August 2022

စစ်ကောင်စီရဲ့ ညထွက်မရအမိန့် သက်တမ်းထပ်တိုးမှုနဲ့ ပြည်သူ့ ဒုက္ခ

မော်လမြိုင် ၊ သြဂုတ် (၅) အရပ်သားအစိုးရကို ဖြုတ်ချပြီး နိုင်ငံတော် အာဏာသိမ်းယူခဲ့တဲ့ စစ်ကောင်စီဟာ ရပ်ရွာအေးချမ်း သာယာရေးနဲ့ တရားဥပဒေ စိုးမိုးရေးအတွက်ဆိုကာ ပုဒ်မ ၁၄၄ ကို တစ်လပြီး တစ်လ သက်တမ်း ထပ်တိုးလာတာ ဖြစ်ပါတယ်။စစ်ကောင်စီရဲ့ ပုဒ်မ ၁၄၄ ထုတ်ပြန်မှုထဲမှာတော့ ညမထွက်အမိန့် ကန့်သတ်ချက်ဟာ ပြည်သူအတွက် နေ့တဓူဝ သွားလာ လုပ်ကိုင်…

စစ်အာဏာသိမ်း ရက် (၅၅၀) အတွင်း သတ်ဖြတ်ခံရသူ ၂၁၅၇ ဦး အထိရှိလာ

မော်လမြိုင်၊ ဩဂုတ် ၅ AAPP ၏ ဩဂုတ်လ (၄) ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးတွင် စစ်အာဏာသိမ်းမှုကာလ ရက် (၅၅၀)အတွင်း ပြည်သူ (၂၁၅၇)ဦးအထိ အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရကြောင်း သိရသည်။ ဖမ်းဆီးခံရသူပေါင်း ၁၄၉၉၁ ဦးအထိ ရှိလာခဲ့ပြီး ဖြစ်သည်။ပြန်လည်လွတ်မြောက်လာသူ စုစုပေါင်း(၃၀၇၅) ဦး ရှိသည်။အာဏာသိမ်းစစ်အုပ်စု၏ အကြမ်းဖက်သတ်ဖြတ်မှုများတွင် ရန်ကုန်မြို့မှ ကျဆုံးသူအများဆုံးရှိခဲ့ပြီး မွန်ပြည်နယ်တွင်…

လမိုင်းက ပရဟိတ လူငယ် တစ်ဦး ပစ်သတ်ခံရမှု အမှန်တရားပေါ်ပေါက်ဖို့ လုပ်ဆောင်မည်

လမိုင်း ၊ သြဂုတ် (၅) မွန်ပြည်နယ်၊ရေးမြို့နယ်၊ လမိုင်းမြို့က ပရဟိတလူငယ်များအဖွဲ့ အသင်းသားတစ်ဦး သေနတ်နဲ့ ပစ်သတ်ခံရမှုအတွက် အမှန်တရားပေါ်ပေါက်ဖို့ လုပ်ဆောင်သွားမယ်လို့ အသင်း ဥက္ကဋ္ဌ ဦးဝင်းအောင်က သံလွင်တိုင်းမ်ကို ပြောပါတယ်။ပြီးခဲ့တဲ့ ဇူလိုင် ၃၁ ရက်နေ့ ည ၁၁ နာရီလောက်မှာ လူတစ်ယောက် လမိုင်းမြို့ ရဲစခန်းနားကို ချဉ်းကပ်လာလို့ သေနတ်နဲ့ ပစ်ခတ်ခဲ့ပြီး သေဆုံးသွားတဲ့အတွက်…

ကျိုက်ထိုမှာ အမျိုးသား ၂ ဦး ဆိုင်ကယ်အတူစီးရင် အရေးယူမယ်လို့ စစ်ကောင်စီ လိုက်လံကြေညာ

