August 2022

နွေဦးတော်လှန်ရေးနဲ့အတူ တိုင်းရင်းသားတွေပေါ်မှာ တင်ရှိနေတဲ့ အကြွေးတွေကို ပြန်ပေးဆပ်ရမယ် လို့ ဦးမင်းကိုနိုင်ပြော

မော်လမြိုင် – ဩဂုတ်(၉) တိုင်းရင်းသားတွေအပေါ်မှာ နှစ်ပေါင်းများစွာတင်ရှိနေတဲ့ အကြွေးကိုပြန်ပေးဆပ်တဲ့ အနေနဲ့ ဖက်ဒရယ် ကိုသဘောတူပေးရမှာဖြစ်တယ်လို့ (၈၈) မျိုးဆက် ကျောင်းသားခေါင်းဆောင် ဦးမင်းကိုနိုင်က ပြောပါတယ်။ ဩဂုတ်လ(၈) ရက်နေ့ က ပြုလုပ်ခဲ့တဲ့ (၃၄) နှစ်မြောက် ရှစ်လေးလုံး လူထုအရေးတော်ပုံ အောက်မေ့ ဖွယ်အခမ်းအနားနဲ့ စကားဝိုင်းဆွေးနွေးပွဲမှာ အခုလိုပြောဆိုခဲ့တာပါ။ “တိုင်းရင်းသားတွေအပေါ်မှာ နှစ်ပေါင်းများစွာတင်ရှိနေတဲ့ ကျွန်တော်တို့ရဲ့ အကြွေးကို…

မွန်ပြည်နယ်က မြို့နယ်တချို့မှာ စစ်ကောင်စီရဲ့ ဆိုင်ကယ်စီးနင်းခွင့် ကန့်သတ်ချက်ကြောင့် ဒေသခံတွေ အခက်ကြုံနေရ

မော်လမြိုင် ၊ သြဂုတ် (၉) မွန်ပြည်နယ်အတွင်းက မြို့နယ်တချို့မှာ စစ်ကောင်စီရဲ့ ဆိုင်ကယ်စီးနင်းခွင့် ကန့်သတ်ချက်ကြောင့် သွားရေးလာရေး အပြင် မိသားစု စားဝတ်ရေးအတွက်ပါ အခက်ကြုံနေရတယ်လို့ ဒေသခံတွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ စစ်ကောင်စီဟာ မွန်ပြည်နယ်အတွင်းက ကျိုက်ထို၊ ဘီးလင်းနဲ့ ရေးမြို့နယ်တွေမှာ အမျိုးသား (၂)ဦး အတူ ဆိုင်ကယ် စီးနင်းရင် တည်ဆဲ ဥပဒေတွေနဲ့ အရေးယူသွားတယ်လို့…

မွန်ပြည်နယ်မှာ စက်သုံးဆီ တစ်လီတာ ကျပ် ၂၀၀ ကျော် ထပ်မံမြင့်တက်လာ

မော်လမြိုင် ၊ သြဂုတ် (၉) မွန်ပြည်နယ်မှာ အခုရက်ပိုင်းအတွင်း စက်သုံးဆီ တစ်လီတာကို ကျပ် ၂၀၀ ကျော်ထိ ဈေးနှုန်းထပ်မံမြင့်တက်လာတယ်လို့ စက်သုံးဆီ ရောင်းဝယ်ရေးလုပ်ငန်းရှင်တွေက သံလွင်တိုင်းမ်ကို ပြောပါတယ်။ ပြီးခဲ့တဲ့ သြဂုတ် ၆ ရက်နေ့က တစ်လီတာ ကျပ် ၁၇၀၀ ကျော်သာ ရှိခဲ့တဲ့ ဓာတ်ဆီ ၉၅ ဟာ သြဂုတ် ၈…

စစ်အာဏာသိမ်း ရက် (၅၅၄) အတွင်း သတ်ဖြတ်ခံရသူ ၂၁၆၇ ဦး အထိရှိလာ

မော်လမြိုင်၊ ဩဂုတ် ၉ AAPP ၏ ဩဂုတ်လ (၈) ရက်နေ့အထိ ထုတ်ပြန်ချက်အရ မြန်မာနိုင်ငံတဝှမ်းလုံးတွင် စစ်အာဏာသိမ်းမှုကာလ ရက် (၅၅၄)အတွင်း ပြည်သူ (၂၁၆၇)ဦးအထိ အကြမ်းဖက် သတ်ဖြတ်ခံခဲ့ရကြောင်း သိရသည်။ ဖမ်းဆီးခံရသူပေါင်း ၁၅၀၆၄ ဦးအထိ ရှိလာခဲ့ပြီး ဖြစ်သည်။ ပြန်လည်လွတ်မြောက်လာသူ စုစုပေါင်း(၃၀၇၅) ဦး ရှိသည်။ အာဏာသိမ်းစစ်အုပ်စု၏ အကြမ်းဖက်သတ်ဖြတ်မှုများတွင် ရန်ကုန်မြို့မှ…

မုန်းမြို့နယ်မှာ စစ်ကောင်စီတပ်က အရပ်သားပြည်သူကို ပစ်မှတ်ထား ဖမ်းဆီး

ညောင်လေးပင် ၊ ဩဂုတ်(၉) ကရင်အမျိုးသားအစည်းအရုံး KNU ထိန်းချုပ်နယ်မြေ ညောင်လေးပင်ခရိုင်၊ မုန်းမြို့နယ်မှာ ပြီးခဲ့တဲ့ရက်ပိုင်းကစပြီး စစ်ကောင်စီတပ်က အရပ်သားပြည်သူကို ပစ်မှတ်ထား ဖမ်းဆီးလာပြီး ဖမ်းဆီးခံရတဲ့သူတွေထဲမှာ ကလေးသူငယ်တွေလည်း ပါဝင်နေတယ်လို့ ကေအဲန်ယူက ထုတ်ပြန်ပါတယ်။ ပြီးခဲ့တဲ့ ဩဂုတ် ၆ ရက်နေ့မှာ စစ်ကောင်စီတပ်ဟာ မုန်းမြို့နယ် တပ်ကုန်းကျေးရွာနေ ကလေး ၃ ဦးအပါအဝင် ဒေသခံ ၈…

တနင်္သာရီမှာ အာဏာသိမ်းတစ်နှစ်ခွဲကာလအတွင်း အရပ်သား ၂၀၀ ကျော် သေဆုံး

တနင်္သာရီ ၊ သြဂုတ် (၉) တနင်္သာရီတိုင်းဒေသကြီးထဲမှာ စစ်တပ် အာဏာသိမ်းတဲ့ တစ်နှစ်ခွဲကာလအတွင်း အရပ်သား ၂၀၀ ကျော် သေဆုံးထားပြီး ၉၀ နီးပါး ထိခိုက်ဒဏ်ရာရရှိထားတယ်လို့ သုတေသနအဖွဲ့ တစ်ခုဖြစ်တဲ့ Southern Monitor က သံလွင်တိုင်းမ်ကို ပြောပါတယ်။ သေဆုံးသူတွေထဲမှာ စစ်ကောင်စီတပ်နဲ့ လက်အောက်ခံ အဖွဲ့အစည်းတွေရဲ့ ဖမ်းဆီးပစ်ခတ်သတ်ဖြတ်ခံရသူတွေ ပါဝင်သလို စစ်ကောင်စီ သတင်းပေးအဖြစ်…