KNU ထိန်းချုပ်နယ်မြေမှာ စစ်ကောင်စီတပ်က အရပ်သားတွေကို ပစ်မှတ်ထား တိုက်ခိုက်လာတာကြောင့် စစ်ရှောင်ဦးရေ ပိုတိုးလာ
မြဝတီ ၊ သြဂုတ် (၆) ကရင်အမျိုးသားအစည်းအရုံး(KNU) ထိန်းချုပ်နယ်မြေတွေထဲမှာ စစ်ကောင်စီတပ်က လူ့အခွင့်အရေးချိုးဖောက်ပြီး အရပ်သားပြည်သူတွေအပေါ် ပစ်မှတ်ထား တိုက်ခိုက်မှုတွေ ပိုမိုလုပ်ဆောင်လာတာကြောင့် စစ်ဘေးရှောင်ဦးရေ ပိုတိုးလာတယ်လို့ ကရင်အရပ်ဘက်လူမှုအဖွဲ့အစည်းတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီတပ်နဲ့ စစ်ကောင်စီလက်အောက်ခံ နယ်ခြားစောင့်တပ် BGF တွေဟာ ကေအဲန်ယူထိန်းချုပ်နယ်မြေအတွင်းက ကျေးရွာတွေအပေါ် လေယာဉ်နဲ့ ဗုံးကြဲတာ၊ လက်နက်ကြီးနဲ့ပစ်ခတ်တာ၊ အရပ်သားတွေကို ဖမ်းဆီးပြီး သတ်ဖြတ်တာတွေကြောင့်…