ကျိုက်ထို ၊ သြဂုတ် (၅) မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်အတွင်းမှာ အမျိုးသား ၂ ဦး ဆိုင်ကယ်အတူစီးနင်းရင် ဖမ်းဆီးအရေးယူမယ်လို့ စစ်ကောင်စီက ကြေညာနေကြောင်း ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ဒီကနေ့ သြဂုတ်လ ၄ ရက်နေ့မှာ စစ်ကောင်စီအုပ်ချုပ်ရေးအဖွဲ့တွေက အမျိုးသား ၂ ဦး ဆိုင်ကယ်အတူ စီနင်းတာတွေ မလုပ်ကြဖို့ ရပ်ကွက်ကျေးရွာတွေမှာ လိုက်လံကြေညာနေတာပါ။စစ်ကောင်စီရဲ့ ကြေညာချက်ထဲမှာတော့ အမျိုးသား…

KNU နဲ့ DKBA ပြန်လည်ပေါင်းစည်းရေး နှုတ်အားဖြင့် သဘောတူ

မြဝတီ ၊ သြဂုတ် (၅) ကရင်အမျိုးသားအစည်းအရုံး KNU နဲ့ ဒီမိုကရေစီအကျိုးပြုကရင့်တပ်မတော် DKBA တို့ နှစ်ဖွဲ့ကြား ပြန်လည်ပေါင်းစည်းရေးအတွက် နှုတ်အားဖြင့် သဘောတူခဲ့တယ်လို့ နှစ်ဖက်အဖွဲ့ခေါင်းဆောင်တွေရဲ့ တွေ့ဆုံဆွေးနွေးပွဲ သဘောတူညီချက်ကနေ သိရပါတယ်။KNU ဘက်က ကာကွယ်ရေးဌာနတာဝန်ခံ၊ အတွင်းရေးမှူးချုပ်၊ စစ်ဦးစီးချုပ် အပါအဝင် တာဝန်ရှိသူတွေနဲ့ DKBA ဘက်က စစ်ဦးစီးချုပ်၊ စစ်ထောက်ချုပ်စတဲ့ တာဝန်ရှိသူအချင်းချင်းတို့ဟာ ပြီးခဲ့တဲ့…

မွန်ပြည်နယ် ရဲရိပ်သာ ဗုံးခွဲတိုက်ခိုက်ခံရတာကြောင့် ၂ ဦးထက်မနည်း ဒဏ်ရာရ

မော်လမြိုင် ၊ ဩဂုတ်(၅) မွန်ပြည်နယ်၊ မော်လမြိုင်မြို့ တောင်ပေါ်တန်းလမ်းမှာရှိတဲ့ စစ်ကောင်စီ လက်အောက်ခံ ပြည်နယ် ရဲတပ်ဖွဲ့မှူးရုံး ရဲရိပ်သာဟာ သြဂုတ် ၄ ရက်နေ့ မနက် ၁၀ နာရီခွဲအချိန်လောက်မှာ ဗုံးခွဲတိုက်ခိုက်ခံခဲ့ရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ပြည်နယ်ရဲရိပ်သာ ဗုံးခွဲတိုက်ခိုက်ရတာကြောင့် စစ်ကောင်စီ လက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တချို့ ထိခိုက်ဒဏ်ရာရှိခဲ့ပြီး ဘယ်နှစ်ဦး ထိခိုက်ဒဏ်ရာရရှိခဲ့လဲဆိုတာ မသိရသေးပါဘူး။ဒေသခံတွေအဆိုအရ ပြည်နယ်ရဲရိပ်သာ…

ဒုဗိုလ်မှူးကြီး ခိုင်ပေါ်လင်းနဲ့ ကျောင်းသားတစ်ဦး လွတ်မြောက်ရေး ညှိနှိုင်းဆောင်ရွက်သွားမယ်လို့ ALP ပြော

