြပ်ထားသလို ဒေသခံတွေကို အမြဲလိုလို စစ်ဆေးနေတာပါ။ ဇူလိုင်လ(၃၀) ရက်နေ့က ကျောင်းစုရွာနဲ့ ဇီးတောကျေးရွာကြားမှာ ဆိုင်ကယ်လုယက်ခံရပြီး ဩဂုတ်လ(၃) ရက်နေ့မှာလည်း မြို့ပေါ်မှာ ကြက်သားသည်လင်မယားရိုက်နှက်ပြီး ပစ္စည်း လုယက် ခံခဲ့ရတယ်လို့ သိရပါတယ်။…