August 2022

မွန်တော်လှန်ရေးခေါင်းဆောင်တွေနဲ့ တိုင်းရင်းသားတွေရဲ့ ဆန္ဒဖြစ်တဲ့ လွတ်လပ်ပြီးသာတူညီမျှ တဲ့ ပြည်ထောင်စုကို တည်ဆောက်မယ်လို့ CRPH သဝဏ်လွှာပေးပို့

မော်လမြိုင် – ဩဂုတ်(၁၁) မွန်တော်လှန်ရေးခေါင်းဆောင်တွေနဲ့ တိုင်းရင်းသားတို့ရဲ့ ဆန္ဒဖြစ်တဲ့ စစ်မှန်သောငြိမ်းချမ်းရေး ကိုရယူပြီး လွတ်လပ်ပြီး သာတူညီမျှတဲ့ ပြည်ထောင်စုကြီးတည်ဆောက်နိုင်ရေး တိုင်းရင်းသား ညီနောင်တွေနဲ့ အတူတကွ လက်တွဲကြိုးပမ်းသွားမယ်လို့ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြု ကော်မတီ (CRPH) က ကတိပြု သဝဏ်လွှာပေးပို့ခဲ့ပါတယ်။ ဒီနေ့ ဩဂုတ်လ(၁၁) ရက်နေ့မှာ ကျရောက်တဲ့ (၇၅) နှစ်မြောက်မွန်တော်လှန်ရေး နေ့အတွက် ပေးပို့တဲ့ သဝဏ်လွှာမှာ…

စစ်အာဏာရှင်စနစ်နဲ့ မဟာလူမျိုးကြီးဝါဒ ဖယ်ရှားဖို့ အကောင်းဆုံးအချိန်ဖြစ်တယ်လို့ နိုင်ဟံသာ ပြောဆို

မော်လမြိုင် ၊ ဩဂုတ်(၁၁) မြန်မာနိုင်ငံမှာ လက်ရှိဖြစ်ပျက်နေတဲ့ အခြေအနေတွေဟာ စစ်အာဏာရှင်စနစ်နဲ့ မဟာလူမျိုးကြီး ဝါဒကို ဖယ်ရှားဖို့အပါအဝင် စစ်မှန်တဲ့ ဖက်ဒရယ်ပြည်ထောင်စု တည်ထောင်သွားဖို့ အကောင်း ဆုံးအချိန်ဖြစ်တယ်လို့ မွန်ပြည်သစ်ပါတီ (NMSP) ဥက္ကဌ နိုင်ဟံသာက ပြောဆိုလိုက်ပါတယ်။ ဒီနေ့ ဩဂုတ်လ(၁၁) ရက် ဝါခေါင်လပြည့်နေ့မှာ ကျရောက်တဲ့ (၇၅) နှစ်မြောက် မွန်တော်လှန်ရေး နေ့အထိမ်းအမှတ်အတွက် မွန်ပြည်သစ်ပါတီ(NMSP)…