စစ်တွေ ၊ ဩဂုတ်(၅) ရက္ခိုင့်တပ်တော် AA က ဖမ်းဆီးသွားတဲ့ ရခိုင်ပြည်လွတ်မြောက်ရေးပါတီ (ALP) ရဲ့ ဗဟိုအလုပ်မှုဆောင်ကော်မတီဝင် ဒုတိယဗိုလ်မှူးကြီး ခိုင်ပေါ်လင်းနဲ့ ကျောင်းသားတစ်ဦး လွတ်မြောက်ရေးအတွက် ညှိနှိုင်းဆောင်ရွက်သွားမယ်လို့ ALP တွဲဘက် အတွင်းရေးမှူး ခိုင်အောင်စိုးသန်းက သံလွင်တိုင်းမ်ကို ပြောပါတယ်။ပြီးခဲ့တဲ့ ဩဂုတ် ၂ ရက်နေ့က ရခိုင်ပြည်နယ်၊ စစ်တွေမြို့ နေအိမ်မှာ ရှိနေတဲ့ ဒုတိယဗိုလ်မှူးကြီး…

“လူထုတိုက်ပွဲကို အရှိန်မြှင့်တင်ကြ”

ယင်းမာပင် – ဩဂုတ်(၄) ဒီနေ့ ဩဂုတ်လ(၄) ရက်နေ့ ညနေပိုင်းက ချင်းတွင်းမြစ်အနောက်ဘက်ကမ်း သပိတ်ကော်မတီ ကဦးဆောင်ပြီး ရာသီသာပြောင်းစိတ်ဓာတ်မပြောင်းတဲ့ ၅/ ဆိုတဲ့ စာသားကိုင်ဆောင်ပြီး စစ်အာဏာရှင်ဆန့်ကျင်ရေး ဆန္ဒထုတ်ဖော်ခဲ့ကြပါတယ်။ ရာသီဥတုတွေဘယ်လောက်ပြောင်းပါစေ သွေးမအေးဘဲ နောက်မဆုတ်ဘဲ ဆက်လက်တော် လှန်နေဆဲ ဖြစ်တဲ့ ၅/ တွေဟာ တစ်နေ့ထက်တစ်နေ့ လူထုသပိတ်တိုက်ပွဲတွေတင်မကပဲ လက်နက် ကိုင်လမ်းစဉ်တွေနဲ့ စစ်အာဏာရှင်ကို အမြစ်ဖြတ်ချေမှုန်းနေကြပါတယ်လို့…

အောင်ဆန်းကွင်းက ကားဂိတ်ခွဲတွေနဲ့ လူမဲ့ ပါဆယ်ပို့ခွင့်ပါ စစ်ကောင်စီပိတ်ပင်

ရန်ကုန် – ဩဂုတ်(၄) ရန်ကုန်မြို့ မင်္ဂလာတောင်ညွှန်မြို့နယ် အောင်ဆန်းအားကစားကွင်းမှာ ဖွင့်လှစ်ထားတဲ့ အဝေးပြေး ယာဉ်လိုင်းဂိတ်ခွဲတွေကို ပိတ်ပင်လိုက်ပြီး လူမဲ့တန်ဆာပို့ဆောင်ခွင့်ကို စစ်ကောင်စီက ဒီနေ့ ဩဂုတ်လ(၄) ရက်နေ့မှာ စတင်ပိတ်ပင်လိုက်ပါတယ်။ အဲ့ဒီဂိတ်ခွဲတွေမှာ ကားလက်မှတ်ရောင်းချတာကို ဆက်လက်ခွင့်ပြုထားမှာဖြစ်ပေမယ့် ပါဆယ်ပို့ ချိန်တွေမှာ အောင်မင်္ဂလာအဝေးပြေးကားကွင်းကို သွားရောက်ပို့ဆောင်ရမှာပါ။ ‘’ စစ်အုပ်စုက တော်လှန်ရေးအတွက် စောက်ကျင့်ယုတ်တာပါပဲ ။ရောင်းဝယ် စားသောက်နေကြရတဲ့ အခြေခံလူထုအတွက်…